ကျွန်းသေးသေးသို့ထွက်ခွာခြင်း – ၂

ကဲ… ကျွန်သေးသေးလေးကို သွားဖို့ အသင့်ဖြစ်ပြီ။ ကိုယ့်ကိုယ်လည်း ယုံကြည်တယ်။ ကိုယ့်ရဲ့ အတွေ့အကြုံ experience ကလည်း ၂ နှစ်လောက်ရှိတယ်။ recommendation တွေလည်း အပြည့်အစုံရှိတယ်။ reference တွေကလည်း ကောင်းပါ့။ တတ်တာတွေကလည်း နောက်ဆုံးပေါ် နည်းပညာတွေကြီးပဲ။ ဒါဆိုရင်တော့ စလုံးထွက်တာ မမှားဘူးပေါ့။ အဲလို မဟုတ်ပဲ။ သူ ဟိုမှာ ၁ လ သိန်း ၂၀ လောက်ရတယ်။ လခကလည်း အများကြီးပဲ။ ကိုင်တဲ့ ဟန်းဖုန်းကလည်း ကောင်းပါ့။ Laptop ကလည်း အကောင်းစားကြီး သုံးနေတာ။ ငါလည်းထွက်ရင် အဲလိုမျိုးတွေ ရမှာပဲဆိုတဲ့ ခပ်ဂေါက်ဂေါက်အတွေး အခေါ်နဲ့ထွက်လာမယ်ဆိုရင်တော့ ကံကိုပဲပုံအပ်လိုက်ပေတော့ဗျာ။ မထွက်လာခင် နေဖို့ စားဖို့ နောက်ပြီး ၁ လအတွင်း အလုပ်မရရင် ဘယ်လိုလုပ်မလဲ။ အများကြီး သေသေချာချာ စဉ်းစားပြီးမှ ထွက်သင့်တယ်။ ဒီမှာမနေချင်ဘူး။ ဒီနိုင်ငံက အလကား။ ၂ပဲ၁ပြား လခ နဲ့။ ထွက်ပြီးပဲ အလုပ်လုပ်မယ်။ အဲလိုမျိုး စဉ်းစားပြီး ထွက်လာမယ်ဆိုရင် ကိုယ့်ကိုယ်ပြန်မေးကြည့်ပါ။ ငါဘယ်လောက်တတ်လဲ။ ငါဘယ်လောက် လုပ်နိုင်လဲ။ မလာခင်မှာ job တွေကိုကော ရှာပြီးပြီလား။ itmgmg site မှာ အလုပ်ရှာဖို့ အတွက် website တွေပါထားတော့ ကျွန်တော် ထပ်မပြောတော့ဘူး။ အလုပ်တွေနဲ့ ကိုယ်အဆင်ပြေလား။ ကိုယ်လုပ်နိုင်လားဆိုတာကို အရင်ဆုံး ချိန်ဆကြည့်ပါ။ အလုပ်တော်တော်များများက ကိုယ်နဲ့ကိုက်တယ်။ ကိုယ်လုပ်နိုင်တယ်ဆိုရင်တော့ ထွက်ပေါ့ဗျာ။

မထွက်ခင်ပြင်ဆင်မှု

ရှေ့မှာ ကိုဇက် ကော ကိုဇင်မင်းကော ရေးထားတာတွေနဲ့ တင်ပြည့်စုံနေပြီ။ ကျွန်တော်ကတော့ မထွက်ချင်ပဲ ထွက်လာရတာ အမှန်ပါ။ မဖြစ်တဲ့ အကြောင်းလေးတွေ ရှိလို့ ဒီ ကျွန်းသေးသေးလေးကို ထွက်လာရတာ။ ကဲ.. ထွက်ဖို့အတွက် အကုန်အဆင်သင့်ဖြစ်ပြီလား။ ဟိုမှာနေဖို့ကော စုံစမ်းပြီးပြီလား။ ၁ လ စာကော လောက်မလား။ ၁ လဘယ်လောက်ကုန်တယ်ဆိုတာကိုကော စုံစမ်းပြီးပြီလား။ အကုန်လုံး အဆင်ပြေနိုင်တယ် ဆိုရင်တော့ ထွက်လာလို့ရပြီပေါ့။

ကျွန်းသေးသေးသို့ ရောက်ရှိခြင်း

စရောက်ကာစလူတွေကို ကျွန်းသေးသေးက အဝင်အဝမှာ နည်းနည်းလေး စစ်တာလေးတွေရှိတယ်။ သိပ်ပြီးတော့လည်း မကြောက်ပါနဲ့ ကိုယ့်ဘက်က မှန်မှန်ကန်ကန် ရှင်းပြနိုင်ရင် ရပါတယ်။ ၁ လလောက်နေခွင့်တောင်းထားရင်တော့ စလုံး ၁၀၀၀ သို့မဟုတ် ၁၅၀၀၀ လောက် show money ပြနိုင်ရင် ရတယ်။ တကယ်လို့ PR ရဲ့ sponsor နဲ့ဆိုရင် sponsor letter နဲ့ PR copy ကူးထားတာလေး ပြလိုက်ရင် ရပါတယ်။ လူတိုင်းတော့ အစစ်မခံထိပါဘူး။ နေခွင့်တောင်းတာ အရမ်းများပြေီး ပိုက်ဆံ နည်းနည်းပဲ ပါတဲ့သူတွေကို အဓိက စစ်တယ်။ ဒါတွေက အေးအေးဆေးဆေးနဲ့ ကျော်ဖြတ်လို့ရပါတယ်။

