SE2020

ကိုဇင်မင်းက Software Development ပွဲ ကျင်းပဖို့ ကျွန်တော့်ကို တိုင်ပင်တော့ ၁ လ လောက်ကြာမယ် ပြောတော့ ဟုတ်ပါ့မလား ဆိုပြီး ဖြစ်မိတယ်။ အဓိက တော့ လူငယ်တွေကို code ရေးတာထက် software development  လုပ်ဖို့ ဆိုပြီး ပြောတယ်။ ကူညီနိုင်သလောက် ကူပေးပါမယ်လို ကတိပေးပြီး ကူညီ ဖြစ်ခဲ့ပါတယ်။ ပွဲကတော့ ၁ လ လောက် ကြာပေမယ့် တကယ်လုပ်ကြတယ်။ Code ရေးတာနဲ့ software တစ်ခု development လုပ်တာ မတူဘူး ဆိုတာကို သဘောပေါက်အောင် ကိုဇင်မင်း ရှင်းပြပေးနိုင်တယ်။ High Level Design တွေ document အပိုင်းတွေက ကျွန်တော်တို့ developer တွေ…More

Logitech Combo Touch iPad 7th gen

Logitech Combo Touch ကို ထွက်ထွက်ခြင်း Singapore ကနေ order မှာ ထားပေမယ့် Covid နဲ့ ကြာနေတော့ မနေ့ကမှ ရောက်လာပါတယ်။ ဒီနေ့ စမ်းကြည့်တာကတော့ ကောင်းတာလေးတွေက Design မိုက်တယ်။ သုံးထားသည့် material တွေက ကောင်းတယ်။ Keyboard ကောင်းတယ်။ Touch Pad က အတော်လေးကို ကောင်းတယ်။ Pencil ထည့်ဖို့ နေရာပါတယ်။ မကောင်းတာကတော့ အရမ်းလေးတယ် Surface လိုမျိုး keyboard ကို နောက်ကို လှဲလိုက်လို့ မရဘူး Keyboard က ပြုတ်ထွက် လွယ်တယ်။ ထောင်ဖို့ အတွက် ထောင့် degree က အရမ်းသေးတယ်။ တစ်ခုပဲ သုံးလို့ရတယ်။…More

OnRoadMap

ရုံးအတွက် Project Management tool အတွက် တော်တော်များများသုံးဖြစ်ခဲ့တယ်။ ရုံးမှာ လူများလာသည့် အခါမှာ အချို့ Tool တွေက အဆင်မပြေတာလေးတွေ ရှိလာတာနဲ့ ၃ နှစ်အတွင်း တစ်ခု ပြီး တစ်ခုပြောင်းသုံးခဲ့တာ အခု OnRoadMap ကို သုံးဖြစ်နေတယ်။ OnRoadMap ကို အဓိက သုံးဖြစ်သည့် အချက်ကတော့ ဘယ်သူတွေ ဘာလုပ်နေလဲ ဆိုတာကို တစ်နေရာတည်းမှာ ကြည့်လို့ရတာပဲ။ Basecamp က အဆင်ပြေပေမယ့် ပြသနာက ဘယ်သူတွေ အားနေတယ် ဘယ်သူတွေ ဘာတွေ လုပ်နေလဲဆိုတာ တစ်နေရာတည်းမှာ ကြည့်မရဘူး။ ဒီနေ့ ဘာတွေလုပ်ထားလဲဆိုတာကို သိဖို့ history ကို ပြန်ကြည့်နေရတယ်။ OnRoadMap မှာ အဆင်ပြေတယ်။ နောက်တချက်က Project…More

လင်္ကာဒီပ ချစ်သူ

ချစ်ဦးညိုရဲ့ လင်္ကာဒီပ ချစ်သူ စာအုပ်က ဝယ်ထားတာ အတော်ကြာပေမယ့် မဖတ်ဖြစ်သည့် စာအုပ် တစ်အုပ်ပါ။ ကောင်းတယ်ဆိုတာ သိထားပြီးသား ဖြစ်သလို တကယ်လည်း ဖတ်ကြည့်တော့ ၁ ရက် တည်းနဲ့ ပြီးသွားပါတယ်။ တကယ်လည်း ကောင်းသည့် စာအုပ်ပါ။ စဖတ်ကြည့်တော့ ဖတ်ရတာဟာ နန်းကျ ဘုရင် စာအုပ်ကို စဖတ်လိုက်ရ သလိုပဲ။ ဇာတ်သိမ်းက အရှုံး နဲ့ သိမ်းရမယ် ဆိုတာ ဖြစ်ပေမယ့် တော်တော်လေး အားစိုက်ပြီး ဖတ်ရသည့် စာအုပ်တစ်အုပ် ဆိုလည်း မမှားဘူး။ နန်းကျ ဘုရင် စာဖတ်သည့် အရသာ အတိုင်းပါပဲ။ ဘယ်အချိန် ဘယ်လို ဇာတ်သိမ်း မလဲ ဆိုတာ ဖတ်ရင်း နဲ့ သိချင်နေမိတယ်။ စာအုပ်က ဒဿဂီရီ…More

