12 Inch Macbook Early 2015

Mac Book 2015 ကို ထွက်ထွက်ခြင်းကတည်း က pre order လုပ်ခဲ့တယ်။ သို့ပေမယ့် DHL ရဲ့ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျမှုကြောင့် March လ ၆ ရက်နေ့ ရောက်လာမယ့် ပစ္စည်းက ၉ ရက်နေ့မှ ရောက်တယ်။ ၈ ရက်နေ့လာပို့မယ် ဆိုပြီး ရုံးဆင်းခါနီးမှာ ၅ နာရီမှာ DHL ကို ဖုန်းဆက်တော့ ၆ နာရီ ခွဲရောက်မယ်လို့ဆိုတာနဲ့ စောင့်နေပေမယ့် ၆ နာရီခွဲကျော်တဲ့ အဓိ မရောက်လာဘူး။ ဒါနဲ့ ဖုန်းပြန်ဆက်တော့ ပို့တဲ့ကားက ပြန်သွားပြီ တနင်္လာနဲ့ မှ လာတော့မယ်ဆိုတော့ DHL ကို အိမ်လာပို့ ခိုင်းတော့မှ စနေနေ့ ၉ နာရီ လာပို့တော့တယ်။ Apple က ဘာလို့ DHL ကို သုံးနေလဲတော့ မသိပေမယ့် iPad တုန်းကလည်း ရောက်မယ့် ရက်နောက်ကျတာ ဖြစ်ပြီးပြီ။ စင်္ကာပူမှာ DHL ကနေ ပစ္စည်းပို့လိုက်တုန်းက ရောက်မယ့် ရက်ထက် ပိုပြီး အမြဲနောက်ကျတာ အမှန်ပဲ။

Weight

img1

Mac Book က ထင်ထားတဲ့အတွက် တော်တော်ပေါ့တယ်။ Air ၁၁ လက်မ နဲ့ ယှဉ်လိုက်ရင် computer အရွယ်က အတူတူပဲ။ သို့ပေမယ့် Mac Book က ၁၂ လက်မ screen ရတယ်။ Air ထက်စာရင်တော့ CPU နှေးတာပေါ့။

img2

လက်ရှိ 13 လက်မှ နဲ့ ယှဉ်ရင် အတော်ကို ပေါ့တာ။ 12 လက်မ ကို လက်တစ်ဖက်တည်းနဲ့ သယ်တာများလို့ 13 လက်မကို တစ်ခါတစ်လေ လက်တစ်ဖက်တည်းနဲ့ သယ်လိုက်ရင် တော်တော်လေးတယ်လို့ ခံစားရတယ်။

img4

img5

img6

Development

Xcode နဲ့ Android Studio ၂ ခုလုံး ဖွင့်ပြီး အလုပ်လုပ်ရင် အတော့်ကို နှေးတာကို တွေ့ရတယ်။ iPhone ကို Debug လုပ်ဖွင့်ထားပြီး Android Studio က နေ တခြား project လုပ်ရင် သိသိသာသာ လေးသွားတယ်။ Mac Book Pro 2012 15" inch model က ရုံးမှာ သုံးပါတယ်။ သို့ပေမယ့် အဲဒီလို အခြေအနေမှာ လက်ရှိ mac book ထက် ပိုပြီး အဆင်ပြေတာကို တွေ့ရတယ်။ Mac Book က development အတွက် powerful မဖြစ်တာ အမှန်ပဲ။ Xcode တစ်ခုတည်း ဒါမှမဟုတ် Android Studio တစ်ခုတည်းဆိုရင်တော့ အတော့်ကို အဆင်ပြေပါတယ်။

