Solid State Drives (SSD) Upgrade

လက်ရှိ Mac Book ကို 2011 ကို ဝယ်ထားတဲ့ MacBook Pro (13-inch, Early 2011) ပါ။ Computer တစ်ခါဖွင့်ထားပြီးရင် ဒီအတိုင်းထားပြီးတော့ ကော်ဖီဖျော်ပြီး ပြန်လာတာတောင် boot တက်တာ မပြီးသေးဘူး။
boot တက်ပြီးရင် copy app sync လုပ်တာ ထပ်စောင့်ရသေးတယ်။ boot တက်ပြီးတော့ OS မြင်နေရပေမယ့် စက်က တော်တော်နှေးနေသေးတယ်။ ကွန်ပြူတာ တစ်ခါ ဖွင့်ဖို့ ၂ မိနစ်ကနေ ၅ မိနစ်ကြာတတ်တယ်။
အခု SSD ပြောင်းလိုက်တော့ ၁၂ စက္ကန့်ပဲ ကြာတော့တယ်။ အခုဖွင့်ပြီး ၁၂ စက္ကန့်ကြာရင် desktop မြင်ရပြီ။ ချက်ခြင်းသုံးလို့ရတယ်။ copy app ကလည်း ချက်ခြင်း တက်လာပြီး sync လုပ်တယ်။ ဘာမှ စောင့်စရာ မလိုတော့ဘူး။

SSD မဝယ်ခင် ဈေးသက်သာပြီး ဘယ်ဟာ မြန်လဲ ဆိုတာကို ရှာဖြစ်တယ်။ လက်ရှိ အကောင်းဆုံးကတော့ Samsung's 840 PRO လို့ ရေးထားတာတွေ ဖတ်ရတယ်။ ဒါပေမယ့် smasung က ဈေးများတယ် ။
128 GB ကို SGD 190 , 256 GB ကို SGD 282 လောက်ပေးရတယ်။ site တော်တော်များများမှာ MacBook Pro (13-inch, Early 2011) ကို SSD upgrade လုပ်တာ Crucial M500 ကို upgrade လုပ်ကြတယ်။
Crucial M500 က 128 GB ကို SGD 130 နဲ့ 240 GB ကို SGD 215 ပဲ ပေးရတယ်။ Samsung's 840 PRO ထက်စာရင် တော်တော်လေးကို သက်သာတယ်။ Crucial က M550 ကို အသစ်ထုတ်ထားတယ်။
သူကတော့ 128 GB ကို SGD 145 နဲ့ 256 GB ကို SGD 240 ပေးရတယ်။ 840 PRO လောက် မများပေမယ့် M500 ထက်တော့ ဈေးသက်သာတယ်။ M500 နဲ့ M550 က ဈေးအများကြီး မကွာဘူး။ ဒါပေမယ့် Speed ကတော့ အနည်းငယ်ကွာသွားတယ်။ M 550 က Read 550MB/s နဲ့ Write ကို 350MB/s ~ 500MB/s ရှိတယ်။ M500 ကတော့ Read 500MB/s နဲ့ Write ကို 130MB/s ~ 400MB/s ရှိတယ်။

ဈေးလည်း မများပြီး Speed လည်း မဆိုးလှတဲ့ 550 , 128 GB ကို ပဲ ဝယ်ပြီး ပြောင်းလိုက်တယ်။ SSD ပြောင်းပြီးနောက်ပိုင်း သိသိသာသာ မြန်သွားတယ်။ Boot က ၁၂ စက္ကန့်နဲ့ အသံလည်း လုံးဝ မထွက်တော့ဘူး။ Computer အသစ်နည်းပါး အတိုင်းဖြစ်သွားတယ်။ SSD ပြောင်းတော့မယ်ဆိုရင် မပြောင်းခင်မှာ Mac OS X Mavericks ကို download ချပြီးတော့ USB installer ဖန်တီး ဖို့လိုတယ်။

