P For Pirate

အရင်တုန်းက Mac မှာ photoshop ကို မဖြစ်မနေ သုံးနေရတာကနေ အခု sketch နဲ့ pixelmator ကို ပြောင်းသုံးပြီးနောက်ပိုင်း mac app မှာ pirate app မသုံး ဖြစ်တော့ဘူး။ ဓာတ်ပုံတွေ အတွက် lightroom ကနေ aperture ကို free upgrade ရတာနဲ့ သုံးကြည့်ဖြစ်တယ်။ lightroom လောက် မသုံးတတ်တာ အမှန်ပဲ။ lightroom လောက် သဘောမကျဘူး။ ဒါကြောင့် pirate app သွင်းထားတာ ဆိုလို့ Light Room တစ်ခုပဲ ရှိတော့မယ်ဆိုရမယ်။ စာအုပ်ကတော့ kobo မှာ ဝယ်ချင်တဲ့ စာအုပ်တွေ့ရင်50% discount coupon ရတဲ့ အထိ စောင့်ပြီး ဝယ်ဖြစ်တယ်။ ၁ လ ကို ၁ ခုလောက်တော့ 50% discount coupon ကို kobo က ထွက်ပါတယ်။ retailmenot မှာ email subscribe လုပ်ပြီး စောင့်ကြည့်နေလို့ ရပါတယ်။

Mediahint addon လေးရပြီးတော့ hulu ကော netflix ကော ကြည့်လို့ရတဲ့ အတွက် Anime တွေကို hulu ကနေ ကြည့်ဖြစ်တယ်။ Attack on titan , One Piece , Naruto စတာတွေ အားလုံး hulu မှာ ရှိတယ်။ သို့ပေမယ့် ကြော်ငြာတွေတော့ ပါတာပေါ့။ ကြည့်နေရင်းနဲ့ ကြော်ငြာဝင်ဝင်သွားတာလေးတော့ သည်းခံ ရတာပေါ့။ ရုပ်ရှင်တွေကတော့ netflix က ကြည့်ဖြစ်တယ်။ netflix မှာ ဆိုးတာကတော့ နောက်ဆုံးထွက်တဲ့ ကားတွေ မရှိတာပဲ။ ဒါကြောင့် တစ်ခါတစ်လေ torrent တွေ သုံးနေရဆဲပဲ။ torrent မဆွဲချင်ရင်တော့ netflix မှာ ကားဟောင်းထဲက ကားကောင်းတွေ ရှာကြည့်ဖြစ်တယ်။ ရုပ်ရှင် ငှားကြည့်ရအောင်လည်း iTunes store မှာက netflix ထက် ဈေးများတယ်။ မတန်ဘူးလို့ ထင်တယ်။ ကျွန်တော်လို့ ၂ ရက် တကားလောက် ကြည့်တတ်တဲ့ သူ အနေနဲ့ iTunes store က မတန်လှဘူး။ နောက်ပြီး နောက်ဆုံး ထွက်တဲ့ ကားတွေက iTunes store , netflix ပေါ်မှာ မရှိပဲ torrent ပေါ်မှာတွေသာ ရှိတတ်တာ ဆိုးတာပဲ။

တစ်ခါတစ်လေ စဉ်းစားကြည့်မိတယ်။ ရုပ်ရှင်ကားတွေ pirate မဟုတ်ပဲ ကြည့်နိုင်ဖို့ ဈေးသက်သက်သာနဲ့ ကြည့်နိုင်ဖို့အတွက် internet လိုင်းကောင်းကောင်းလိုမယ်။ နောက်ပြီး payment system လိုမယ်။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား ဘဝက သုံးနေကျ စကားတောင် သတိရမိတယ်။ ကာလ ၊ ဒေသ ၊ ပယောဂ သုံးခု ရှိမှ အလုပ်တစ်ခု က ပြီးမြောက်တယ်ဆိုတာလေးပဲ။

ရုပ်ရှင်ကားကို အိမ်မှာ pirate မဟုတ်ပဲ ကြည့်ဖို့အတွက် ကြည့်ချင်တဲ့ ကားက netflix , hulu စတာတွေမှာ streaming ရတဲ့ ကာလ , video streaming ရဖို့အတွက် connection ကောင်းကောင်းရှိတဲ့ ဒေသ , connection လစဉ်ငွေပေးနိုင်တဲ့ ပယောဂ စတာတွေ ရှိမှ ကြည့်လို့ ဖြစ်တယ်ထင်တယ်။ ကြည့်ချင်တဲ့ ကားရှာ မတွေ့ရင်တော့ torrent မှာ ရှာပြီး download ချလိုက်မှပဲ ရတယ်။ ဒါမှမဟုတ်ရင် DVD ခွေ သွားဝယ်တာပဲ ဖြစ်ဖြစ်ပေါ့။ DVD , blue ray drive တွေက မသုံးတောင် ကြာပြီဆိုတော့ DVD ခွေတွေ ဝယ်တဲ့ ကိစ္စက ခေါင်းထဲမှာ မရှိတော့တာ အမှန်ပဲ။

