Some new information about MMWebFonts

mmwebfonts ကို ၂၀၁၂ ဖေဖော်ဝါရီကနေ စခဲ့တာ အခုဆိုရင် ၂ နှစ်ကျော်နေပါပြီ။ အခု mmwebfonts ကို openshift ကနေ digitalocean ကိုပြောင်းထားလိုက်ပါတယ်။ DigitalOcan စင်္ကာပူ server ကို အသုံးပြုထားတာကြောင့် အာရှဘက်ကနေ အသုံးပြုသူတွေအနေနဲ့ အရင်ကထက် ပိုမြန်လာပါလိမ့်မယ်။ နောက်ပြီးတော့ css နဲ့ font files တွေကို browser cache ၂ ရက် ထားထားပါတယ်။ ဒါကြောင့် တစ်ခါ css ကို load ခေါ်ပြီးတိုင်း နောက်တကြိမ်ဆိုရင် browser cache ကနေ ပဲ အသုံးပြုပါလိမ့်မယ်။ ပြီးခဲ့တဲ့ ၂ ရက်က သုံးစွဲသူ အရေအတွက်ကို သိလိုတာကြောင့် tracking ထည့်ထားပါတယ်။

mmwebfont ဟာ တနေ့ကို request ပြောင်း ၃ သောင်းဝန်းကျင် ရှိပါတယ်။ mmwebfont ကို သုံးစွဲတဲ့ website ပေါင်း ၄၈၂ ခု ရှိပါတယ်။ Unicode ကို အသုံးပြုထားတဲ့ website ပေါင်း ၂၈၄ ခု ရှိပါတယ်။ request အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းဟာ zawgyi font ကို request လုပ်ကြတာပါ။ တနည်းပြောရင် zawgyi font ကို သုံးစွဲတဲ့ website တွေက လူပိုဝင်များတယ်။ ၂၁ ရာခိုင်နှုန်းကတော့ မြန်မာ ၃ font ကို request လုပ်ကြတာပါ။

mmwebfonts ကို အသုံးပြုသူ အနေနဲ့ ဇော်ဂျီ font embed ကို အသုံးပြုရင် android အတွက် svg css ကို အသုံးပြုပြီးတော့ တခြား browser တွေအတွက် ttf ၊ ie 6,7,8,9 စတာတွေအတွက် eot font ကို အသုံးပြုပါတယ်။ ဒါကြောင့် browser တွေပေါ်မှာ မူတည်ပြီး font တွေ ထည့်ထားရခြင်း font type တွေ ပြောင်းရခြင်းတွေ မရှိအောင် ဖန်တီးထားပေးပါတယ်။ mmwebfonts ကို အသုံးပြုဖို့အတွက် CSS တစ်ကြောင်းတည်း ထည့်လိုက်ရုံပါပဲ။ ပြီးရင် font family ကို လက်ရှိ အတိုင်း အသုံးပြုနေရုံပါပဲ။ ယွန်းချို ကို အသုံးပြုသူတွေအနေနဲ့ font ဟာ အခု အချိန်ထိ mac အတွက် support မလုပ်သေးတာကြောင့်mac မှာ ဆိုရင် မွန် ၃ နဲ့ ပြပေးပြီးတော့ windows , linux စတာတွေမှာတော့ ယွန်းချို နဲ့ ပြပေးပါတယ်။

unicode အသုံးပြုသူတွေ အနေနဲ့ ကိုယ့် website မှာ unicode သုံးလိုက်လို့ font မမြင်ရမှာ ပူစရာမလိုပါဘူး။ mmwebfonts css ကို ကိုယ်သုံးနေတဲ့ font family အတွက် CSS ကို ထည့်သွင်းလိုက်ရင်ရပါပြီ။ Android 4.4 မတိုင်ခင် အတွက်တော့ အလုပ်မလုပ်ပါဘူး။ Android 4.4 မှာ အလုပ်လုပ်ပြီးတော့ iOS 5.0 နှင့် နောက်ပိုင်းအတွက် unicode font embed က အလုပ်လုပ်ပါတယ်။ ဒါကြောင့် unicode ကို website မှာ အသုံးပြုထားလည်း mobile နဲ့ ကြည့်ရင် မြင်ရပါလိမ့်မယ်။

3 Comments

  1. Kyaw Kyaw Htun says:

    Bro! How can I add this Web font in blogspot ?

  2. စမ်းသပ်ခြင်း ဖြစ်သသည်

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.