USB installer ဖန်တီးဖို့ အနည်းဆုံး 8GB thumb drive လိုတယ်။ ပြီးရင် Mac OS Extended (Journaled) နဲ့ thumb drive ကို format ချ။ Terminal မှာ

sudo /Applications/Install\ OS\ X\ Mavericks.app/Contents/Resources/createinstallmedia –volume /Volumes/Untitled –applicationpath /Applications/Install\ OS\ X\ Mavericks.app –nointeraction

ဆိုပြီး bootable usb thumb drive အရင်ဆုံး ဖန်တီးဖို့လိုတယ်။ အသေးစိတ်ကို ဒီမှာ ဖတ်လို့ရတယ်။

နောက်တချက်က SSD ဟာ Mac OS Extended (Journaled) format ချဖို့လိုတယ်။ USB နဲ့ boot တက်ပြီးရင် Disk Utilites ထဲဝင်။ SSD ကို Mac OS Extended (Journaled) format ချဖို့ မမေ့ပါနဲ့။
ကျွန်တော့်တုန်းက install သွင်းဖို့ HD ရှာမတွေ့ဘူး ဆိုပြီး SSD များ မှားတတ်မိသလား ဆိုပြီး စဉ်းစားမိသေးတယ်။ ပြီးမှ format ချဖို့ လိုတာ ဖြစ်မယ်ဆိုရင် reboot လက်။ Disk Utilites ထဲဝင်။ SSD ကို Mac OS Extended (Journaled) format ချလိုက်မှ install သွင်းမယ့် Drive ကို ပြပေးတော့တယ်။

2011 က ဝယ်ထားတဲ့ Mac Book ဆိုရင်တော့ အသစ်လည်း မပြောင်းနိုင်သေးဘူး နှေးလည်း နှေးနေတယ်ဆိုရင် 16 GB memory နဲ့ SSD ပြောင်းလိုက်ပါ။ တော်တော်လေးကို မြန်သွားပါလိမ့်မယ်။ 4 GB နဲ့တုန်းက Xcode က သုံးရတာ အဆင်မပြေဘူး။ အခု လက်ရှိတော့ 8 GB သုံးနေတယ်။ နောက်နှစ် ရောက်မှ 16 GB ပြောင်းမယ်လို့ စဉ်းစားနေတယ်။ အခုထက်ထိတော့ 8GB Memory နဲ့ 128 GB SSD က အတော်လေးကို အဆင်ပြေတယ်။
သွင်းချင်တာတွေ အကုန်သွင်းပြီးတော့ ဆက်ထဲမှာ 80 GB လောက် ကျန်သေးတယ်။ Data တွေ အားလုံးကို အရင် hard disk အဟောင်းကို enclosure တပ်ပြီး USB နဲ့ သုံးတယ်။ Aperture က library ကို external HDD ထဲမှာပဲ ထည့်ပြီး သုံးထားတယ်။ 128 GB နဲ့ ကျွန်တော့် အတွက်တော့ လုံလောက်ပါတယ်။

4 Comments

  1. phyo says:

    SSD Drive ကို ပြောင်းမယ်ဆိုရင် တခြားဘာတွေထပ်ပြီး ဝယ်ရသေးလဲ?
    ဥပမာ cable, casing စသည်ဖြင့်ပေါ့။ ဒါမမဟုတ် SSD Drive ကို ဝယ်ပြီး လဲတပ်လိုက်ယုံပဲလား?

    1. saturngod says:

      လက်ရှိ သုံးနေတဲ့ Harddisk က SATA ဆိုရင် ဘာမှ မလိုဘူး။ SSD drive ပြောင်းတပ်လိုက်ရုံပဲ။

  2. Speaknut says:

    First, I want to apologize for my rudeness. I want to ask a question but I don’t know who should I ask. I tried to make burmese subtitle by myself on my mac pro retina and I used Zawgyi one font. But, whenever I typed in a subtitle software called Aegisub, I can type it but I can’t see properly. So, may I know if you have any method to see zawgyi font on that software. My OS is Lion OSX. Thank you.

    1. saturngod says:

      You need to change font to see properly. http://docs.aegisub.org/manual/Styles

      for UI , you should change fall back http://blog.saturngod.net/nothing/mmfontfallback-mac-app

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.