torrent က ဆိုးတာက download ချနေရတာပဲ။ ရုပ်ရှင်ကားကြည့်ဖို့အတွက် ချက်ခြင်း ကြည့်မရပဲ download ကြိုချနေရတာပဲ။ ကြည့်ချင်တဲ့ ကားကို ကြိုရှာထားပြီးတော့ မကြည့်ခင်မှာ download ချထားရတယ်။ streaming မရတဲ့ အတွက် download ပြီးမှပဲ ကြည့်ဖြစ်တယ်။ 2 GB လောက် ရှိတဲ့ ကားဆိုရင် နာရီဝက်လောက် စောင့်ပြီးမှ ကြည့်ဖြစ်တယ်။ ဒါကြောင့် netflix , hulu တို့ကနေ online streaming ကြည့်ရတာ ပိုသဘောကျတယ်။

တဖြည်းဖြည်းနဲ့ pirate တွေ လျော့ချနိုင်လာပြီလို့ ဆိုရမှာပဲလေ။ iOS app တွေ pirate မရှိ။ Mac app ဆိုရင်လည်း light room ပဲ ရှိတော့တယ်။ ရုပ်ရှင် နဲ့ xbox ကတော့ pirate ဘဝ က မလွတ်ကင်းနဲ့ သေးတာ အမှန်ပဲ။ စာအုပ်ကတော့ netflix လိုမျိုး မလိုဘူး။ ၁ အုပ်ကို ၂ လ ၊ ၃ လ လောက် ဖတ်တတ်တဲ့ အတွက် ဖတ်ချင်တဲ့ စာအုပ်တွေ့မှသာ kobo ကနေ ဝယ်ဖတ်တယ်။

သက်သက်သာသာ နဲ့ လွယ်လွယ် ကူကူ ရတဲ့ အခါမှာ တဖြည်းဖြည်း pirate တွေ လျော့နည်းလာပါလိမ့်မယ်။ လိုချင်တဲ့ app လေးကို app store ပေါ်ကနေ download ချ သလိုမျိုးပေါ့။ iOS app တွေက ဈေးသက်သာပြီးတော့ download ချရတာလည်း လွယ်ကူတယ်။ ဒါကြောင့် pirate လုပ်စရာ အကြောင်း မရှိဘူးပေါ့။ Steve Jobs ရဲ့ iTunes Store စခဲ့တုန်းကလို album ၁ ချပ်လုံး ရောင်းမယ့် အစား ၁ ပုဒ်ကို 0.99 နဲ့ ရောင်းတာဟာ pirate လုပ်မယ့်သူတွေကို လျော့ကျစေသလိုပေါ့။

Pirate တွေကတော့ ရှိနေမှာပဲ။ Torrent တွေမှာတော့ လိုချင်တဲ့ အရာ တော်တော်များများကတော့ ရနေအုံးမှာပဲ။ ဒါပေမယ့် pirate တွေ လျော့နည်းလာအောင် ဈေးသက်သာပြီး တကယ်တန်အောင် ဖန်တီးပေးမယ့် ပတ်ဝန်းကျင်ရှိဖို့လိုတယ်။ netflix , hulu , itunes store , rdio , spotify စတာတွေမျိုးတွေက online ပေါ်က pirate တွေကို လျော့ကျစေတယ်။ ebook စာအုပ်တွေဆိုလည်း kobo , amazon , B&N လိုမျိုးတွေမှာ ဈေးသက်သက်သာနဲ့ ဝယ်လို့ရတယ်။ Internet connection နဲ့ online ငွေချေမှု စနစ်က pirate တွေကို လျော့နည်းသွားအောင် လုပ်ပေးတဲ့ နေရာတွေမှာ အများကြီး အကျိုးပြုပါတယ်။

2 Comments

  1. အရင်တုန်းကတော့ ဝယ်ကရောင်းမှန်း မသိခဲ့ဘူး။ အခုတော့
    ကိုယ့်ဟာကိုယ် ရှက်တတ်လာခဲ့တယ်။ Photoshop လိုမျိုး application
    တွေအပါအဝင် တစ်ချို့ကို ဒီနိုင်ငံကနေ မဝယ်နိုင်သေးသ၍ ကျွန်တော်ကတော့
    Pirate ကနေ လွတ်နိုင်အုံးမှာ မဟုတ်ဘူး။ ဒါပေမယ့်လည်း နောက်ပိုင်း game
    တွေတောင် MMOPRG တွေပဲ ဆော့ဖြစ်နေတော့ game ကတော့ ပြဿနာမရှိတော့ပါဘူး။
    တတ်နိုင်သမျှတော့ open source တွေဘက်ပဲ လှည့်ပြီး ကောင်းတာလေးတွေ
    ရွေးနေမိတယ်။ lol

  2. Calm Hill says:

    You should try Intensify. It’s not expensive and amazing for retouching. I use it to retouch my family’s old photos. :D

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.