အိုရှိုး၏ သေဆုံးခြင်းအနုပညာ

ဒီနှစ်ထဲမှာ ဖတ်ဖြစ်သည့် စာအုပ်ထဲက စာအုပ်ကောင်းတစ်ခုပဲ။​ တချို့အချက်တွေက ကျွန်တော်နဲ့ မတူသည့် အယူအဆ တွေ ထဲကမှ​ အချို့အချက်တွေက အတွေးအခေါ်တွေ ပွင့်သွားသလို ခံစားရအောင် ရေးသားထားတယ်။ အကြိုက်ဆုံးက “နေမင်းရဲ့ ရှေ့မှာရှိတဲ့ အမှောင်ကို ဘယ်လိုလုပ်ခေါ်ပေးနိုင်ပါ့မလဲ။ တကယ်တော့ အမှောင်ဆိုတာက ရပ်တည်ချက် (existence) တစ်ခု မဟုတ်ပါဘူး။ နောက်ပြီး အမှောင်ဆိုတာ မရှိတရား (positive) အခြေအနေတစ်ခုလည်း မဟုတ်ပါဘူး။” ဒီစာကြောင်းလေးက ကျွန်တော့်ဘက်ကနေ အခြားသူ ကို မြင်ခဲ့သည့် အမြင်ကို လုံးဝ ပြောင်းလဲ ပေးလိုက်တယ်။ တချို့လူတွေက ရှင်းပြလို့ မရဘူး။ ရှင်းပြရင်လည်း ဘာလို့ နားမဝင်တာ ကို သိသွားတယ်။​ အဲဒီလိုမျိုး လူမျိုး ကို ရှင်းပြနေတာကို မိုက်မဲသည့် အလုပ်ပဲ…More

Programming Basic Draft v1.3

ရေးလိုက်ပြင်လိုက် ထပ်ဖြည့်လိုက်လုပ်လိုက်တာ စာအုပ်က တော်တော်လေးကို ကြာသွားပြီ။ နောက်တစ်ကြိမ် ထပ်ဖတ်ပြီးတော့ နားမလည်တာတွေကို ပြန်ဖြုတ် နောက်ပြီး အချို့ အပိုင်းလေးတွေ ပြန်ပြင်လုပ်ထားတယ်။ အခုကတော့ final ပဲလို့ မှတ်ထားတာပဲ။ စာအုပ်ထုတ်ဖို့ စလုပ်တော့မယ်။ စာမျက်နှာကတော့ ၂၀၀ ကျော်ပဲ ရှိသည့် အတွက် စာအုပ်ထုတ်ရင် ပါးပါးလေးပဲ ဖြစ်မယ် ထင်တယ်။ အခု နောက်ဆုံး version ကို အောက်က link မှာ download ချနိုင်ပါတယ်။ အကုန်လုံးပြီးနေပါပြီ။ အမှာစာပဲ ထည့်ဖို့ ကျန်တော့တယ်။ http://bit.ly/2XVnGLXMore

Programming Basic (Python) Draft v1.1

Programming Basic စာအုပ်က အကုန်လုံး ရေးပြီးသွားပြီ။ ထပ်ဖြည့်ထားတာတွေလည်း ရှိတယ်။ ပြန်ပြင်ထားတာတွေလည်း ပါတယ်။ အခု စာလုံးပေါင်း ပြန်စစ်တာရယ် နောက်ပြီးတော့ code တွေ ရှင်းပြထားတာတွေ ကိုယ်တိုင် ပြန်ဖတ်ကြည့်ပြီး နားလည် မလွယ်ပြန်စစ်နေတယ်။ ဖြစ်နိုင်ရင်တော့ စာအုပ် ထုတ်ဖို့ အထိ လုပ်ဖို့ စဉ်းစားထားတယ်။ ebook အနေနဲ့ ဖတ်ကြည့်မယ် ဆိုရင်တော့ အောက်က link မှာ download ချလို့ရပါတယ်။ https://cldup.com/fMPFtlzkeT.pdfMore

Inferno

ဝတ္ထု မဖတ်ဖြစ်တာ ၁ နှစ်ကျော်ခဲ့ပြီ။ ဖတ်မယ်ဆိုပြီး ဝယ်ထားသည့် Inferno ကို ဒီနေ့မှ ဖတ်လို့ ပြီးသွားတယ်။ တော်တော် အရသာ ရှိသွားတာ အမှန်ပဲ။ Inferno ကို ရုပ်ရှင်ကြည့်တုန်းက သဘောမကျ လှဘူး။ ဝတ္ထုဖတ်မှ ပဲ သဘောကျမိတော့တယ်။ Dan Brown ရေးသည့် စာတွေကတော့ ထွေထွေထူးထူး ပြောဖို့ မလိုပါဘူး။ ဖတ်ဖူးသည့် သူတိုင်း သိပါလိမ့်မယ်။ အစပိုင်းက ပျင်းဖို့ ကောင်းပေမယ့် တဝက်ကျော်လောက် ရောက်တော့ စာအုပ်ကို မချနိုင်လောက်အောင် တောက်လျှောက် ဖတ်ဖြစ်မိတယ်။ ရုပ်ရှင်ဟာ ဝတ္ထုရဲ့ မှီငြမ်းထားပြီးတော့ ပြင်ထားတာတွေ ပါတယ်။ ဇာတ်သိမ်းပိုင်းက လုံးဝ ကို ကွာခြားသွားတယ်။ ဝတ္ထုက ဖြစ်သင့်သည့် ဇာတ်သိမ်းပိုင်း တစ်ခုကို…More

