Opp! Cloud!

Cloud ဆိုတာကလည်း နာမည်ကြီးနေတာ တော်တော်လည်းကြာလာပါပြီ။ Cloud နဲ့ပတ်သတ်ပြီး လူသုံးများတာကတော့ SAAS ပါပဲ။ နောက်ပြီး Amazone, Rackspace တို့လို cloud server တွေပေါ့။ Cloud ကိုလည်း ရုံးမှာ အဓိက သုံးဖြစ်ပါတယ်။ Github , Google Docs , Protoshare , Clarizen , စတာတွေကို သုံးနေပါတယ်။ SAAS က အခုနောက်ပိုင်း တော်တော်လေး အသုံးများလာသလို online ဈေးကွက်အသစ်လည်း ဖြစ်လာတယ်။ ကျွန်တော် လက်ရှိသုံးနေတာက Dropbox နဲ့ Evernote ပဲ။ free ရတာကြောင့်လည်း ပါတယ်။ သုံးရတာလည်း အဆင်ပြေတယ်။ သဘောအကျဆုံး အချက်က offline ရတာပဲ။ Github ကလည်း offline မလိုအပ်ပါဘူးလေ။ ဒါပေမယ့် Google Docs က offline ရရင် အဆင်ပြေတာပေါ့။ ဒါပေမယ့် သူက screen shoort တွေအတွက် အဆင်မပြေဘူး။ Google ကလည်း Gear ကို မသုံးတော့ပဲ နောက်ပိုင်း HTML 5 က offline cache ကို အသုံးပြုတော့မယ်လို့ ပြောတာပဲ။ ကျွန်တော် အခုတလော မျက်စိကျပြီး သုံးချင်နေတာက 37single က project တွေပဲ။ ROR နဲ့လည်း တဖြည်းဖြည်း opensource တွေ များလာပြီ။ Github ကို သဘောကျလို့ မနေ့ညက gitorious ကို စမ်းပြီး တင်သေးတယ်။ localhost မှာတော့ သိပ်အဆင်မပြေဘူးရယ်။ နည်းနည်းတော့ စမ်းကြည့်ရအုံးမယ်။ redmine လည်း စမ်းကြည့်ဖို့ စဉ်းစားထားတယ်။ အဲ.. cloud အကြောင်းပြောတာနဲ့ အခြားကိစ္စတွေ ရောက်ကုန်ပြီ။ SAAS အကြောင်းလေး ဆက်ရအောင်။

ကျွန်တော်တို့ SAAS ကို တကယ်လိုအပ်နေပြီလား။ မေးတာတောင် နောက်ကျနေပြီ ထင်တယ်။ အခု လက်ရှိ သုံးနေပြီလေ။ အလုပ်မှာ အမြဲတန်း ထိတွေ့ဆက်ဆံနေရတာပဲ။ ရုံးက Google App Authorize Seller ဖြစ်တာကြောင့် Google Doc ကို မဖြစ်မနေ သုံးခိုင်းတယ်။ ဒါကြောင့် အကုန်လုံး Google Doc ကနေပဲ အလုပ်လုပ်နေရတာပဲ။ SAAS ကို သုံးတာ ဘာတွေကောင်းတယ် မကောင်းတယ်ကတော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ လူတိုင်းလည်း ပြောနေကြတာပဲ။ ရန်ကုန် ပြန်ရောက်တော့ စဉ်းစားမိတာ တစ်ခုရှိတယ်။ ရန်ကုန်မှာကော SAAS မရှိဘူးလား ပေါ့။ ရုံးက အခုတော့ SAAS ကို အစပြိုးနေပြီလို့ ဆိုရမယ်။ နောက်ပိုင်း Amazone AWS ကို သုံးမယ်လို့ပြောတာပဲ။ ရန်ကုန်မှာကော ? မြန်မာတစ်နိုင်ငံလုံးနဲ့ မပြောသေးပါဘူး ရန်ကုန်မှာပဲ စဉ်းစားကြည့်ကြပါစို့။

