Add Swap on Ubuntu Server

လက်ရှိ Server က Digital Ocean ကို အသုံးပြုထားတယ်။ နောက်ပိုင်း node.js app ၂ ခု နဲ့ transmission ကို run လိုက်တော့ memory သုံးတာ များသွားပြီ PHP-FPM က memory မနိုင်တော့လို့ ကျကျ သွားတယ်။ PHP-FPM ကို restart ပြန်ပြန်လုပ်ပေးနေရတယ်။ တစ်ခါတစ်လေ node.js app က ရပ်သွားတယ်။ အဲဒီအခါ node.js app ကို ပြန်ပြီး restart လုပ်ရပြန်ကော။ ကြာတော့ စိတ်မရှည်တာနဲ့ 1 GB ကို ပြောင်းသုံးလိုက်တော့ တော်တော်လေး အဆင်ပြေသွားတယ်။ ပိုက်ဆံကတော့ ၂ ဆ ပေးရတာပေါ့။ မနေ့ကမှ…More

Deploy website using git

HTML5 စာအုပ် စ ရေးတုန်းက github pages ကို အသုံးပြုခဲ့တယ်။ github page သုံးတဲ့ အတွက် တစ်ခုခု ပြင်ပြီးတာနဲ့ တစ်ခါတည်း push လုပ်လိုက်ရုံပါပဲ။ FTP ကို ချိတ် ။ upload တင် စတာတွေကို လုပ်နေစရာမလိုတဲ့ အတွက် တော်တော်လေးကို သက်သာပါတယ်။ သို့ပေမယ် ကျွန်တော် HTML5 စာအုပ်ကို opensource လုပ်ချင်တာ မဟုတ်ပါ။ ဒါကြောင့် github ကနေ ပြန်ပြီးတော့ ဖျက်ချခဲ့ပါတယ်။ github လိုမျိုး feature ရအောင် appfog ကို အသုံးပြုခဲ့တယ်။ mmwebfonts သုံးခဲ့တုန်းက appfog က custom domain အသုံးပြုခွင့်ပေးထားပါတယ်။ အခုတော့…More

Ubuntu Phone

Ubuntu Phone ကို CES 2013 မှာ စတင် မိတ်ဆက်ပါတော့မယ်။ Linux လောက မှာ အောင်မြင်နေတဲ့ Ubuntu က mobile လောက ကို ပါ ဝင်လာပါပြီ။ Native App အတွက် QML နဲ့ ရေးရပြီး HTML web app တွေကိုလည်း support လုပ်ပါမယ်။ နောက်ပြီး push notification ကိုလည်း support လုပ်ထားပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ Ubuntu Desktop နဲ့ တော်တော်လေးကို ဝေးကွာပြီး Ubuntu Server ကိုပဲ အဓိက သုံးဖြစ်တယ်။ Video ကို ကြည့်မှပဲ Ubuntu ဟာ Desktop…More

Myanmar Ubuntu LoCo Team

MZ မှာ T.K တင်ထားတာတွေ့လို့ပါ။ http://www.mysteryzillion.org/forums/showthread.php/9114-Ubuntu-Myanmar-LoCo-Team ကို ပြန်လည် ဖော်ပြထားပါတယ်။ Myanmar Ubuntu LoCo Team ဖွဲ့စည်းနိုင်ရန်နှင့် Ubuntu အကြောင်း ပိုမိုသိရှိနားလည်ပြီး အသုံးချနိုင်ရန် ရည်ရွယ်ပြီး အောက်တိုဘာလ ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ ဗိုလ်အောင်ကျော်လမ်း နှင့် မဟာဗန္တုလလမ်းဒေါင့်ရှိ BAK Computer Mark ၏ Wifi-FreeZone တွင် Ubuntu အကြောင်း ရှင်းလင်း ဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။ Ubuntu အကြောင်း မြန်မာဘာသာဖြင့် Wiki မှ လေ့လာသင်ယူနိုင်ရန် Wiki အား ဖတ်ရှုလေ့လာပုံနှင့် Wiki ၏ နည်းပညာပိုင်း ဆိုင်ရာ သတ်မှတ်ချက်များကို လေ့လာရန်မလိုပဲ Microsoft Word နှင့် OpenOffice ကိုအသုံးပြု၍ Wiki…More

