This is call PAC

Pubic Access Center ဖွင့်လှစ်သူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ

၁။ လာရောက်အသုံးပြုသူများ၏ နိုင်ငံသားစီစစ်ရေးကဒ်ပြားအား ကြည့်ရှုစစ်ဆေး၍ အမည် ၊ မှတ်ပုံတင်အမှတ် ၊ (Pasport Number) ၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပတ် စသည်တို့ကို မှတ်ပုံတင်ထားရှိရမည်။

၂။ လာရောက်သုံးစွဲသူများ၏ သုံးစွဲမှုမှတ်တမ်း (Date/Time/Screenshot/URLs) အား (၂)ပတ် တစ်ကြိမ် Myanmar-Info-Tech သို့ CD ဖြင့်ရေးသားပေးပို့ရမည်။

၃။ အလားတူ မိမိတို့ထံတွင်လည်း Back-up အားသိမ်းဆည်းထားရှိရမည်။

၄။ Screen Shot များကို (၅)မိနစ် တစ်ကြိမ် ရယူထားရမည်။

၅။ မော်နီတာများအား အများမြင်သာသည့်ဘက်သို့ မျက်နှာမူထားရှိရမည်။

၆။ မြန်မာနိုင်ငံအတွင်း တရားဝင်အသုံးပြလျက်ရှိသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆောင်ရွက်ပေးထားသော email များနှင့် Mail4U များကိုသာ သုံးစွဲခွင့်ရှိသည်ဟု ဖော်ပြထားရမည်။

၇။ Tunnelling Website/Software များအား သုံးစွဲခွင့်မရှိကြောင်း ဖော်ပြထားရမည်။

၈။ Cyber Cimes (Hacking, Virus Distribution,Port Scanning and etc.) ၊ မြန်မာ့ ယဉ်ကျေးမှုနှင့် မဆီလျော်သော ကိစ္စများဆောင်ရွက်ခြင်းတို့အား တားမြစ်ကြောင်း ရေးသားဖော်ပြထားရမည်။

၉။ နိုင်ငံရေးနှင့် ပတ်သက်သော Website များအားကြည့်ရှုခွင့် မပြုရ။

၁၀။ PAC အတွင်း ( Online/Offline ) လောင်းကစား အမျိုးမျိုးအား ပြုလုပ်ခွင့်မပြုရ။

၁၁။ PAC အတွင်း အရက်သေစာနှင့် မူးယစ်စေသော ဆေးဝါးနှင့် ပစ္စည်းများ သုံးစွဲရောင်းချခွင့်မပြု။

၁၂။ PAC အတွင်း Speaker သုံးစွဲခွင့်မပြု / Headphone များကိုသာ အသုံးပြုရမည်။

၁၃။ PAC အတွင်း Computer များ၏ Floppy Drive, CD Drive, USB Port များအား သုံးစွဲခွင့်မပြုရ။

၁၄။ Internet မှ Download ပြုလုပ်ရရှိလိုပါက ဆိုင်တွင် မှတ်ပုံတင်၍ ရေးကူးပေးရမည်။

၁၅။ PAC အား ည (၁၁) နာရီထက် ကျော်လွန်၍ ဖွင့်လှစ်ခွင့်မပြု။

၁၆။ မီးဘေး ကာကွယ်မှု အတွက် ကြိုတင် စီစဉ်ထားရမည်။

၁၇။ PAC များတွင် ချမှတ်ထားသော စည်းကမ်းများကို ချိုးဖောက်သည့် User များတွေ့ရှိခဲ့လျှင် Myanmar Info-Tech သို့ချက်ခြင်း အကြောင်းကြားရမည်။

၁၈။ ဆက်သွယ်ရေး ၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ၁၀-၇-၂၀၀၂ ခုနှစ်ရက်စွဲဖြင့် ထုတ်ပြန်ထားသော Wide Area Network အသုံးပြုကွန်ပျုတာကွန်ရက်ထူထောင်ခြင်း၊ ဝန်ဆောင်မှုပေးခြင်းနှင့် သတင်းဆိုင်ရာ နည်းပညာ အသုံးပြုခြင်းတို့နှင့် စပ်လျဉ်းသည့် အမိန့် ကြော်ငြာစာအမှတ် (၃/၂၀၀၃)အား လိုက်နာဆောင်ရွက်ရမည်။

၁၉။ အခါအားလျော်စွာ Myanmar Info-Tech မှထုတ်ပြန်ထားသော အမိန့် နှင့် ညွှန်ကြားချက်ကျများအားလိုက်နာဆောင်ရွက်ရမည်။

မေးမြန်းကြည့်သောအခါ PAC အတွက်ပေးသော ဝန်ဆောင်မှု

၁ လ ကြိမ် မြို့နယ် အသီးသီးနှင့် PAC member များအား PAC register စာရင်းပေးအပ်သည်။ မိမိလမ်းထဲ ရပ်ကွက်ထဲရှိ PAC မဟုတ်သော Cyber Cafe အား PAC member က ရဲသို့တိုင်ကြားက ဆိုင်ကို ဖမ်းဆီးခိုင်းနိုင်သည်။ မြို့နယ်အတွင်းရှိ ရဲကလည်း PAC မဟုတ်သော ဆိုင်အား ဖန်ဆီးခွင့်ရှိသည်။

PAC လုပ်လျှင် ဘာရမလဲ လို့မေးကြည့်သောအခါ

ဆိုင်းဘုတ်တစ်ခုနှင့် register လုပ်ထားသော စာရွက် တစ်ရွက်ရရှိမည်။

နှစ်စဉ်ကြေး ၅ သိန်း
လစဉ်ကြေး ၅သောင်း

၆လစာ ကြိုသွင်းရမည်
စစခြင်း ၈ သိန်းသွင်းရသည်။

3 Comments

  1. Fenix Linn says:

    ဟာ ဘယ်လိုကြီးတုန်းဟ စည်းကမ်းချက်တွေကများလိုက်တာ ဒီလိုစည်းကမ်းချက်မျိုး တခါမှကို မတွေ့ဘူးသေးဘူးရော အသစ်အဆန်းတွေပါဂလား အဲ့လိုဆိုမှတော့ အင်တာနက်သုံးတာ ကွန်ပျူတာသုံးတာ ဘယ်လိုလုံခြုံမှု့ရှိတော့မှာလဲဗျ စိတ်ပျက်စရာကြီးပဲဗျာ သူတို့ဟာကြီးက ပေါ်တင်ဗျောင်ခိုးတဲ့သူခိုးကြီးကျနေတာပဲ လုံချင်လို့ ခြုံထဲဝင်ကာမှ ခြုံနဲ့ညှိပြီး ဖင်ပါပေါ်ရတဲ့အဖြစ်မျိုးဖြစ်နေအုံးမယ် ကန်တော့ပါဗျာ စကားရိုင်းသွားရင်တောင်းပန်ပါတယ်

  2. Kowintwi Twi says:

    သေပစရာ………..-ါ်(း

  3. wine says:

    ဒေါင်းလုပ် လုပ်တာတောင်
    “ဒေါင်းလုပ် လုပ်ချင်လို့ ခွင့်ပြုပါ” လို့တောင်းပြီ
    “ဆက်လုပ်” ဆိုမှ လုပ်ရမယ် ထင်တယ်

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.