Preparing Ornagai For iOS 9

iOS 9 မကြာခင်ထွက်တော့မှာ ဖြစ်တာကြောင့် ornagai ကို iOS 9 အတွက် ပြန်ပြင်ဖို့ လုပ်ကြည့်တယ်။ လက်ရှိ Ornagai code က အတော်လေးကို ကြာနေပြီဖြစ်တာကြောင့်ရယ် နောက်ပြီးတော့ Swift 2 ကို စမ်းကြည့်ချင်တာကြောင့် Swift 2 နဲ့ အစကနေ ပြန်ရေးကြည့်တယ်။ Swift နဲ့ ပြန်ရေးတဲ့ အခါမှာ Xcode 7 မှာ အတော်လေးကို အဆင်ပြေလာတာကို တွေ့ရတယ်။ Xcode 6 ကတော့ Swift နဲ့ သိပ်အဆင်မပြေလှဘူး။ Project က ကြီးလာလေလေ ပြဿနာက များလေလေပဲ။ Syntax Highligting တွေ ပျောက်တာ နောက်ပြီးတော့ Build လုပ်ရင်…More

What new in Swift 2

WWDC 2015 မှာ swift 2 ကို Xcode 7 နှင့် အတူ မိတ်ဆက်ခဲ့ပါတယ်။ Swift 2 မှာ Swift 1.2 ကို အဆင့်မြှင့်တင်ထားပြီးတော့ keyword အသစ်တွေပါလာပါတယ်။ try/catch iOS developer တွေ အနေနဲ့ try catch ကို သိပ်ပြီး ရင်းနှီးမှုမရှိလှဘူး။ Objective-C မှာလည်း try/catch မရှိတဲ့အတွက်ကြောင့် error handling အတွက် try/catch ကို မသုံးဖြစ်ခဲ့ပါဘူး။ သို့ပေမယ့် Java/C# သမားတွေ အနေနဲ့ try/catch က ထူးဆန်းတဲ့ အရာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကိုယ်ပိုင် Error exception တွေကို Swift…More

No Need Zawgyi Force in iOS 8.3 (Works Everywhere Now)

ဒီနေ့ စာလုံး keyboard မှာ unicode force ထည့်မလို့ ဆိုပြီး unicode font သွင်းပြီး google ကို သုံးကြည့်တာ force လုပ်စရာ မလိုပဲ မြန်မာစာတွေ ပေါ်နေတာကို တွေ့တယ်။ တစ်ခုခုများ မှားနေသလား ဆိုပြီးတော့ Font ကို ဖျက်။ ဇော်ဂျီ ပြန်သွင်းတော့လည်း ဇော်ဂျီတွေ ပေါ် နေတာကိုတွေ့ရပါတယ်။ iOS 8.3 သွင်းထားတဲ့သူများ အနေနဲ့ Font profile ကို download ချပြီး သွင်းထားတယ်ဆိုရင် Safari browser မှာ စမ်းကြည့်နိုင်ပါတယ်။ Sar Lone ကနေ ဇော်ဂျီ force လုပ်စရာ မလိုပဲ မြန်မာ လို google…More

iOS Zawgyi Profile offline

iOS 7.1 မှာ Zawgyi profile မရတော့တဲ့ အတွက် ဖျက်လိုက် ပြန်သွင်းလိုက်လုပ်နေရတယ်။ Internet connection မရှိတဲ့ အခါမှာ profile ကို download ချဖို့ မလွယ်ဘူး။ ဒါနဲ့ ကျွန်တော် web clip တစ်ခု ဖန်တီးထားပေးပါတယ်။ Zawgyi Profile Offline ကို iOS safari ကနေ ဖွင့်လိုက်ရင် profile သွင်းဖို့ တက်လာပါမယ်။ သွင်းပြီးသွားတဲ့ အခါမှာ iOS application list တွေထဲမှာ Zawgyi Profile ဆိုတာ ပါလာပါမယ်။ အဲဒီ App လေးကို ဖွင့်လိုက်တိုင်း profile install သွင်းဖို့ တက်လာပါမယ်။ Internet မလိုအပ်ပါဘူး။…More

