Elon Musk: Tesla, SpaceX, and the Quest for a Fantastic Future

ပြီးခဲ့တဲ့ လ က Orchard က Kinokuniya ကို ရောက်တုန်းက အရောင်းရဆုံး စာအုပ်တွေထဲမှာ Elon Musk စာအုပ်တွေ့တာနဲ့ ဝယ်ဖြစ်ခဲ့တယ်။ Elon Musk ကို လွန်ခဲ့တဲ့ ၅ နှစ်လောက်က သူငယ်ချင်း တစ်ယောက် သူ့ interview youtube video link ပို့တာကနေ သူ့ကို စသိခဲ့တာ။ အဲဒီ video ကနေ တဆင့် Space X , Tesla နောက်ပြီး PayPal founder တစ်ယောက်ဆိုတာကို တဖြည်းဖြည်း သိလာခဲ့တယ်။ နောက်ပိုင်း Tesla က ကား မိတ်ဆက်ပွဲတွေ ကြည့်ဖြစ်ရင်း Elon Musk ဟာ ကား လောက ရဲ့ Steve Jobs လို့တောင် ဆိုလို့ရတယ်။ သို့ပေမယ့် သူ့ အကြောင်းကို သေသေချာချာ မသိသလို သူ့အကြောင်း ရေးထားတဲ့ စာအုပ်တွေ မရှိတာကြောင့် စာအုပ်ကို တွေ့တွေ့ခြင်း ဝယ်လိုက်တယ်။

Elon Musk

စာအုပ်က Elon Musk ရဲ့ အဖေ နဲ့ အမေ ဘဝ ကနေ စပြီး သူ့ ငယ်ဘဝ အကြောင်းကို ဖော်ပြထားပါတယ်။ Paypal , Space X စတာတွေ ဖြစ်လာဖို့ အကြောင်း အရာတွေထဲမှာ သူ့ ငယ်ဘဝက တွေးတောထားတဲ့ အကြံဉာဏ်တွေ အတွေ့အကြုံတွေ ကြောင့် ဆိုတာကို မြင်သာ အောင် ရေးထားပါတယ်။ တောင်အာဖရိက မြို့ Pretoria မှာ ကြီးပြင်းခဲ့ပြီးတော့ အသက် ၁၂ နှစ် အရွယ်မှာ BASIC Programming language ကို အသုံးပြုပြီး Game စရေးခဲ့ပါတယ်။ အသက် ၁၈ နှစ် ပြည့်ခါနီးမှာ Canada ကို ပြောင်းရွေ့ ခဲ့ပါတယ်။ Canadian မှာ မွေးခဲ့တဲ့ သူ့ အမေကြောင့် သူဟာ Canadian နိုင်ငံသား အဖြစ်ခံယူ ခွင့်ရခဲ့တယ်။ အသက် ၂၁ မှာ US မှာ ကျောင်းဆက်တက်ပြီးတော့ 1995 မှာ Zip 2 ကို စခဲ့ပါတယ်။

Zip 2 နောက်ပိုင်းမှာ X.com , Paypal ။ ပြီးတော့ Space X , Tesla Motors, SolarCity စတာတွေကို လုပ်ခဲ့သည့် အကြောင်းကို စာအုပ်ထဲမှာ ရေးပြထားတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Paypal အခုလို အခြေအနေထိ ဖြစ်လာတာ လွယ်လွယ်ကူကူ မဟုတ်ခဲ့သလို Space X, Tesla တို့ကလည်း အတော်လေးကို ရုန်းကန် ခဲ့ရပါတယ်။ Tesla ဆိုရင် bankrupt ဖြစ်ပြီးတော့ Google ကို ရောင်းဖို့ ကြိုးစားခဲ့တဲ့ အထိတောင် ဖြစ်ခဲ့တယ်ဆိုတာ စာအုပ်ဖတ်ရင်းနဲ့မှပဲ ကျွန်တော် သိတော့တယ်။ Tesla ရဲ့ အဓိက က ကားဆိုတာထက် battery technology ပါ။ Battery အပိုင်းကို သူတို့တွေ ကားအတွက် အများကြီး လုပ်ခဲ့ရတယ်ဆိုတာကို ရေးပြထားပါတယ်။ ကားလောက မှာ hybrid လုပ်နေချိန်မှာ Tesla က battery only အနေနဲ့ ထုတ်လုပ်ခဲ့တာ လွယ်ကူလှတာတော့ မဟုတ်ဘူး။ တချိန်တုန်းက အကုန်လုံးကလည်း Tesla ကို အရှုံးပေါ်တော့မယ်လို့ ရေးသားခဲ့ပေမယ့် အခု အချိန်မှာတော့ နာမည်ကြီး brand တစ်ခု အနေနဲ့ ရပ်တည်နိုင်နေပါပြီ။ Tesla ကားနဲ့ အခြားကားတွေရဲ့ ကွာခြားချက် Musk ရဲ့ idea စတာတွေကို စာအုပ်မှာ ပါဝင်ပါတယ်။

စာအုပ်တစ်အုပ်လုံးကတော့ Musk ရဲ့ idea နဲ့ သူ့ စီးပွားရေး အကြောင်းတွေကို အဓိက ရေးသားထားပါတယ်။ သူ့ မိသားစု အကြောင်း သူ့ အဖေ အမေ အကြောင်းကိုတော့ အနည်းငယ်သား ပါရှိပါတယ်။

Elon Musk အကြောင်း သိချင်တယ် Space X , Tesla Motors တို့ စခဲ့သည့် အကြောင်း သိချရင်တော့ မဖြစ်မနေ ဖတ်သင့်သည့် စာအုပ်ကောင်း တစ်အုပ်ပါ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.