Mobile Apps Development : Part 2

အပိုင်း ၁ ။ Mobile Apps Development Mobile Development ပိုင်းကို လုပ်မယ်လို့ စဉ်းစားထားရင် အရင်ဆုံး လိုအပ်တာက Device ပါ။ တစ်ခါမှ မသုံးဖူး မမြင်ဖူးတဲ့ Phone OS အတွက် UI ပိုင်းကို စဉ်းစားဖို့ဆိုတာ အတော်ကို မလွယ်လှပါဘူး။ iPhone က design pattern နဲ့ Android က design pattern နဲ့ ဆင်သလိုလို ရှိပေမယ့် မတူပါဘူး။ Windows Phone 8 ဆိုရင်လည်း တစ်ခြားဆီပါပဲ။ ဒါကြောင့် ကိုယ်လုပ်မယ့် Mobile Platform အတွက် OS ကို ကိုယ်တိုင် အရင် သုံးကြည့်ဖို့လိုတယ်။ iOS…More

Mobile Apps Development

လွန်ခဲ့တဲ့ ၂ နှစ်ကယောင်ခြောက်ဆယ် ဆိုပြီး ကျွန်တော် Post တစ်ခု ရေးခဲ့ဖူးပါတယ်။ အဲတုန်းကတော့ Mobile Development ကို စတင်လေ့လာနေတုန်း ဘာလုပ်ရမလဲ မသိတဲ့ အချိန်ပေါ့။ အခု အချိန်မှာတော့ Mobile development နဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိနေပြီလို့ ဆိုရမယ်။ ကျွန်တော့်ကို Mobile Developer ဖြစ်ချင်တယ်။ ဘယ်လိုလုပ်ရမလဲ မေးနေတဲ့ သူတွေအတွက် အခု post လေးကို ရေးလိုက်ရတာပါ။ အရင်တုန်းကလည်း ကျွန်တော် mobile devleopment နဲ့ပတ်သက်ပြီး ရေးခဲ့ဖူးတာလေးတွေ ရှိပါတယ်။ ကျွန်တော် Mobile App Development ဆိုတဲ့ video လေး တစ်ခုလည်း ဖန်တီးခဲ့ဖူးပါတယ်။ နောက်ပြီးတော့ Mobile app vs…More

Mobile app vs Web app

MyanmarLink မှာ ပြောခဲ့တဲ့ presentation ပါ။ အသံဖိုင်ကိုတော့ ဒီမှာ ရနိုင်ပါတယ်။ Mobile app Vs Web AppMore

jquery mobile alpha release

အရင်ကတော့ jquery ကို iphone အတွက် ရေးချင်ရင် jQTouch နဲ့ အသုံးပြုပြီး ရေးရတယ်။ နောက်တော့ sencha touch ပေါ်လာတယ်။ phonegap , titanium လိုမျိုး web base ကနေ app ဖန်တီးလို့ရလာတာတွေကြောင့် native ui နဲ့ တူတဲ့ jquery framework တွေ ခေတ်စားလာပါတယ်။ အများအားဖြင့်တော့ jQTouch နဲ့ sencha ကို အသုံးများပါတယ်။ Ornagai မှာလည်း jQTouch ကို အသုံးပြုထားတယ်။ jQuery ကလည်း အခုတော့ mobile version အတွက်ပါ ထုတ်ပါပြီ။ သူကြေငြာထားတာတော့ ကြာပြီ။ အခုမှပဲ alpha release ထုတ်တာပေါ့။။More

Windows Phone 7 Really ?

ကြော်ငြာကြည့်ရတာ အခု iPhone သမားတွေ ဖြစ်နေတဲ့ ပုံနဲ့ တော်တော်တူပါတယ်။ ကြည့်ရတာ Windows Phone 7 ကလည်း iPhone လိုမျိုး အောင်မြင်မယ်လို့ မျှော်မှန်းထားပုံပဲ။ Oct 11 ပတ်ဝန်းကျင်လောက် ထွက်မယ်နဲ့တူပါတယ်။ အခုထက်ထိတော့ ကောလဟာလတွေပဲ ရှိသေးတယ်။ Oct မှာတော့ ထွက်မှာ သေချာပါတယ်။More

ယောင်ခြောက်ဆယ် (Mobile Dev)

အခုခေတ်က တော်တော်ယောင်လို့ ကောင်းတဲ့ ခေတ်လို့ ဆိုရမလားမသိဘူး။ Language တွေ ယောင်လို့ ပြီးလို့ Mobile Development လုပ်တော့မယ်ဆိုရင် ထပ်ယောင် စရာတွေ လာပြီ။ Android ကိုလုပ်မလား iPhone ကိုလုပ်မလား။ နောက်ပြီး ၂ ခုလုံးလုပ်ချင်တယ်ဆိုတဲ့သူတွေလည်း ရှိသေးတယ်။ ဟိုးအရင်တုန်းက Mobile အတွက် Nokia Symbian ပဲရှိတော့ Java လေ့လာပဲ။ အခုတော့ ခေတ်တွေက ပြောင်းသွားပြီ။ Web Developer လည်း Mobile App ရေးလို့ရကုန်တော့ Web Developer တွေလည်း Mobile လိုင်းကို ယောင်တောင်တောင်နဲ့ လွယ်လွယ်လေး ကူးလို့ရနေပြီ။More