MZ User for End User

MZ 2.0 ကို ရေးတာ တော်တော်ကြာသွားပြီ။ Git repo မှာ စတင်တဲ့ နေ့က APRIL 13, 2010 က စတယ်။ အခုလပါ အပါအဝင် ၅ လ ကျော်သွားပြီလို့ ဆိုလို့ရမယ်။ တကယ်တန်းတော့ အချိန်ပြည့်ရေးရင် ၁ လ တည်းနဲ့ အကုန်ပြီးပါပြီ။ သိပ်အများကြီးမဟုတ်ဘူး။ အခုက အားတဲ့ အချိန်လေးတွေ မှာ ရေးရေးနေရလို့ အဲလောက်ထိ ကြာသွားတာ။ နောက်ပြီး ကိုယ်ပိုင် framework APIwork ကို သုံးလိုက်တာကြောင့် ကြာသွားတာလည်း ပါတယ်။ April လတုန်းက framework က စလုံးရေစပဲ။ အခုလောက် stable မဖြစ်သေးဘူး။ MZ 2.0 ကို ရေးရင်းနဲ့ လိုတာတွေ ဖြည့်ရင်း အခုတော့ တော်တော် stable ဖြစ်သွားပြီ။ MZ User site ကို…More

Changing Server

သောကြာနေ့ည က server စပြောင်းပါတယ်။ MZ ကို file တွေကြီးပဲ backup လုပ်လိုက်တာ 1GB ဖြစ်နေလို့ data တွေကို ပြန်စစ်ပြီး duplicate folder တွေကို ဖျက် မလိုအပ်တာတွေကို ဖျက်နေတာနဲ့ တော်တော်အချိန်ကြာသွားတယ်။ အခုထပ်ပြီး zip ပြန်လုပ်လိုက်တာ 510 MB ဖြစ်သွားတယ်။ အခုတော့ download ချဆဲ။ပြီးရင် upload တင်ရအုံးမယ်။ မနက်ဖြန်မှာ ပြီးအောင်တော့ ကြိုးစားဆဲပါ။ Dreamhost ကိုပဲပြောင်းဖြစ်သွားတယ်။ VE ထက်စာရင် dreamhost က ပိုကောင်းမယ်ထင်တာကြောင့်လည်း ပါတယ်။ လိုအပ်ရင် memory ထပ်တိုးလိုက်ရုံပဲလေ။ သိပ်လည်း များများစားစားမကုန်တော့ဘူးပေါ့။More

MZ Server will change soon

MZ server 18 ရက်နေ့ဆိုရင် expire ဖြစ်ပါပြီ။ Grid Server ($20/month) ကနေ VE server ($30/month) ကို ပြောင်းဖို့ အစီအစဉ်ရှိပါတယ်။ ဒါကြောင့် file တွေ backup လုပ်ရမှာရယ် နောက်ပြီး upload ပြန်တင်ရမှာတွေကြောင့် ၁ ရက် ၂ ရက်လောက်တော့ Ornagai , MZ စတာတွေ သုံးလို့ရမှာမဟုတ်ပါဘူး။ လက်ရှိ MZ server ပေါ်မှာ ရှိနေတဲ့ site တွေကတော့ http://blog.ornagai.com http://code.mysteryzillion.org http://edu.mysteryzillion.org http://mysteryzillion.org http://ornagai.com http://wiki.mysteryzillion.org အဲဒီ site တွေ ဝင်လို့ရမှာ မဟုတ်တော့ပါဘူး။ ပြောင်းမယ့် နေ့ရောက်ရင် ထပ်ကြေငြာပါ့မယ်။ သောကြာနေ့ ညလောက် ပြောင်းဖို့ အစီအစဉ် ရှိပါတယ်။ hosting အသစ်နဲ့ အတူ MZ 2.0 အတွက် ရေးထားတဲ့ user.mysteryzillion.org ပါလာမှာပါ။…More

XML DTD

အရင်တုန်းက XML DTD ဆိုတာ ကြားသာကြားဖူးတယ်။ ဘာလို့ သုံးမှန်းမသိဘူး။ တစ်ခါမှလည်း မသုံးဖူးဘူး။ ဒီနေ့မှ MZ Edu ကနေ XML DTD အကြောင်းလေး ဖတ်ကြည့်လိုက်တော့မှ နည်းနည်းလေး သဘောပေါက်သလိုလို ရှိသွားတယ်။ week end ရောက်ရင် XML Part 1 ကနေ သေချာပြန်ဖတ်အုံးမှပဲ။ ရန်ကုန်မှာတုန်းကတော့ Java & XML စာအုပ်ဖတ်တုန်းက XML ကို နည်းနည်းသဘောပေါက်သလိုလိုရှိပေမယ့် သေသေချာချာ နားမလည်ခဲ့တာတွေ အများသားပဲ။ အခုလို မြန်မာလိုလေး ရှိတော့လည်း English လို ရေးထားတဲ့ စာအုပ်တွေထက်စာရင် ပိုဖတ်ဖြစ်မယ်ထင်တာပဲ။ http://edu.mysteryzillion.org/xml-part-2More

MZ Thrid Anniversary

25 ရက်နေ့မှာ MZ ပွဲ စပါတော့မယ်။ လက်ရှိ ဆွေးနွေးပေးမယ့် ခေါင်းစဉ်တွေကတော့ Self Learning – ကိုပီဇီ (Myanmartutorials.com) How to study in Myanmar – ကိုရာဗီ == Break == Web Development – ကိုအိမောင် (Durosoft) Ubuntu Linux – ကိုကိုရဲ Date: Sunday, April 25, 2010 Time: 10:00am – 5:00pm Location: Egress Hall Room, Yangon, MyanmarMore

Thnking about MZ 2.0

အခုတလော cassandra ကို ဖတ်ရင်းနဲ့ MZ ကို cassandra နဲ့ ရေးကြည့်ချင်လာတယ်။ cassandra နဲ့ project လေး တစ်ခုလောက် လုပ်ချင်တယ်။ ဒါပေမယ့် ဘာ project လုပ်ရမလဲ စဉ်းစားမရဖြစ်နေတာ။ MZ ကိုပဲလုပ်တော့မလား စဉ်းစားနေတာ။ Why MZ ! လို့ မေးလာရင်တော့ cassandra က သာမာန် project တွေ မလိုအပ်ဘူး။ တခြားမပြောနဲ့ mediawiki ကို သုံးထားတဲ့ wikipedia တောင် mysql ကို သုံးထားတာပဲ ကြည့်လေ။ mysql ကလွယ်တယ်။ နှစ်ကြာပြီဖြစ်တဲ့အတွက် community က ရှိပြီးသား။ user million နဲ့ ချီခဲ့မှသာ နည်းနည်းကြာတာ။…More