EZ-Link

စင်္ကာပူမရောက်ခင်ကတည်းက EZ-Links အကြောင်းကို ကြားဖူးခဲ့တာပါ။ UCSY မှာ သူငယ်ချင်းတစ်ယောက် စင်္ကာပူသွားတုန်းက စင်္ကာပူမှာ ရထားစီး ကားစီသည့် အကြောင်းပြောကတည်းက စိတ်ဝင်စားမိတယ်။ အဲဒီတုန်းက NFC , RFID စတာတွေကို လုံးဝ မသိသေးဘူး။ Internet က တော်တော်မြန်လို့ စက္ကန့်အတွင်း ငွေဖြတ်သွားနိုင်တယ်လို့ ထင်မိတယ်။

ezlink

နောက် စင်္ကာပူရောက်တော့မှ NFC တို့ RFID တို့ကို စသိလာရတယ်။ EZ Links ဟာ Sony FeliCa smart card ကို အခြေခံပြီးလုပ်ထားတာပါ။ RFID technology ဖြစ်ပြီး card အတွက် battery မလိုအပ်ဘူး။ power ကို card reader ကနေ တဆင့် အသုံးပြုပါတယ်။ EZ Links အထဲမှာ chip လေး တစ်ခုပဲ ရှိပြီးတော့ 212 kbit/s ကို 13.56 MHz radio frequency (RF) interface ပေါ်မှာ အလုပ်လုပ်ပါတယ်။ data speed ကတော့ 847 kbit/s နှုန်းနဲ့ သွားပါတယ်။ Security အတွက် Triple DES algorithm ကို အသုံးပြုထားပါတယ်။ RFID card တစ်ခုဟာ ပုံမှန် ၃ နှစ်ကနေ ၅ နှစ်လောက် အထိ ခံပါတယ်။

RFID က radio waves ကို အသုံးပြုပါတယ်။ NFC ကတော့ RFID အမျိုးအစားထဲက အခွဲလေးတစ်ခုပါပဲ။ NFC ဟာ High Frequency (HF) RFID ဖြစ်ပြီး 13.56 MHz frequency နဲ့ အလုပ်လုပ်ပါတယ်။ NFC ဟာ data exchange အတွက် secure form အနေနဲ့ design လုပ်ထားပါတယ်။ NFC ဟာ peer to peer communicate လုပ်လို့ရပါတယ်။

သူတို့ ကွာခြားပုံကို အောက်က ပုံလေးကို ကြည့်နိုင်ပါတယ်။

RFID vs NFC

http://blog.atlasrfidstore.com/near-field-communication-infographic/

NFC နဲ့ RFID အကြောင်းပြောရင်း EZ Links အကြောင်းတောင် ပျောက်သွားပြီ။ EZ link ကို ERP, bus, MRT တွေ နောက်ပြီးတော့ 7/11 လိုမျိုး convenience store တွေမှာလည်း ငွေချေလို့ ရပါတယ်။ Bus ကားတွေပေါ်မှာ အင်တာနက် မရှိပါဘူး။ ငွေချေသည့် အခါမှာ bus ကားပေါ်မှာရှိတဲ့ reader လေးကို tap လုပ်လိုက်ရုံပါပဲ။ အဲဒီအခါ reader ကနေ card ကို ဖတ်ပြီး ကဒ်ထဲမှာ ငွေဘယ်လောက် ရှိလဲ ဆိုတာကို သိနိုင်ပါတယ်။ နောက်ပြီး ကဒ်ထဲမှာ ဘယ်ကနေ စစီးတယ်ဆိုတာကို မှတ်ထားလိုက်ပါတယ်။ ပြန်ထွက်သည့် အခါမှာ ဘယ်ကနေစီးတယ်ဆိုတာပေါ်မှာ မူတည်ပြီးတော့ ငွေ amount ကို card ထဲကနေ နှုတ်လိုက်ပါတယ်။ ဘာ internet မှ မလိုပါဘူး။ EZ Link ဟာ prepaid card တစ်ခု ဖြစ်ပြီးတော့ ငွေကို ကြိုထည့်ထားရတယ်။ MRT , Bus ကား စတာတွေကို စီးသည့် အခါမှာ card ထဲက amount data လေး သွားပြင်လိုက်တာပဲ ရှိတယ်။ transaction တွေကို bus တွေနဲ့ ezlinks တို့ ဘယ်လိုပေါင်းပြီး ငွေထုတ်သလဲ ဆိုတာကိုတော့ ကျွန်တော သေချာမသိပါဘူး။ ဖြစ်နိုင်ခြေရှိတာကတော့ တနေ့တာ ကုန်ပြီးသည့် အခါမှ ဒီနေ့ ဘယ်လောက်ဝင်လဲ ဆိုတာကို ကားဂိတ်တွေ မှာ တွက်မယ်လို့ ထင်ပါတယ်။ အဲဒီအတွက်လည်း ez-link ကို transaction list လေး ပေးလိုက်ဖို့ပဲ ရှိတယ်။ တနည်းပြောရရင် ဘယ်သူ့လက်ထဲမှာမှ ငွေသား မကိုင်လိုက်ရပဲ ငွေဝင် ငွေထွက် စတာတွေကို internet မပါပဲ အလုပ်ဖြစ်သွားတယ်။ internet အတွက် နောက်ဆုံးပြီးသွားပြီဆိုမှ အသုံးပြုရုံလေးပဲ။

