Tagu for Chrome

Google Chrome အတွက် တန်ခူး ရပါပြီဗျာ။ Unicode သွင်းဖို့ မလိုပဲနဲ့ unicode နဲ့ ရေးထားတာတွေကို ဖတ်လို့ရပါတယ်။ Facebook မှာ ဇော်ဂျီနဲ့ ရေးထားတာကို ဇော်ဂျီ နဲ့ ဖတ်လို့ရပြီးတော့ Unicode နဲ့ ရေးထားတဲ့ စာတွေကိုတော့ Unicode နဲ့ မြင်ရမှာပါ။ တန်ခူးကို download ချလိုလျှင် https://chrome.google.com/webstore/detail/ddjpcdpfemhkibhpmgcdbfajdhgpegdk Google Chrome Mac မှာတော့ unicode ကို font embed ထည့်ထားရင် render မလုပ်နိုင်သေးပါဘူး။More

Blogger.com with Unicode

Blogger.com မှာ လက်ရှိ မြန်မာ ၊ မွန် ၊ ရှမ်း စတဲ့ unicode ရေးနေသည့်သူများ font embed ဘယ်လို ထည့်သွင်းရမလဲဆိုတာကို အောက်က website မှာ သွားဖတ်နိုင်ပါသည်။ http://mmuniembed.blogspot.sg/More

Tagu Firefox Addon

တချို့တွေက Unicode သုံးတယ်။ တချို့တွေက ဇော်ဂျီသုံးတယ်။ facebook မှာ unicode နဲ့ ရေးထားတာတွေ ဖတ်လို့ မရဘူး။ Unicode font မသွင်းချင်ဘူး။ သွင်းလိုက်ရင် အခြား font တွေပါ လွဲကုန်တယ်။ ဇော်ဂျီ မသွင်းချင်ဘူး။ unicode နဲ့ အဆင်ပြေတယ်။ စတဲ့ စတဲ့ ပြဿနာ ပေါင်းစုံ အတွက် တန်ခူးကို စမ်းရေးဖြစ်တာပါ။ တန်ခူးဆိုတာကတော့ Thant Thet ရဲ့ Myanmar Font Tagger ကို အခြေခံပြီး firefox addon အဖြစ်ပြောင်းလဲထားတာပါ။ တန်ခူးက အလိုအလျောက် ဇော်ဂျီ နဲ့ unicode ကို သိပါတယ်။ font သွင်းထားစရာ မလိုပဲ ဇော်ဂျီ…More

Google Maps with unicode

မြန်မာ Unicode ကို အသုံးပြုပြီးတော့ Google Map မှာ လမ်းနာမည်တွေ ကို မြန်မာလို ရှာဖွေလို့ရနေပါပြီ။ auto complete မှာလည်း မြန်မာလို ပြပေးပါတယ်။More

Enable AAT font embed render in Firefox

Mac က Firefox မှာ Unicode Font embed မမြင်ရပါဘူး။ မြင်ရအောင်လို့ config ရဲ့ Setting ကို ပြင်ဖို့လိုပါတယ်။ Address bar မှာ about:config ဆိုပြီး ရိုက်လိုက်ပါ။ gfx.downloadable_fonts.sanitize ကို ရှာပြီး false လုပ်ပေးလိုက်ပါ။ page ကို refresh ပြန်ချကြည့်ပါ။ AAT အလုပ်လုပ်သွားတာကို တွေ့ရပါမယ်။ The font will work as intended if it is installed locally on the Mac. It doesn’t render correctly when downloaded using @font-face because…More

Mon3 Anonta 1 font available on mmwebfonts

Mon3 Anonta 1 ကို mmwebfonts မှာ ထည့်သွင်းပေးထားပါတယ်။ Mon3 Anonta 1 က Windows , Linux , Mac တွေမှာ အလုပ်လုပ်ပါတယ်။ ဒါကြောင့် Unicode သုံး တိုင်းရင်းသား ဘာသာစကား များဖြစ်တဲ့ ရှမ်း ၊ မွန် Unicode တွေကို Mon3 Anonta 1 နဲ့ အသုံးပြုနိုင်ပါတယ်။ Font အသုံးပြုခွင့်ပေးတဲ့ mon2uni အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။ http://mmwebfonts.comquas.com/More

ZG2Uni with node.js

javascript နဲ့ ရေးထားတဲ့ zawgyi to unicode ကို node.js ပြန်ပြောင်းထားပါတယ်။ node.js နဲ့ အသုံးပြုမယ်ဆိုရင် node.js ကို သွင်းထားဖို့လိုပါတယ်။ node.js က windows မှာလည်း လွယ်လွယ် အသုံးပြုနိုင်ပါတယ်။ windows မှာ အသေးစိတ် သွင်းနည်းကိုတော့ ဒီမှာ ဖတ်ပါ။ https://github.com/saturngod/ZG2Uni_NodeJS/zipball/master ကို download ချလိုက်ပါ။ zip ကို ဖြည်လိုက်ရင် folder ထဲမှာ app.js file ကို တွေ့ပါလိမ့်မယ်။More

Zawgyi to Unicode Javascript Converter

အရင်က အသုံးပြုနေတဲ့ http://www.solvewaresolution.net/ က javascript converter က free မဟုတ်တော့သလို သူများတွေကိုလည်း ဖြန့်ဝေပေးခွင့် မရှိတော့တဲ့အတွက်ကြောင့် ကိုယ့်ဘာသာကိုယ် ပြန်ရေးမယ်ဆိုပြီး ရေးဖို့ စဉ်းစားထားတာ တော်တော်ကြာပြီ။ ဘယ်ကနေ စရေးရမှန်း မသိတော့ wiki မှာ ပြထားတဲ့ zawgyi နဲ့ unicode code point တွေကို ကြည့်ပြီး ပြန်ရေးဖြစ်သွားတယ်။ ကိုယ့်ဘာသာကိုယ် ပြန်ရေးဖို့ စဉ်းစားထားတာ ဖြစ်တဲ့အတွက်ကြောင့် အရင်က javascript ကို အသုံးမပြုပဲ ပြောင်းချင်တာလေးတွေကို ကိုယ့် converter လေးနဲ့ ကိုယ့်ဘာသာ စမ်းပြောင်းလိုက် ပြင်လိုက် နဲနဲလေး ရေးလိုက်နဲ့ တော်တော်တောင် ကြာသွားပြီ။ သပ်သပ်ကြီး အချိန်ပေးမရေးတာကြောင့်လည်း ပါတာပေါ့။ အခုတော့ beta…More