ဝါသနာ

အခုတလော COE အကြောင်းဆွေးနွေးတာကို ပုံမှန်မဟုတ်ရင်တောင် တော်တော်များများ ဖတ်ဖြစ်ပါတယ်။ တော်တာ်လေးကိုလည်း ဆွေးနွေးတာတွေ ကို သဘောကျတယ်။ သို့ပေမယ့် အချို့ ဆွေးနွေးချက်တွေက သွေဖယ်ပြီ အခြား အကြောင်းတွေ ရောက်တာလေးတွေလည်း တွေ့ရတယ်။ ဒါကတော့ ဖြစ်တတ်တဲ့ သဘောပါပဲ။ ကျွန်တော် ဘာကို သွားတွေ့သလဲ ဆိုတော့ တကယ်မလုပ်လို့ တကယ်မရတာ မတတ်နိုင်ဘူး။ ကျောင်းပြီးတော့ အလုပ်မရပဲ ယောင်ချာချာ ဖြစ်နေရတာတွေ အကြောင်းလေးတွေလည်း တွေ့လိုက်ရတယ်။ တကယ်တော့ တချို့တွေရဲ့ ဘဝက ရွေးချယ်စရာ မရှိလို့ပါ။ ဆေးကျောင်းတက်မယ်ဆိုပြီး ငယ်ငယ်ကတည်းက ရည်မှန်းထားပြီးတော့ ၁၀ တန်းမှာ အမှတ်လည်း ကပ်ပြီး ကျန်ခဲ့ရတာတွေ ယောက်ျားလေးထက် အမှတ်များပြီး မိန်းကလေးဖြစ်လို့ ကိုယ့် ၁၀ တန်း အမှတ်က ဝင်ခွင့်…More