Ubuntu 10.04 Sound Problem

တကယ်လို့ Ubuntu 10.04 မှာ sound မရရင် terminal ကို သွား။ ပြီးလျှင် $sudo rm -rf .pulse လို့ရိုက်ပြီး restart ချလိုက်ပါ။ အဲဒါတောင် မရသေးရင် $sudo apt-get install –reinstall plusaudio လို့ရိုက်ပြီး restart ပြန်ချကြည့်ပါ။ sound preference က waiting for sound system to repond ဖြစ်နေရင်တော့ sound preference setting က လက်ရှိ သုံးထားတဲ့ sound card အတွက် preference မရှိလို့ပါ။ အခြား GUI preference ကို သွင်းပေးရပါတယ်။ $sudo apt-get…More

OpenSSH

OpenSSH က Ubuntu  Server မှာ သွင်းလိုက်တာနဲ့ ပါပြီးသားပါ။ Ubuntu Desktop မှာ မပါသေးရင် $sudo apt-get install ssh-client ssh-server ဆိုပြီး သွင်းနိုင်ပါတယ်။ Open SSH က SFTP နဲ့ SSH ကို အသုံးပြုဖို့ပါ။ SFTP နဲ့ SSH ရဲ့ username နဲ့ password ကတော့ Ubuntu account username နဲ့ password နဲ့ အတူတူပါပဲ။ SFTP မှာ permission မရလို့ဝင်မရရင် /etc/ssh/sshd_config  မှာ RSAAuthentication no PasswordAuthentication yes အဲဒီ ၂ ခုပြင်ရသည်။ SSH…More

Oh! Ubuntu 10.04 and iPhone SDK 3.2

ဒီနေ့ကတော့ download ဆွဲရတဲ့နေ့လို့ ဆိုရမလားပဲ။ Ubuntu 10.04 လည်း ထွက်ပါပြီ။ ထို့အတွက် iPhone SDK 3.2 ကိုလည်း download ချလို့ရပြီ။ အရင်က Developer license ရှိသူတွေပဲ download ချလို့ရခဲ့ပေမယ့် အခုတော့ download ဆွဲလို့ရသွားပြီ။ နောက်လလောက်ဆိုရင် developer license ဝယ်ရင်ကောင်းမလား စဉ်းစားနေတာ။ လုပ်စရာတွေ များများစားစားမရှိပေမယ့် ဒီအတိုင်း ကလိနေတာ distribute လုပ်လို့မရတော့ အလကားပဲလိုလို ဖြစ်နေတယ်။ အင်း ၉၉ ဒေါ်လာဆိုတော့လည်း နှမြောမိတယ်။ :D ဘာပဲပြောပြော ဝင်လိုက်ဖို့ကတော့ များပါတယ်။ ဝင်လိုက်မှပဲ သေသေချာချာ ရေးဖြစ်မယ်ထင်တယ်။ အခုက စိတ်ကူးပေါက်ပြီး ရုံးက prototype လေး လုပ်ခိုင်းမှ ထထ…More

Change Time-Zone in Ubuntu

ဒီနေ့ client က feedback ထဲမှာ status message က အချိန်တွေလွဲနေတယ်ဆိုလို့ ကြည့်စရာတောင် မလိုဘူး server time zone ပြဿနာပဲဆိုတာ တန်းသိတယ်။ (ကိုယ် setup လုပ်ထားတဲ့ server ပဲ ကိုယ်သိတာပေါ့။ အဲတုန်းက timezone ကိစ္စမေ့သွားတယ်) $sudo dpkg-reconfigure tzdata အဲဒါလေး ရိုက်ပြီး step by step သွားလိုက်ရင် ပြီးသွားတာပဲ။ မှတ်မိအောင် blog ထဲမှာ ရေးထားတာ။More