News

  • စာမေးပွဲလည်းပြီးပြီ ဒါပေမယ့်ဗျာ…ကျွန်တော့်တို့ နေတဲ့ ဘက်ပိုင်းမှာတစ်နေ့ကို မီးက ၆ နာရီပဲလာတယ်…အဲဒါ သေရောဗျာ…ရေးမယ်လုပ်ထားတဲ့ project တွေလည်း မလုပ်နိင်တော့ဘူး…blog ရေးဖို့ လုပ်လိုက်တိုင်းလည်း မီးက ပျက်သွားတယ်…ဘာဆိုဘာမှ လုပ်လိုကမရဘူး..မီးက ည ၆ နာရီက နေ ၁၂ နာရီထိ တစ်ခါ…နောက်နေ့ရောက်ရင် ည ၁၂နာရီက နေ မနက် ၆ နာရီထိပဲလာတယ်…လူအိပ်ချိန်ကြီးဗျာ….အခုတော့ စာမေးပွဲပြီးပြီဆိုတော့ လာတဲ့ အချိန်လေးပဲ ကြိုးစားပြီးလုပ်ရတော့မယ့်…ကျောင်းပိတ်တော့ အိပ်ရေးပျက်လို့ရတယ်…ကျောင်းဖွင့်ရင်တော့ မလွယ်ဘူး….Second Term ရောက်ရင် ကျောင်းကားက မနက် ၈နာရီထွက်မယ်တဲ့ဗျာ….ရက်စက်ပါ့…အင်း စဉ်းစားရင်း စဉ်းစားရင် ရန်ကုန်ကို တကယ် စိတ်ကုန်တယ်…

  • ကျွန်တော်တို့ MYSTYER ZILLION COMPUTER FORUM ကို… http://www.mysteryzillion.com /forum/ Computer ပိုင်းတွင် အခက်အခဲဖြစ်နေသူများ…Computer ပိုင်းကို စတင်လေ့လာသူများ…Computer ပိုင်းတွင် ဆွေးနွေးလိုသူများ…Computer ပိုင်းတွင် နည်းပညာဖြန့်ဝေလိုသူများ… နှင့်Computer ပိုင်းနှင့်သက်ဆိုင်သော နယ်ပယ်လေးတစ်ခုကို ကျွန်တော်တို့ တည်ဆောက်ထားခြင်းဖြစ်သည် မြန်မာများ စိတ်ချမ်းသာကိုယ်ချမ်းသာစွာဖြင့်….ဗဟုသုတ ၊ ပညာများ တိုးတက်စေလိုသောကြောင့်…ကျွန်တော်တို့ ကြိုးစားပြီး တည်ဆောက်ထားခြင်းပင်Member များ ၊ လာရောက်လေ့လာသူများ အားလုံး စိတ်ရောလူရော ကျန်းမာချမ်းသာပါစေ ခင်ဗျာ… Saturngod

  • Apirl Fool တွင် အရူးမလုပ်ပဲ…MYSTERY ZILLION COMPUTER FORUM ကြီးကို စတင်ဖွင့်လှစ်လိုက်ပါတယ်…www.mysteryzillion.com/forum/

  • အင်တာနက်အိမ်ကနေ သုံးတာကိုလျှော့မှပဲ…ဒီနေ့ bill လည်းရရောလန့်တောင်လန့်သွားတယ်….32 FEC တဲ့ဗျာ…Usage Over 12:32 တဲ့…သေရော….ရှိတဲ့ ပိုက်ပိုက်လေးတွေကတော့ ပြန်ခန်းအုံးမယ်..စာမေးပွဲပြီးရင်တောင် လည်ဖို့ မပြောနဲ့ အကြွေးတောင်တင်အုံးမယ်….စိတ်ညစ်တယ်…စာတွေလည်းမရသေးပါဘူးဆိုမှ…အင်း….စာမေးပွဲပြီးရင်တော့ Spam ပို့တဲ့ အကြောင်းလေးရေးပါအုံးမယ်…7 April ရောက်ရင်ပေါ့…အခုတော့ စာတွေ လိုက်ကူးလိုက်အုံးမယ်…

  • ယခု ကျွန်တော့် မိတ်ဆွေသူငယ်ချင်းတွေဆီကို ကျွန်တော့်နာမည်နဲ့ ဂျာနယ်မကောင်းကြောင်းစာ ပေးပို့ခဲ့တယ်လို့သိရပါတယ်….အဲဒီစာကို ကျွန်တော်ပို့တာမဟုတ်ပါဘူး…နောက်ပြီး အဲဒီစာက ကျွန်တော့် Gmail SMTP server ကထွက်တာလည်း မဟုတ်ပါဘူး…ဘယ်သူလုပ်လဲဆိုတာကိုတော့ ကျွန်တော်မသိရသေးပါဘူး….ကျွန်တော့်နာမည် အလွဲသုံးစားလုပ်ပြီး ရောက်ရှိလာတဲ့ စာများအတွက်….မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများကို တောင်းပန်ပါတယ်….

  • Gmail က စာဝင်တဲ့ ပုံစံနည်းနည်းပြောင်းသွားတာလား မသိဘူး..ဒါမှ မဟုတ် server ပဲ hack ခံရတာလားမသိဘူး…MMGltie မှာ စာဝင်တဲ့ ပုံစံ မတူဘူးဖြစ်သွားတယ်…Tag တွေ ကြောင့် ပြသနာတက်သွားတယ်ဗျာ..< တွေကို သူက u003c ဆိုပြီးပြောင်းလိုက်တာ...အခုတော့ ကျွန်တော်ပြင်ပြီးသွားပါပြီ….နဂိုအတိုင်းပြန်ပေါ်အောင်လုပ်ပြီးပါပြီ…

  • ကျွန်တော့်အား web hosting sponsor ပေးသော USA မှ ကျွန်တော့် အစ်ကို အား အထူးပင်ကျေးဇူးတင်ပါသည်။ အစ်ကို့ကျေးဇူးကြောင့် ကျွန်တော်ဒီထက် ကောင်းသော project များကို ရေးသားလို့ရပါပြီ။ Traffic ပြသနာလည်း ဖြေရှင်းပြီးသားဖြစ်သွားပါပြီ။ ဒီကနေ ကျွန်တော် အစ်ကို့ ကိုကျေးဇူးအရမ်းတင်ရှိပါတယ်။

  • MMGlite တွင် Attachment File များကို http://mmglite.awardspace.com တွင် အသုံးပြုနိုင်ပါသည်။ mmglite2.awardspace.com တွင် အသုံးမပြုနိုင်ပေ။ အဘယ်ကြောင့် ဆိုသော် domain နာမည် တွင် Number ပါဝင်လာသောကြောင့် Attach File Upload လုပ်ရာတွင် ပြသနာဖြစ်ပေါ်သောကြောင့် upload လုပ် မရခြင်းဖြစ်ပါသည်။