နေရူး၏ ထောင်တွင်းမှ သမီးထံ ပေးစာများ

လူထု ဒေါ်အမာ ဘာသာပြန်ပြီး ရေးထားသည့် စာအုပ်လေး တစ်အုပ်ပါ။ နေရူး အကြောင်း ကို ဦးနုရဲ့ တာတေ စနေသား ဖတ်ပြီး ကတည်း ဖတ်ကြည့်ချင်ခဲ့တယ်။ နေရူးဟာ ဘယ်လိုမျိုးလူလဲ ဆိုတာ ဦးနု ပြောတာ တစ်ခုတည်းနဲ့ မယုံကြည်ချင်တာလည်း ပါတယ်။ ဒီစာအုပ်ဟာ ဝယ်ထားတာကြာပေမယ့် ရှေ့မှာ စာအုပ် ၂ အုပ် ခံသွားလို့ အခုမှ ဖတ်ဖြစ်တယ်။ ပါးပါးလေးပဲ။ ၁ ရက် ပဲ ကြာတယ်။ စာတွေ အများကြီးထဲမှာ စာ ၂၁ စောင်ထဲပဲ ပါလို့ အားမရ မိတာ အမှန်ပဲ။ စာတွေ ဖတ်ကြည့်လိုက်တိုင်း သမီးပေါ်မှာထားသည့် အချစ် နှင့် နိုင်ငံပေါ်မှာ ထားသည့် စိတ်ကို မြင်ရတယ်။ တကယ်ကို လေးစားဖို့ ကောင်းသည် ။ သူ့စာတွေ ဖတ်ကြည့်လိုက်တော့ ပညာတတ်တယ်။ အင်္ဂလိပ်ကို မုန်းတာ မဟုတ်ဘူး။…More

It Doesn’t Have to Be Crazy at Work

Remote , ReWork , Getting Real စသည့် စာအုပ်တွေကို ဖတ်ထားတော့ basecamp က နောက်ထပ် ထုတ်သည့် It Doesn’t Have to Be Crazy at Work ကိုလည်း မထွက်ခင် ကတည်းက pre order လုပ်ထားဖြစ်တယ်။ စာမျက်နှာ ၂၄၀ ပဲရှိပြီး အပိုင်း လေးတွေ နဲ့ ဆိုတော့ ဖတ်ရတာ ပေါ့ပေါ့ပါးပါး ရှိတယ်။ မြန်မြန်ဆန်ဆန် နဲ့ ပဲဖတ်လို့ ပြီးသွားတယ်။ Basecamp က CEO ဟာ ၁၉ နှစ်တာ ကာလ အတွင်း သူကြုံခဲ့ရသည့် ပြဿနာတွေကို အခြေခံပြီးတော့ ဖြေရှင်း နည်းလေးတွေ ကို…More

Reasons for not to buy poco f1

Poco F1 က နာမည်ကြီးနေတာနဲ့ win mobile မှာ ရောက်ရောက်ခြင်းပဲ ဝယ်ဖြစ်တယ်။ Performace နှင့် battery ကတော့ ပြောစရာ မရှိဘူး။ သုံးရတာ နှေးသွားတာ ဟန်းသွားတာ မရှိဘူး။ MIUI ကို poco f1 အတွက် ပြန်ပြင်ထားပေးသည့် အတွက် အဆင်ပြေတယ်။ Launcher ကိုတော့ အတော်သဘောကျတယ်။ MIUI ထက် အများကြီး ပေါ့တယ်။ မကြိုက်သည့် အချက်တွေ ကတော့ ရှိတယ်။ Plastic Body Body က ပလပ်စတစ် ဖြစ်နေသည့် အတွက် ခပ်ပေါပေါ လို ထင်မိတယ်။ A2 တောင် အလူမီနီယံ နဲ့ ဆိုတော့ F1 က ဈေးလျော့လို့ ရအောင် ဝိတ်လျော့ထားတယ်လို့ ထင်တယ်။ NO OLED (or AMOLED)…More

နန်းကျဘုရင်

စာအုပ်ကို ဝယ်ထားတာတော့ ကြာပြီ။ သို့ပေမယ့်လည်း ဒီစာအုပ် ဖတ်မယ်လုပ်လိုက်တိုင်း အခြား စာအုပ်တွေ အရင် ဖတ်ဖြစ်နေနေတယ်။ ဒီနေ့မှပဲ ဖတ်လို့ ပြီးသွားတယ်။ အခြား မြန်မာစာအုပ်တွေ နှင့် မတူပဲ ဖြေးဖြေးနဲ့ အေးအေးဖတ်ဖြစ်သည့် စာအုပ်တစ်အုပ်လို့ ဆိုရမယ်။ သီပေါမင်း အကြောင်းဆိုလို့ ကျောင်းမှာ သင်တာကတော့ အနည်းအကျဉ်းလောက်နဲ့ သူ့ကျွန်မခံပြီ ရုပ်ရှင်ကားလောက်ပဲ ရှိတယ်။ အောင်မြင်သည့် မင်းတစ်ပါး မဟုတ်တာရယ် နောက်ဆုံးမင်းဖြစ်တာကြောင့် ထွေထွေထူးထူး အကြောင်းအရာတွေ ကို ကျောင်းမှာ မသင်တာလည်း ဖြစ်နိုင်ပါတယ်။ နန်းကျဘုရင် စာအုပ်လေးက သီပေါမင်း အကြောင်းကို တော်တော်လေး ရေးသားထားတယ်။ ဒါ့အပြင် သီပေါမင်း နတ်ရွာစံပြီးနောက်ပိုင်း သူ့မိသားစု အခြေအနေတွေပါ ရေးထားတယ်။ မြန်မာ အတော်များများက သီပေါမင်း အကြောင်းကို…More