Chapter 7 Done

ရေးလက်စ စာအုပ် chapter 7 တော့ ပြီးသွားပြီ။ Chapter 7 က သိပ်ပြီး ထွေထွေ ထူးထူး မပါတာကြောင့်လည်း ပါတယ်။ အများကြီးရေးပြီး အများကြီး ရှင်းရမယ့် အခန်းကတော့ 8 နှင့် 9 ပဲ။ အဲဒီ ၂ ခန်းကို တော်တော် အချိန်ယူပြီး ရေးရမယ်။ စကားမစပ် ကျွန်တော် ဒီစာအုပ် ရေးတိုင်း ကိုစိုးမင်းကို သတိရတယ်။ နောက်ပြီးတော့ သူ့ရဲ့ လက်သုံးစကားပေါ့။ ၁။ သောက်ရေးမပါတာ ဘာမှမလုပ်ဘူး။ ၂။ လောကမှာ သူများလုပ်တာ လိုက်လုပ်တာလောက် သောက်ရှက်မဲ့တာမရှိဘူး။ ၃။ ပုံမှန်အားဖြင့် မည်သည့် ဝေဖန်မှုကိုမျှ အလိုမရှိ / မလိုအပ်ပေ။ ၄။ အချို့အရာများသည် ကျွန်ုပ်၏…More

နန်းကျဘုရင်

စာအုပ်ကို ဝယ်ထားတာတော့ ကြာပြီ။ သို့ပေမယ့်လည်း ဒီစာအုပ် ဖတ်မယ်လုပ်လိုက်တိုင်း အခြား စာအုပ်တွေ အရင် ဖတ်ဖြစ်နေနေတယ်။ ဒီနေ့မှပဲ ဖတ်လို့ ပြီးသွားတယ်။ အခြား မြန်မာစာအုပ်တွေ နှင့် မတူပဲ ဖြေးဖြေးနဲ့ အေးအေးဖတ်ဖြစ်သည့် စာအုပ်တစ်အုပ်လို့ ဆိုရမယ်။ သီပေါမင်း အကြောင်းဆိုလို့ ကျောင်းမှာ သင်တာကတော့ အနည်းအကျဉ်းလောက်နဲ့ သူ့ကျွန်မခံပြီ ရုပ်ရှင်ကားလောက်ပဲ ရှိတယ်။ အောင်မြင်သည့် မင်းတစ်ပါး မဟုတ်တာရယ် နောက်ဆုံးမင်းဖြစ်တာကြောင့် ထွေထွေထူးထူး အကြောင်းအရာတွေ ကို ကျောင်းမှာ မသင်တာလည်း ဖြစ်နိုင်ပါတယ်။ နန်းကျဘုရင် စာအုပ်လေးက သီပေါမင်း အကြောင်းကို တော်တော်လေး ရေးသားထားတယ်။ ဒါ့အပြင် သီပေါမင်း နတ်ရွာစံပြီးနောက်ပိုင်း သူ့မိသားစု အခြေအနေတွေပါ ရေးထားတယ်။ မြန်မာ အတော်များများက သီပေါမင်း အကြောင်းကို…More

Queed

ဦးဝင်းတင် ရေးတဲ့ ကွိ စာအုပ်ကို မဖတ်ခင်ကတည်းက ဖတ်ကောင်းတယ်လို့ ကြားဖူးတယ်။ အခု နောက်ပိုင်း ပြန်လည် ထုတ်ဝေတာကြောင့် စာအုပ်ဆိုင်တွေ မှာ တွေ့ဖြစ်ပေမယ့် မဝယ်ဖြစ်ခဲ့ဖူး။ ဒီတစ်ခေါက် ရန်ကုန်ပြန်တော့ စာအုပ် ၃ အုပ် ဝယ်ခဲ့သည့် အထဲမှာ ဦးဝင်းတင် ရဲ့ ကွိ စာအုပ်ပါလာတယ်။ ကွိ စာအုပ်ဟာ မူရင်း စာရေးသူ Henery Sydnor Harrison ဖြစ်ပြီးတော့ ၁၉၁၁ မှာ ထုတ်ဝေခဲ့သည့် စာအုပ်ဖြစ်တာကြောင့် ဇာတ်လမ်း ဇာတ်အိမ် တည်ဆောက်မှုက အခုခေတ်ပုံစံ နှင့် အနည်းငယ်ကွဲပြားတာကို တွေ့ရပါလိမ့်မယ်။ ကွိစာအုပ်ရဲ့ ဇာတ်လမ်း ကို မကြိုက်လှပေမယ့် ဦးဝင်းတင် ရဲ့ ဘာသာပြန်မှု ကိုတော့ အတော်ကြီးကို လေးစားမိတယ်။…More

The Lost Symbol by Dan Brown

Angels & Demons , The Da Vinci Code ရုပ်ရှင်ကား ၂ ကား ကို ပြန်ကြည့်ပြီးတော့ အရှိန်မသေသေတာနဲ့ The Lost Symbol စာအုပ်ကို ဖတ်ဖြစ်တယ်။ စဖတ်ကာစကတော့ Dan Brown ရဲ့ ရှေ့က ဝတ္ထုတွေ လိုပဲ ဘာမှန်း မသိပဲ နည်းနည်း နှေးနှေး လေးလေးနဲ့ပဲ။ ဇာတ်လမ်း ဇာတ်ကွက် အသွားအလာတွေက The Da Vinci Code လို ပါပဲ။ သို့ပေမယ့် The Da Vinci Code က ပိုကောင်းတယ်လို့ ဆိုရမယ်။ The Lost Symbol ဟာ Robert Langdon ရဲ့…More