Burglish Textpad

ကျွန်တော် ကိုယ်တိုင်က မြန်မာစာကို မြန်မာလိုရိုက်ရတာပဲ သဘောကျပါတယ်..ဒါပေမယ့် ကိုယ့်သဘောကျအတိုင်း လုပ်နေလို့လည်းမဖြစ်ဘူးလေ…ငါ ဒီလိုရိုက်လို့ မင်းတို့လည်း ဒီလိုပဲ ရိုက်သင့်တယ်လို့ တရားသေပြောလို့မရဘူး..လူဆိုတာတစ်ယောက်တစ်မျိုးရှိကြမြဲပဲ… burglish ရိုက်တဲ့လူတွေကလည်း burglish ရိုက်မှာပဲ..ဒါပေမယ့် burglish ရိုက်ပေမယ့် မြန်မာစာကို မမေ့စေချင်ဘူး..ဒါကြောင့် burglish texpad လေးကို စမ်းကြည့်စေချင်တယ်…မဆိုးဘူးဗျ.. မိုက်တာတော့ မိုက်တယ်..နောက်ပြီး ဝိဇ္ဖာဆိုရှိသေးတယ်…အဲဒါက windows မှာတောင် သုံးလို့ရတယ်..သေးလည်းသေးတယ်.. သုံးရတာလည်း ပေါ့တယ်..စမ်းချင်တဲ့ burglish သမားတွေ စမ်းကြည့်ကြပေါ့… အဆင်ပြေမယ်ဆို web ပေါ်မှာ burglish တွေထက်စာရင် မြန်မာစာလေး တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ.. http://burglish.googlecode.com/svn/trunk/desktop/bgl_textpad/bgl_textpad.exehttp://waitzar.googlecode.com/files/WaitZar_WIP_1.3.zip  More

Burlglish သမားများအားတက်ဖွယ်ရာ

mmgeeks ရဲ့ လုပ်ဆောက်ချက်လေးပါ.. http://code.google.com/p/burglish/ အခု notepad++ မှာ ရိုက်လို့ရနေပြီ… စမ်းကြည့်လိုက်ဗျာ. ကျွန်တော်လည်း အခုမှ စမ်းမှာ…More

Burglish WebText Editor

စမ်းကြည့်လိုက်တော့ တော်တော်လေး သဘောကျသွားတယ်.. မဆိုးဘူးဗျ… စမ်းကြည့်ပါလား.. burglish သမားတွေ အနေနဲ့ မြန်မာလို မရိုက်တတ်ဘူး.. ဒါပေမယ့် မြန်မာစာတော့ မပျောက်သင့်ဘူးလို့ ထင်တယ်.. burglish လိုရိုက်ပေမယ့် စာလုံးကတော့ မြန်မာစာလုံးပဲ ဖြစ်သင့်တယ်လို့ ထင်ပါတယ်.. ကျွန်တော် စမ်းကြည့်တော့ တော်တော်လေးကို မိုက်တယ်.. တကယ်တော်တယ်ဗျာ… ရေးထားတာကတော့ AJAX တွေနဲ့ လန်ထွက်နေတာပဲ. မြန်လည်း မြန်တယ်နော်.. တော်တော်မိုက်တယ်.. သဘောတော့ တော်တော်ကျမိတယ်.. Web Text Editor မှာလည်း ထည့်သွင်းဖို့ ကြိုးစားနေပါတယ်.. http://burglish.googlepages.com/testarea.htmMore