SAAS ကို ခဏထားလိုက် Cloud ဆိုတာကို ရန်ကုန်မှာ သုံးဖို့ အဆင်သင့်ဖြစ်ပြီလား။ မဖြစ်သေးဘူးဗျ။ အဓိကတော့ Internet Speed ပဲ။ ရန်ကုန်မှာက offline ကို အဓိက အားကိုးနေရတယ်။ အခြားနိုင်ငံတွေမှာ SAAS တွေနဲ့ စီးပွားရေးတွေ စတင်နေတဲ့အချိန်မှာ ရန်ကုန်မှာကတော့ မစနိုင်သေးဘူး။ နောက်တချက်က စရိတ်များတာပဲ။ SAAS တွေက ရန်ကုန် အနေနဲ့ ကြည့်လိုက်မယ်ဆို ဝယ်သုံးရတာ စရိတ်များတယ်လို့ ထင်တယ်။ ကျွန်တော်တောင် စိတ်ကူးပေါက်ပြီး github account ကို upgrade လုပ်မိတော့မလို့။ VPS မဝယ်နိုင်တဲ့အတွက် git hosting မလုပ်နိုင်ဘူး။ git hosting လုပ်ဖို့ VPS ဝယ်မယ့်အစား github မှာ account upgrade လုပ်လိုက်တာ ပိုတန်တယ်။ ဒါက SAAS ကို သုံးရတာ တန်မတန် ကိစ္စပြောတာပါ။ ဒါပေမယ့် ကိုယ် သုံးတဲ့ private project အခု ၂၀ ကျော်လာပြီဆိုရင်တော့ VPS ဝယ်လိုက်တာက ပိုတန်တယ်။ ရန်ကုန်မှာက online က အများဆုံးမှ 1MB ။ နောက်ပြီး လူတိုင်း 1 MB မသုံးနိုင်ဘူး။ ဒါတွေကြောင့် SAAS က သိပ်အဆင်မပြေလှဘူး။ ရန်ကုန်အခြေစိုက် Company တွေအနေနဲ့ SAAS တစ်ခုကို invest လုပ်ရတာလည်း မတန်ဘူးလို့ ဆိုရမယ်။ ရန်ကုန်မှာ Server ထားပြီး ထိန်းသိမ်းစရိတ်က နည်းနည်းများတယ်လို့ ဆိုလို့ရမယ်။ နောက်ပြီး Amazone cloud hosting မျိုး ဝယ်ဖို့ကလည်း မတန်ဘူးလေ။

စဉ်းစားမိတာတစ်ခုကတော့ local SAAS ကော။ Intranet SAAS သဘောမျိုးပေါ့။ Intranet မှာပေးရင်တော့ ရနိုင်တယ်။ မြန်လည်း မြန်နိုင်တယ်။ Server စရိတ်ကတော့ သိပ်ကွာခြားလှမယ် မထင်ဘူး။ ဒါကြောင့် မဖြစ်နိုင်သေးဘူး။ SAAS ကို စတင်ဖို့က လူတိုင်း internet သုံးနိုင်မှ စီးပွားဖြစ်လိမ့်မယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေ အနေနဲ့ SAAS ကို စတင်နိုင်တယ်ဆိုတာက သူတို့ နိုင်ငံမှာ လူတိုင်း နီးပါး အင်တာနက် သုံးနိုင်တာကြောင့် ဆိုလို့ရလိမ့်မယ်။ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံ မှာကတော့ လက်ရှိအောင်မြင်နေတဲ့ SAAS ကို စိတ်ဝင်စားမှာ မဟုတ်သလို လိုက်လို့လည်း ရအုံးမှာမဟုတ်သေးဘူး။ Google Chrome OS ကို လုပ်မယ်တုန်းက စဉ်းစားမိသေးတယ်။ SAAS တွေ သုံးလာဖို့ တွန်းအားပေးလာသလားပေါ့။ အမှန်တိုင်းဆိုရရင် Linux တောင် မြန်မာနိုင်ငံအတွက် မသင့်တော်သေးဘူး။ ဘာလို့လည်းဆိုတော့ တကယ့် Linux ရဲ့ အရသာ။ Linux ရဲ့ စွမ်းအားကို Online speed ကောင်းကောင်းရှိတဲ့အခါမှာ ခံစားလို့ရလိမ့်မယ်။ အိမ်မှာတစ်ယောက်တည်း 512 KB လောက်သုံးနေရင်တော့ Linux သုံးရတာ အဆင်ပြေပေမယ့် လုံးဝ internet မရှိရင်တော့ Linux သုံးရတာ စိတ်ပျက်လိမ့်မယ်။

Cloud ထဲကို သွားဖို့ လိုအပ်တာကတော့ connection ကောင်းကောင်းပဲ။ မီးနဲ့ computer ကကော လို့ မေးလာရင် သူတို့က ဖန်တီးလို့ရသေးတယ်လို့ဆိုရလိမ့်မယ်။ connection ကောင်းဖို့အတွက် ကုန်စရိတ်က SAAS သုံးဖို့ထက် ပိုများနေတယ်။ ဆင်ဖိုးထက် ချွန်းဖိုးက များဆိုသလို ဖြစ်နေလိမ့်မယ်ဗျ။ ဘာပဲ ပြောပြော ရန်ကုန်လည်း တချိန်ချိန်မှာ SAAS ဈေးကွက်ထဲမှာ အောင်မြင်တဲ့ company တွေ မရှိလာဘူးလို့ပြောလို့မရဘူးလေ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.