EZ Link မှာ အဓိက ကတော့ prepaid ဖြစ်နေပြီးတော့ card ထဲမှာ ငွေမရှိတော့ရင် ငွေဖြည့်ဖို့ နေရာ ရှာရတာပဲ။ MRT တွေမှာ Ticketing Machines တွေ ရှိပြီးတော့ ကိုယ့်ရဲ့ bank card နဲ့ ငွေဖြည့်လို့ရတယ်။ ဒါမှမဟုတ် ATM စက်တွေမှာလည်း ငွေဖြည့်လို့ရတယ်။

ticket machine

bus ကားတက်ပြီးသည့်အချိန်မှ ငွေ မရှိလို့ ပြန်ဆင်းလာရရင် အရမ်းကို စိတ်ပျက်စရာကောင်းတာ။ bus ကားကိုး cash နဲ့ ပေးလို့ ရပေမို့ ဈေးပိုကြီးတယ်။ ငွေပြန်မအမ်းဘူး။ စက်ထဲကို ငွေ ထည့်လိုက်ရပြီး receipt လေးထွက်လာတာပဲ ရှိတယ်။ အနည်းဆုံးတော့ S$2 လောက်ထည့်ရတယ်။ မတန်လှဘူး။ ez link ဖြည့်ဖို့အတွက် အနီးဆုံး ATM ကို ရှာပြီး ဖြည့်ရတယ်။ POSB/DBS ATM တွေဟာ နေရာတိုင်းနီးပါးမှာ ရှိလို့ အဆင်ပြေတယ်။ EZ Link ရဲ့ နောက်ပြဿနာက ကဒ်ထဲမှာ ငွေဘယ်လောက် ရှိသလဲဆိုတာကို လိုအပ်သည့် အချိန်မှာ စစ်မရတာပဲ။ ခုနကလို Ticketing Machines တွေမှာပဲ ငွေကျန်သေးလား သွားစစ်နေရတာပဲ။ နောက်ပိုင်းမှာတော့ auto topup လေးတွေ ရလာပြီလို့ ဆိုပါတယ်။ တစ်ခါမှတော့ မစမ်းဖြစ်လိုက်ဘူး။

ဘာပဲပြောပြော bus ကားစီးဖို့ ငွေသား သုံးဖို့ မလိုသလို MRT စီးလည်းဒါ ကားစီးလည်းဒါ ဆိုတော့ အတော်လေးကို အဆင်ပြေပါတယ်။ 7/11 မှာ ပေးဖို့ အကြွေမရှိရင်လည်း အဲဒါလေးနဲ့ပဲ ငွေရှင်းလိုက်တယ်။

1 Comment

  1. YLA says:

    You can pay exact amount of coins if you have it for the bus fare. =D

Leave a Reply to YLA Cancel reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.