Creativity, Inc

Creativity, Inc စာအုပ်ကို ပြီးခဲ့တဲ့ လ က ဖတ်လို့ ပြီးသွားတယ်။ ဒီစာအုပ်ကို စဖတ်တုန်းကတော့ Toy Story, Cars , Monster Inc စတဲ့ ကာတွန်းကားတွေ ထုတ်တဲ့ Pixar အကြောင်း ရေးထားတာလို့ ပဲ သိခဲ့တယ်။ ဒီစာအုပ်ကို စဖတ်ပြီးတော့ မကြာခင်မှာ သိလိုက်တာက Company တစ်ခု အကြောင်း ဆိုတာထက် ပိုတယ်။ စာအုပ် အစ ပိုင်းမှာ Pixar မဖြစ်လာခင်က တက္ကသိုလ်ကျောင်းသား ဘဝ မှာ လက်ဖဝါးပုံကို 3D Animation အကြောင်းကို ဖတ်လိုက်ရတော့ စိတ်ထဲမှာ ဟာ… ကနဲ ဖြစ်သွားတယ်။ University of Utah မှာ 1976…More

Becoming Steve Jobs

Walter Isaacson ရဲ့ Steve Jobs စာအုပ်ထွက်ပြီး နောက်ပိုင်းထွက်တဲ့ Steve Jobs အကြောင်းရေးထားတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကို Steve Jobs နဲ့ တွဲ လုပ်ဖူးတဲ့ လက်ရှိ Apple က executives တွေက သဘောကျတဲ့ စာအုပ် ဆိုတာ ကြောင့် ထပ်ပြီးတော့ ဖတ်ဖြစ်ပါတယ်။ ဒီစာအုပ်က အတ္ထုပတ္တ ထက်စာရင် drama ပိုဆန်ပါတယ်။ ဖတ်ရတာ ပိုပြီးတော့ အရှိန်ရပါတယ်။ ကျွန်တော်ကတော့ Walter Isaacson စာအုပ်ထက် စာရင် Becoming Steve Jobs စာအုပ်ကို ဖတ်ရတာ ပိုအားရတယ်။ Walter Isaacson က Steve Jobs အကြောင်း အသေးစိတ်ပါတဲ့ အတွက်…More

Steve Jobs , My Hero

ဒီနေ့ မနက်နိုးနိုးခြင်း စိတ်ကူးပေါက်တာနဲ့ twitter ကို စစ်ကြည့်လိုက်တယ်။ နိုးနိုးခြင်းမှာ မြင်လိုက်ရတဲ့ message ကို မယုံနိုင်လိုက်ဘူး။ Hoax news ထင်ပြီး google မှာ ချက်ခြင်းကို ရှာကြည့်လိုက်တယ်။ လက်မခံနိုင်လောက်အောင်ကို သတင်းက အမှန်ဖြစ်နေတယ်။ CNN မှာလည်း ဖော်ပြထားတယ်ဆိုတော့ ပြောစရာ စကားလုံးတောင် မရှိတော့ဘူး။ Twitter တစ်ခုလုံးလည်း Steve Jobs အကြောင်းတွေပဲ။ facebook မှာလည်း Steve Jobs အကြောင်းတွေပဲ။ သတင်းသေချာသွားပြီ ဆိုတာကို သိလိုက်တုန်းက ကိုယ့်ဆွေမျိုးတစ်ယောက် ဆုံးရှုံးသွားသလို။ ကိုယ်နဲ့ နှစ်ပေါင်းများစွာ အတူတူ တွဲလုပ်ခဲ့တဲ့ လူတစ်ယောက် ဆုံးရှုံးလိုက်ရသလို ခံစားရတယ်။ ဘာ သွေးသားမှ မတော်စပ်တဲ့ ကျွန်တော်တောင် နာကျင် ကြေကွဲရရင်…More