Variable in Node.js Callback

Node.js ကို အသုံးပြုတော့မယ့်ဆိုရင် variable ကြေငြာခြင်းက အရမ်းကို အရေးပါပါတယ်။ Node.js က javascript နဲ့ မတူတာတွေက OOP ကို ပိုင်နိုင်ရမယ်။ javascript မှာလို varaible တွေကို အများကြီး သုံးလို့ရပေမယ့် ကြေငြာပြီးတော့ သုံးသင့်တယ်။ ဥပမာ ကြည့်ရအောင်

အဲဒီ code ကို ကြည့်လိုက်ရင် အဖြေက

0
1
2

10

1
1
2

10



10
1
2

10

ဆိုပြီး ထွက်သင့်တယ် မဟုတ်လား။ သို့ပေမယ့် အပေါ်က loop မှာ 0 ကနေ 10 ထိ မပတ်သွားပါဘူး။ တကယ် ထွက်လာမယ့် ရလဒ်က

0
1
2

10

ဆိုပြီး ရပ်သွားပါလေရော။ ဒါဆိုရင် ဘာကြောင့် ဒီလို ဖြစ်ရတာလဲဆိုတာကို ကြည့်လိုက်တော့ loop ပတ်ထားတဲ့ အခါမှာ i varaible ကို မကြေငြာခဲ့ဘူး။ ဒါကြောင့် နောက်တစ်ခေါက် callback ထဲမှာ i က 11 ဖြစ်နေတဲ့ အတွက် မဝင်တော့ဘူး။ အမှန်တိုင်းရေးသင့်တာက အောက်ကလို ပါ။

ဒါလေးများ သိတာပေါ့ကွာ ဆိုပြီး ပြောလို့ရပေမယ့် ဒီ အချက်က အရမ်း အရေးပါပါတယ်။ ဘယ်အချိန်မှာလည်းဆိုတော့ database query တွေ သုံးတဲ့ အခါမှာ client ကို object ထဲမှာ မတည်ဆောက်ပဲ အပြင်မှာ တည်ဆောက်တဲ့ အခါမှာ ပြဿနာတွေ စတင်ပြီး တွေ့လာပါလေရော။

တနည်းပြောရင် OOP နဲ့ node.js ကို သုံးတဲ့ အခါမှာ ဘယ်နေရာ ဘယ်အချိန်မှာ variable တွေကို သေချာကြေငြာ ထားသင့်တယ်ဆိုတာကို သတိထားသင့်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.