Yosemite , SSD , Bluetoth

အိမ်မှာ လက်ရှိ သုံးနေတဲ့ Mac Book Pro Early 2011 ထက်စာရင်တော့ အများကြီး အဆင်ပြေတာ အမှန်ပဲ။ Yosemite က စပြီးတော့ Thrid Party SSD တွေမှာ ပြဿနာ စတက်တယ်။ Yosemite မသွင်းခင်တုန်းက SSD နဲ့ Mac Book Pro Early 2011 က ကောင်းကောင်း အလုပ်လုပ်ပေမယ့် Yosemite က စပြီးတော့ hang တာ ခဏခဏ ဖြစ်တယ်။ နောက်ပြီး Bluetooth က ပြဿနာ အရမ်းများတယ်။ Magic Mouse တောင် ကောင်းကောင်း သုံးမရလို့ ရိုးရိုး USB mouse ပြောင်းသုံးရတယ်။

Yosemite နဲ့ လက်ရှိ Mac Book 12 inch 2015 မှာတော့ ဘာ ပြဿနာ မှ မရှိသလို Bluetooth က ကောင်းမွန်စွာ အလုပ်လုပ်တယ်။ Magic Mouse , Bluetooth Speaker စတာတွေ အကုန် အရင်အတိုင်း အလုပ်ကောင်းကောင်းလုပ်တယ်။

512 GB , 256 GB SSD ၂ မျိုး ရှိတယ်။ Hard Disk ကတော့ မြန်တယ်။ Boot တက်လာတာလည်း မြန်တယ်။ Hard Disk က ဘာပြဿနာမှ မရှိဘူး။ Space နည်းနေတာနဲ့ 256 ကနေ 512 ကို တင်ရင် ဈေးက ၁၀၀ ကျော်လောက် များတယ်။

Keyboard

keyboard

အဓိက ပြဿနာက Keyboard ပဲ။ လုံးဝ ကို ရိုက်ရတာ အဆင်မပြေဘူး။

Mac Book Pro 2015 keyboard က code ရေးရတာ အတော့်ကို လက်ပေါက်ကပ်တဲ့ keyboard လို့ ဆိုရမယ်။

ပုံမှန် အားပါးတရ ရိုက်နေပေမယ့် အခု Mac Book မှာ စာရိုက်နေတာ ရိုက်နေတယ်လို့ မခံစားရတာ များတယ်။ Touch Screen က keyboard လို အရသာ နီးပါး ဖြစ်သွားတယ်လို့ ခံစားရတယ်။ ကျွန်တော်ကတော့ keyboard အသစ်ကို မကြိုက်တာ အမှန်ပါ။

Wirless Everywhere

ဒါက Marketin အတွက် အတော့်ကို သုံးလို့ ကောင်းပေမယ့် လက်တွေ့မှာတော့ အဆင်မပြေဘူး ပြောရမှာပဲ။ USB C ကနေ USBC + USB 3 + HDMI Adapter က S$118 ပေးရတယ်။ USB C ကနေ USB 3 ကို ပြောင်းတာကတော့ S$28 ပေးရတယ်။ S$118 ပေးမယ့် အစား Hub တစ်ခုဝယ်တာ ပိုတန်တယ်လို့ ထင်တယ်။ အခုတလော Hub က ၂ ခု ရှိတယ်။ Hydra Dock နဲ့ Hub+ ပါ။ Hydra Dock ကတော့ June လ ကုန်လောက်ဆိုရင် ဝယ်လို့ ရမယ်ထင်တယ။် Hub+ ကတော့ July လ ကုန်လောက်မှ ဝယ်လို့ ရလိမ့်မယ်။

img3

လက်ရှိအတွက်က အဆင်ပြေချင်ရင်တော့ WD Wireless Portable Hard Disk ကို အသုံးပြုလို့ရမယ်။ 1 TB ကို S$269 လောက် ကျမယ်။ ဒါမှမဟုတ် အိမ်မှာ အတွက်ဆိုရင်တော့ NAS သုံးလို့ရတယ်။ S$200 ကျော်ကျော်လောက်တော့ ကျမယ်။

iPhone က iTunes ကို wireless sync လုပ်လို့ ရတယ်။ သို့ပေမယ့် Development အတွက်ကတော့ wireless မရဘူး။ USB stick ကနေ ကူးဖို့ဆိုရင်တော့ Adapter လိုနေတုန်းပဲ။ Presentation ပြမယ်ဆိုရင်လည်း ပြဿနာက အမှန်ပဲ။ TV နဲ့ join မယ်ဆိုရင်တော့ အခုလက်ရှိ Apple TV ဝယ်လိုက်တာ ပိုပြီး သက်သာပါလိမ့်မယ်။ ဒါမှမဟုတ် အသစ်ထွက်တော့မယ် Apple TV ကို ခဏလောက်စောင့်လိုက်ပါ။

