Build success gradle sync failed

ဒီနေ့ Android Studio မှာ build လုံးဝ လုပ်မရပဲ Gradle Sync မှာ fail အမြဲဖြစ်နေတယ်။ Error လည်း မရှိဘူး။ နောက်ဆုံး အောက်မှာ ရေးထားသည့် အတိုင်း လုပ်လိုက်တာ အဆင်ပြေသွားတယ်။ File > Invalidate Cache/Restart Invalide and Restart Manually close the Android Studio Open Again Gradle Sync again နောက်တစ်ခါ ဖြစ်ရင် လွယ်လွယ် ရှာလို့ရအောင် blog မှာ ရေးရင်း လာမှတ်ထားပါသည်။More

Rewrite Ornagai with Flutter

Android ကို kotlin နဲ့ မရေးဖြစ်တာ တော်တော်ကြာသွားပြီ။ Ornagai ကိုလည်း update မလုပ်ဖြစ်ဘူး။ အခု flutter ကို လေ့လာမှ Ornagai ကို ပြန်ပြီး ရေးဖြစ်တယ်။ Flutter နဲ့ ရေးရတာ တော်တော်လေးအဆင်ပြေတယ်။ အထူးသဖြင့် widget တွေကို ပြန်ပြန်သုံးလို့ရတာ နောက်ပြီး stateful ဖြစ်တာတွေက အရင်က ရေးရသည့် ပုံစံ နဲ့ မတူဘူး။ Flutter ကို စလေ့လာကာစက development time ကြာမယ် ထင်ပေမယ့် တကယ်လုပ်ကြည့်တော့ ပုံမှန် Kotlin နဲ့ ရေးတာထက် ပိုပြီး မြန်တယ်။ နောက်တချက်က package တွေက တော်တော်များများ ready ဖြစ်နေပြီ။​ webview…More

Zawgyi Decode Profile

အခြားသူတွေက ဇော်ဂျီ decode iOS profile ရှိလား မေးနေကျလို့ တင်ပေးလိုက်ပါတယ်။ ပုံမှန်အားဖြင့် အခုက စပြီး unicode ကို သုံးစေချင်တယ်။ unicode လည်း သုံးမယ် အရင်က ဇော်ဂျီလည်း ဖတ်လို့ ရစေချင်ရင်တော့ Zawgyi Decode ကို သုံးလို့ရပါတယ်။ Android မှာ ပါသည့် Noto Sans Zaw Decode ကို ထည့်ထားပါတယ်။ https://jmp.sh/v/6Peo50qATUrCGF0PyfZiMore

Zawgyi Decode in Android Q ?

ဒီနေ့ Win Mobile က ကိုစိုးနောင်ဝင်း ပြောလို့ Android Q ကို Emulator စမ်းကြည့်ဖြစ်တယ်။ Android Q မှာ ဇော်ဂျီတွေ မြင်နေရတယ် လို့ ဆိုပါတယ်။ Emulator နဲ့ စမ်းကြည့်တော့ 90% လောက် က ဖတ်လို့ရတယ်။ GBoard ကို အသုံးပြုပြီး ဇော်ဂျီ နဲ့ ရေးလို့လည်း ရတယ်။ Zawgyi Decode လိုမျိုး font အသစ်တစ်မျိုး ကို မြန်မာ အတွက် စ စမ်းထားတယ်လို့ ထင်တယ်။ Android Q မှာတော့ language မှာ မြန်မာလို့ ထားလို့ရပြီ။ လက်ရှိ က Samsung သုံးနေတာ ဆိုတော့…More

