စာရေးဆရာ မင်းဆွေကို ဓား ဝတ္ထုနဲ့ တွဲပြီးတော့ မှတ်မိကျပါလိမ့်မယ်။ သွေး ဝတ္ထုကို သိပေမယ့် ရန်ကုန်ရောက်တုန်း စာအုပ်ဆိုင်မှာ မတွေ့ဖြစ်တော့ မဝယ်ဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ အခေါက်က လူကြုံ ရှိတာနဲ့ သွေးစာအုပ်ကို ရခဲ့တယ်။
စာရေးဆရာ အရေးအသားက ဓားအတိုင်းပဲ ကောင်းပေမယ့် ဇာတ်လမ်းကတော့ ကောင်းလှတယ် မဟုတ်ဘူး။ လူပျိုကြီး တစ်ယောက် အသဲကွဲပုံကို ဖွဲ့နွဲ့ထားပြီးတော့ ကြားထဲမှာ မျိုးချစ်စိတ်ဓာတ် ထက်သန်ရေးလေးတွေ ညှပ်ညှပ်ထည့်ပြီးတော့ ရေးထားပါတယ်။
သမာရိုးကျ ပေါ့ပေါ့ပါးပါး ဖတ်ဖို့လောက်သာ အဆင်ပြေပါတယ်။ ဓားနဲ့ ယှဉ်ရင် အရမ်းကောင်းလှတဲ့ ဝတ္ထုမဟုတ်ပေမယ့် အရေးအသား ကောင်းလို့ တစ်အုပ်လုံး ဖတ်လို့ ပြီးသွားတယ်။ ဇာတ်လမ်းက ထွေထွေထူးထူး မရှိသလို ဖတ်ပြီးတော့ ဖတ်ပြီးသွားတယ် ဆိုတာလောက်ပဲ ခံစားရပါတယ်။
ကျနော် နားလည်တာ တစ်ခါသေဖူး ပြင်ဖို့နားမလည်တဲ့ လူတစ်ယောက်အကြောင်းရယ် မအူမလည်နဲ့ ရှုပ်သွားတဲ့မိန်းမအကြောင်းရယ် ချစ်ခြင်းမေတ္တာဆိုတာ ဘာဆိုလဲ ဆိုတာ ကျနော့်ကို ဖွင့်ပြ သွားတဲ့စာအုပ်တအုပ်ပဲ