Ornagai Android 2.1

Ornagai Android ကို Update လုပ်ပေးလိုက်ပါပြီ။ လက်ထဲမှာ ရှိတဲ့ Samsung Galaxy Tab 2 7.0 နဲ့ HTC OneX + မှာ အဆင်ပြေတာ နဲ့ တင်လိုက်တယ်။ Android 2.1 ကနေ Android 4.0 ကို မစမ်းဖြစ်လိုက်ဘူး။ Database မှာ table တစ်ခု ကျန်ခဲ့တာကြောင့် Play Store ပေါ်ကနေ Ornagai 2.0 ကို သွင်းတဲ့ သူတွေ အဆင်မပြေဖြစ်သွားတဲ့အတွက် ဦးစွာ ပထမ တောင်းပန်ပါတယ်။

နောက်ပြီးတော့ Frozen Keyboard အသစ်မှာ ဇော်ဂျီ typing ပြဿနာကို fixed လုပ်လိုက်ပါတယ်။ သို့ပေမယ့် search မှာက ရှာမတွေ့တော့ဘူး။ နောက်ပြီး Enter Key event အစား \n event ဝင်လာတဲ့ အတွက် အဲဒါကို ပြန်ပြင်ရတာကြောင့် မနေ့ညက ချက်ခြင်း fix မလုပ်ပေးလိုက်နိုင်ဘူး။

မောင်ပြုံး (@yelinaung) က မြန်မာစာ စာလုံး မပေါ်တာကို report လုပ်မှ English To Myanmar မှာ result အမှန် မပေါ်ဘူးဆိုတာကို သိလို့ ပြန်ပြင်ထားပေးပါတယ်။

Ornagai 2.0 မှာ

– မြန်မာ စာ ရှာလို့ရလာပါတယ်။

– Text To Speech ထည့်ထားပေးပါတယ်။

– Design ပြန်ပြင်ထားပါတယ်။

– Data တွေ update ပြန်လုပ်ထားပေးပါတယ်။

Ornagai 2.1 မှာတော့

– Android 2.1 ကနေ Android 4.0 အတွက် ပြန်ပြင်ပေးထားပါတယ်။

– မြန်မာစာ အမှန် ပေါ်အောင် ပြင်ထားပေးပါတယ်။

– Frozen keyboard အသစ်နဲ့ အလုပ်လုပ်အောင် ပြန်ပြင်ထားပေးပါတယ်

အခု Play Store မှာ download ချနိုင်ပါတယ်။ 2.1 ကတော့ နောက်ထပ် ၂ နာရီလောက် ကြာမှ Google Play Store cache ရှင်းပြီးမှ download ချလို့ရပါမယ်။

http://cl.ly/OHZr မှာ APK ကို download ချနိုင်ပါတယ်။ အဆင်မပြေတာကို ဒီ post မှာပဲ comment ရေးထားခဲ့ပါ။

4 Comments

  1. kp says:

    TTS is not correctly used. I hear in german TTS. I think you need to set as Default. to your TTS setting. example : setLanguage(Locale.US)???

    1. saturngod says:

      Thanks. Fixed and already uploaded on app store.

  2. Kaung Kyaw says:

    Bro, may i know what type of DB using for the app ? are you using sqlite or MySQL ?

    1. saturngod says:

      Using sqlite. MySQL need server side.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.