Note 9

iPhone ကို ပုံမှန် သုံးနေပေမယ့် နိုဝင်ဘာလက စပြီးတော့ Note 9 ကို စသုံးဖြစ်တယ်။ စသုံးကာစကတော့ iOS လောက် သဘောမကျဘူး။ နောက်ပြီးတော့ သုံးနေကျ အတိုင်း mac နဲ့ sync မဖြစ်ဘူး။ နောက်ပြီးတော့ Android အတွက် support ဖြစ်သည့် App တွေပြောင်းသုံးရတယ်။ After Using အခု ၃ လ လောက်သုံးပြီးတော့ နေသားကျလာပါပြီ။ သဘောကျတာကတော့ ကင်မရာပဲ။ မြင်ကွင်း ပိုကျယ်ပြီး သုံးခဲ့သည့် iPhone ထက်သဘောကျတယ်။ နောက်တချက်က battery power saving mode နဲ့ ဆို တော်တော် ခံတယ်။ 4% လောက်ကျန်တော့တာကို ၈ နာရီလောက်…More

Reasons for not to buy poco f1

Poco F1 က နာမည်ကြီးနေတာနဲ့ win mobile မှာ ရောက်ရောက်ခြင်းပဲ ဝယ်ဖြစ်တယ်။ Performace နှင့် battery ကတော့ ပြောစရာ မရှိဘူး။ သုံးရတာ နှေးသွားတာ ဟန်းသွားတာ မရှိဘူး။ MIUI ကို poco f1 အတွက် ပြန်ပြင်ထားပေးသည့် အတွက် အဆင်ပြေတယ်။ Launcher ကိုတော့ အတော်သဘောကျတယ်။ MIUI ထက် အများကြီး ပေါ့တယ်။ မကြိုက်သည့် အချက်တွေ ကတော့ ရှိတယ်။ Plastic Body Body က ပလပ်စတစ် ဖြစ်နေသည့် အတွက် ခပ်ပေါပေါ လို ထင်မိတယ်။ A2 တောင် အလူမီနီယံ နဲ့ ဆိုတော့ F1 က ဈေးလျော့လို့ ရအောင် ဝိတ်လျော့ထားတယ်လို့ ထင်တယ်။ NO OLED (or AMOLED)…More

Ornagai Android v2.4.1

အခု Version အသစ် မှာ Instant Search ပါလာပါပြီ။ Keyboard ပေါ်က Search button ကို နှိပ်စရာ မလိုပဲ စာရိုက်တာနဲ့ တစ်ခါတည်း ရှာပေးပါတယ်။ Default အနေနဲ့ turn off လုပ်ထားပါတယ်။ Setting ထဲမှာ Instant Search Check box ကို on ပေးဖို့ လိုပါတယ်။ တချို့ memory နိမ့်တဲ့ device တွေ အတွက် အဆင်ပြေအောင် default off လုပ်ထားတာပါ။ စက်မြင့်တွေ အတွက်ကတော့ Instant Search က မြန်မြန်ဆန်ဆန် ပြပေးနိုင်ပါလိမ့်မယ်။ နောက်ပြီးတော့ search လုပ်တဲ့ အခါ ရှာမတွေ့ပေမယ့် data…More

Yangon Map Updated – Offline Search

Yangon Map Offline (android) version ကို ထပ်ပြီးတော့ update လုပ်ထားပါတယ်။ အခု version မှာတော့ offline search ကိုပါ ထည့်သွင်းထားပါတယ်။ နောက်ပြီး နေ့စဉ် search database ကို update လုပ်နိုင်ပါတယ်။ Search Database က 7 MB လောက် ရှိပါတယ်။ နေ့တိုင်း size က map ကို update လုပ်ရင်း တိုးတိုးသွားပါလိမ့်မယ်။ ဒါကြောင့် တစ်လ တစ်ခါ ဒါမှမဟုတ် တစ်ပတ် တစ်ခါ update လုပ်ရင် လုံလောက်မယ်လို့ ထင်ပါတယ်။ Search လုပ်တဲ့ အခါမှာတော့ မြို့နယ်တွေ မပါဝင်သေးတော့ ဘယ်မြို့နယ်က လမ်း…More