USB C တစ်ပေါက်တည်းပါတာ အဆင်မပြေပါဘူး။ နောက်ပိုင်း Hydra Dock သို့မဟုတ် Hub+ ရသွားရင်တော့ အဆင်ပြေသွားပါလိမ့်မယ်။

ခြုံငုံပြောရရင်တော့ 12" Mac Book 2015 က powerful မဖြစ်ပေမယ့် သုံးပျော်ပြီးတော့ Portable ဖြစ်တဲ့ laptop တစ်ခုပါ။ လွယ်အိပ်ထဲမှာ ထည့်သယ်သွားရင်တောင် iPad လောက်ပဲ ရှိတော့ Mac Book Pro တွေ ထက် စာရင် အများကြီးပေါ့ပါးပါတယ်။ ရုံးသွား ရုံးပြန် laptop ယူနေကြ လူတွေ အတွက် အရမ်းအဆင်ပြေပါလိမ့်မယ်။ ဒါပေမယ့် အခု လက်ရှိမှာတေ့ USB Hub တွေ ဝယ်မရသေးတာကြောင့် Adapter ဖိုးတာ့ ပိုကုန်ပါလိမ့်မယ်။ iOS Development , Android Development တွေ အတွက်လည်း အဆင်ပြေတဲ့ laptop တစ်ခုပါ။ တခြား review တွေ အရ Windows 8.1 သို့မဟုတ် Windows 10 မှာ ဆိုရင်တော့ Yosemite မှာ ထက် ပိုပြီး powerful ဖြစ်တဲ့ laptop လို့ ဆိုထားတဲ့အတွက Windows တင်သုံးမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။

4 Comments

  1. ego says:

    Windows ကနေ mac ပြောင်းသုံးသုံးချင်း macbook လေး ဝယ်လိုက်တယ်။ ပထမဆုံး သိသာက Window လို မလေးဘူး။ တော်တော်အဆင်ပြေပါတယ်။ ခက်တာက Application ဒေါင်းတဲ့ ပြဿနာပဲ။ ဝယ်မယ်ဆိုတော့ ခက်ခဲတုန်းပဲ။ :(

    1. saturngod says:

      master, visa မရှိဘူးဆိုရင်တော့ Torrent ကနေပဲ software တွေကို download လုပ်လို့ရလိမ့်မယ်။ appaddict.org မှာတော့ အချို့ mac app တွေကို ရနိုင်ပါတယ်။

  2. Kyaw Kyaw says:

    မင်္ဂလာပါခင်ဗျာ …
    ကျနော် Mac မှာ win-family fonts တွေရိုက်တဲ့အခါမှာ alt+ နဲ.တွဲနှိပ်ရတဲ့ ပါဌ်ဆင့်တွေ ရိုက်လို.မရဘူးခင်ဗျ … ဘယ်ပို.စ်မှာ မေးရမလဲ မသိတာနဲ. ဒီမှာပဲ တင်လိုက်ပါတယ်။ ကျေးဇူးပြု၍ ပြန်လည်ဖြေကြားပေးကြပါ ခင်ဗျာ

    1. saturngod says:

      win အတွက် alt နဲ့ တွဲသည့် keyboard က မရှိဘူး ခင်ဗျ။ ကျွန်တော်ကတော့ ဇော်ဂျီ နဲ့ရိုက်ပြီး ဝင်းပြန်ပြောင်းလိုက်တာပဲ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.