Be proud of your work

အခု စာရေးတဲ့ အချိန်က စင်္ကာပူမှာ ည ၁ နာရီထိုးနေပြီ။ မနက်ဖြန် တနင်္လာ ရုံးပြန်တက်ရတော့မယ်။ ဒီ အပတ် စနေ တနင်္ဂနွေ ရုံး အလုပ်နဲ့ပဲ အချိန်ကုန်သွားတယ်။ အင်္ဂါ နေ့ client ကို ပေးရမှာ ဖြစ်တာကြောင့် ပြီးအောင် လုပ်လိုက်ရတယ်။ တော်သေးတာကတော့ အိမ်မှာ အလုပ်လုပ်လို့ ရတာပဲ။ Weekend တွေဆိုရင် ရုံးမသွားချင်ဘူး။ ရုံးသွားရတာထက် အိမ်မှာ အလုပ်လုပ်ရတာ ပိုသဘောကျတယ်။ အဓိက ပြဿနာက product က ထင်သဘောက် မပြီးတော့ နောက်ဆုံး ကျွန်တော့် လက်ထဲ ရောက်လာပြီး လောလော နဲ့ လုပ်ခိုင်းတာပဲ။ အိန္ဒိယ ရုံးခွဲက လူတွေ က အလုပ်မလုပ်တာလည်း ဆိုတော့…More

အိန္ဒိယ ရုံးခွဲ

မတ်လ တုန်းက လုပ်ငန်းခွင် ဆိုပြီး post တစ်ခု ရေးခဲ့ဖူးပါတယ်။ အခုတလော ရုံးက အိန္ဒိယ ရုံးခွဲ နဲ့ အလုပ်လုပ်ရင်း သဘောပေါက်လာတာတွေ ရှိတယ်။ အိန္ဒိယမှာ ရုံးခွဲ ဖွင့်ပြီးကတည်းက လူကောင်းကောင်း မရသေးဘူး။ အခုနောက်ပိုင်း ခန့်ထားတဲ့ UI designer ကတော့ တော်တော် တော်တယ်။ အခြား iOS developer တွေ resume တွေထဲမှာ ရေးသလောက် သုံးမရဘူး။ နောက်ပြီး ရုံးခွဲအတွက် web developer ရှာတော့ resume ဖတ်ပြီး အင်တာဗျူးခေါ်ဖို့ လူရွေးရတဲ့ အလုပ်က ကျွန်တော့် ဆီ ရောက်လာပါကော။More

လုပ်ငန်းခွင်

ကျောင်းပြီးရင် အလုပ်လုပ်မယ်လို့ ဆိုပေမယ့် လုပ်ငန်းခွင်ဆိုတာ ဘယ်လို မျိုးလဲ ? အလုပ်ထဲမှာ ဘာတွေ လုပ်ရမလဲ ? စတာတွေက တွေးတော စရာတွေပါ။ အများသူငှာ ထင်တာကတော့ မတတ်ပေမယ့် လုပ်ငန်းခွင်ထဲ ရောက်ရင် တတ်သွားမှာပဲလို့ ဆိုကြတယ်။ မှန်တော့မှန်ပါတယ်။ သို့ပေမယ့် တွေးထင်သလို မလွယ်ဘူး။ အလုပ်လုပ်တဲ့ အခါမှာ ဘယ်သူမှ ကိုယ့်ကို မကူညီနိုင်ကြဘူး။ တော်တော်များများ တွေးထင်ကြတာက လုပ်ငန်းခွင်ထဲရောက်ရင် အပေါ်ကလူတွေက သင်ပေးမယ်လို့ ထင်တတ်ကြတယ်။ အဲလိုထင်ရင်တော့ တက်တက်စင်အောင် လွဲတာပဲ။ တကယ်တန်း လုပ်ငန်းခွင်ဆိုတာက ရေကူး သလိုပဲ။ မင်းရေကူးတတ်လားဆိုပြီး အင်တာဗျုးမယ်။ ကူးတတ်တယ်လို့ ပြောလိုက်ရင် ရေကန်ထဲ ပစ်ချလိုက်မယ်။ ကိုယ့်ဘာသာ ကူးတော့။ ဘယ်သူမှ လာမကယ်နိုင်ဘူး။ မကူးနိုင်ရင် နှစ်သွားမှာပဲ။…More

Job ?

အလုပ်အပေါ်မှာ ခံယူချက်က တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ဘူး။ အချို့တွေကလည်း ဝါသနာပါတာကို လုပ်လို့ ဆိုကြသလို အချို့တွေကလည်း အလုပ်ရနိုင်တာကို လုပ်။ ဝါသနာထက် ရေရည်ရပ်တည်နိုင်ဖို့က အရေးကြီးတယ်လို့ ဆိုကြပြန်တယ်။ တစ်ယောက် နဲ့ တစ်ယောက် ခံယူချက်မတူသလို ကျောင်းပြီးကာစ လူငယ်လေးတွေလည်း ဘာလုပ်ရမှန်းမသိကြတာ အမှန်ပါ။ ငယ်ငယ်တုန်းက အမေ ခဏခဏ ပြောဘူးတယ်။ သားကို အမေတို့က ပညာအမွေပဲ ပေးနိုင်တယ်။ ပညာတတ်အောင် သင်ပေးတဲ့ အထိပဲ အမေတို့ တတ်နိုင်မယ်။ ကိုယ့်ဘဝ ကိုယ်ရပ်တည်ရမှာပဲလို့ ငယ်ငယ်တုန်းက အမေ ခဏခဏ ပြောခဲ့ဘူးတယ်။ ပညာ အမွေ ? အဖေ တို့ အမေ တို့ ပေးနိုင်တာကတော့ ကျောင်းပညာ အမွေပါ။ ကျောင်းပညာ လို့…More

Don’t Work Hard, Work Smart

တနေ့မှာ လူ၂ယောက်ဟာ ခရီးသွားရင်း မြစ်တစ်ခုရှေ့ကို ရောက်လာတယ်။ ပထမလူ ။။ ငါ မြစ်ကို ရေကူးပြီးသွားလိုက်မယ်။ ဒုတိယလူ ။။ ခဏနေပါအုံး။ အနီးအနားမှာ လှေတို့ တံတားတို့ ရှိမလား အရင်ရှာလိုက်အုံးမယ်။More