CodeSchool Hall Pass

codeschool က hall pass ဆိုပြီး ၂ ရက် unlimit access ပေးထားပါတယ်။ Free acount နဲ့ဆိုရင် အချို့ courses တွေနဲ့ screencasts တွေသာ ကြည့်လို့ရပေမယ့် hall pass နဲ့ ဆိုရင် အကုန်လုံးကို access လုပ်လို့ရပါမယ်။ လက်ရှိ တော့ Ember.js ကို code schoold ကနေ လေ့လာနေတယ်။ ကိုယ့်ဘာသာကိုယ် စာဖတ်တာ ထက် code school မှာ video လေး ကြည့်လိုက် ပြီးတော့ သူပေးထားတဲ့ challenge လေးကို ဖြေလိုက်နဲ့ တော်တော် အဆင်ပြေပါတယ်။ ပုံမှန် စာအုပ်ဖတ်ရင်တော့ လက်တွေ့ မလုပ်ပဲ တောက်လျှောက်…More

iOS 7.1 is not working with Zawgyi Profile

iOS 7.1 ကို update လုပ်ပြီး နောက်ပိုင်း Zawgyi profile ထည့်ထားပေမယ့် မမြင်ရတော့ဘူး။ အခုအချိန်ထိတော့ fixed ရှာမတွေ့သေးဘူး။ ဖြစ်နိုင်တာကတော့ Apple ရဲ့ bugs ဖြစ်နိုင်သလို ပိတ်လိုက်တာလည်း ဖြစ်နိုင်တယ်။ ခဏတာ အဆင်ပြေမယ့် နည်းလမ်းတော့ ရှိပါတယ်။ ၁။ Multi Task မှာ Run နေတဲ့ App အားလုံးကို ပိတ်လိုက်ပါ။ ၂။ Setting > General > Profiles အောက်ကို သွားပြီးတော့ သွင်းထားတဲ့ font profile ကို ဖျက်လိုက်ပါ။ ၃။ font ပေါ်ချင်တဲ့ application တွေကို ဖွင့်ထားပါ။ (Safari ကတော့ အရင်အတိုင်းပါပဲ…More

Narsin

ပြီးခဲ့တဲ့လက MYMC radio iOS app ကို သုံးကြည့်တာ သိပ်ပြီး အဆင်မပြေဘူး။ အဓိကတော့ design မလှတာရယ် album art မပါတာကြောင့် ကြည့်လို့ မကောင်းဘူး ဖြစ်နေတယ်။ နောက်ပြီးတော့ background မှာ run တဲ့ အခါမှာ Pause နဲ့ Play ပြန်လုပ်လို့ မရဘူး။ ဒါနဲ့ ကိုယ့်ဘာသာကိုယ် App တစ်ခုရေးမယ်ဆိုပြီး နားဆင် app ကို ရေးဖြစ်သွားတယ်။ App ကို စဖို့အတွက် ပထမဆုံး design ရေးဆွဲဖြစ်တယ်။ ဘယ်အချက်တွေကို လက်ရှိ app မှာ မကြိုက်ဘူးလဲဆိုတာ ချရေးဖြစ်တယ်။ နောက်ပြီးတော့ ဘယ်လိုမျိုး ပုံစံနဲ့ album art ပြမယ်။…More

Sar 1.5.6

Sar 1.5.6 ကို app store ပေါ်မှာ update လုပ်နိုင်ပါပြီ။ 1.5.6 မှာ 1.5.5 က facebook share ကို fixed လုပ်ထားပါတယ်။ 1.5.5 မှာ Fixed Fixed bluetooh keyboard for iPad mini Fixed Air Print not working New Feature Dropbox Support Share with AirDrop (iOS 7) Share to faecbook , twitter , mesage အသုံးပြုရသည်မှာ အဆင်မပြေတာများ ရှိလျှင် ဒီ post မှာ comment ထားခဲ့နိုင်ပါတယ်။…More