အလုပ်ရှာခြင်း

အလုပ်ရှာရတာ ခက်ခြင်း မခက်ခြင်းက ကံနဲ့ ပညာ နဲ့ဆိုင်တယ်။ နောက်ပြီး ဉာဏ်လည်းလိုတယ်။ cover letter ကောင်းကောင်းရေးတတ်ရမယ်။ နောက်ပြီးတော့ CV ကောင်းကောင်းရေးတတ်ရတယ်။ ကိုယ့် CV မှာ ကိုယ့်အရည်အချင်းပေါ်လွင်နေအောင် ရေးဖို့ အဓိကကျတယ်။ ကိုယ်ဘာတွေလုပ်ဘူးတယ်။ ဘာတွေ လုပ်တတ်တယ်။ ဘယ်အပိုင်းမှာ ဘယ်လောက် အရည်အချင်းရှိတယ်။ ဘယ် project တွေမှာ ဘယ်အပိုင်းကို အဓိက လုပ်ခဲ့တယ်။ နောက်ပြီး CV ကို attachment နဲ့ ပို့တာလည်း ပို့ပေါ့။ Gmail မှm cover letter အောက်က တစ်ခါတည်း ဖော်ပေးနိုင်ရင် ပိုကောင်းတယ်။ သူတို့အနေနဲ့ download ချစရာမလိုတော့တဲ့အတွက် ချက်ခြင်း ကြည့်နိုင်တယ်။ အနည်းဆုံးတော့ ကိုယ့်အရည်အချင်းတွေကို သူတို့ကြည့်လိုက်နိုင်တာပေါ့။

http://www.pitchyourtalent.com/ မှာ ကိုယ့်အရည်အချင်းကို တင်ထားပါ။ အလုပ်ရှင်တွေက သင့်ကို ရှာတွေ့နိုင်ဖို့ အခွင့်အရေးပါ။ ကျွန်တော့်တုန်းကဆိုရင် အဲဒီကနေ အဓိက ဆက်သွယ်ကြတာပဲ။ နောက်ပြီး ယုံကြည်သည်ဖြစ်စေ မယုံကြည်သည် ဖြစ်စေ ကွမ်ရင်မယ်တော်ဆီကိုတာ့ သွားကြတာပဲ။ သွားလိုက်တာ ကိုယ့်အမှားမဟုတ်ပါဘူး။ သွားပြီး ရှိခိုး အဓိဌာန်ပြုလိုက်ခြင်းအားဖြင့် သင့်ကို အားဖြစ်စေပါတယ်။ နောက်ပြီး ဗုဒ္ဓဘာသာဆိုရင်တော့ သမ္ဗုဒေ ရွတ်စေချင်တယ်။ ဒီအတိုင်း ပါးစပ်က ရွတ်တာကိုပြောတာမဟုတ်ဘူးနော်။ ဘာသာပြန် အနက်အဓိပ္ပာယ်ကို သိပြီးမှရွတ်စေချင်ပါတယ်။ ဘာသာပြန် အနက်ကို အရမ်းကောင်းပါတယ်။ ရှာပြီး ဖတ်ကြည့်လိုက်ပါ။ ဗုဒ္ဓဘာသာ ကောင်းတစ်ယောက် စာအုပ်မှာလည်း ပါဝင်ပါတယ်။

အင်တာဗျူး

ကျွန်တော်က ၂၃ ရက်နေ့ ညရောက်ပြီး ၂၇ ရက်နေ့ည online ပေါ်ကနေ အင်တာဗျူးတယ်။ ၂၈ ရက်နေ့ လူတွေ့သွားတယ်။ လူတွေ့ မေးတော့ ကျွန်တော့် english က မကောင်းဘူးဗျ။ ရန်ကုန်မှာ ပြောဆိုနေကြမဟုတ်တော့ သူပြောတာ ကိုယ်နားလည်တယ်။ ကိုယ်ပြောတာ သူနားမလည်ဘူးဖြစ်နေတယ်။ ဒါပေမယ့် သူက ကိုယ့် စကားပြောထက် ကိုယ်လုပ်ဘူးတဲ့ project တွေကို စိတ်ဝင်စားတာ။ လက်ထားဘူးတဲ့  project တွေကို ပြလိုက်တော့ သဘောကျသွားတယ်။ ဘာကြောင့် သဘောကျလဲဆိုရင် ကျွန်တော် အင်တာဗျူးမသွားခင် company website ကို ဝင်ပြီး သူတို့ဘာတွေ လုပ်ထားလဲ။ ဘာတွေကို အဓိက သုံးလဲ။ သူတို့တွေရဲ့ အဓိက ဘာလိုင်းကို သွားနေတာလဲ။ founder ကဘယ်သူလဲ။ စတာတွေ အကုန်လုံးကို အရင်လေ့လာထားပါတယ်။ အဓိက ajax နဲ့wordpress ဖြစ်တာကြောင့် ajax နဲ့ လုပ်ထားတဲ့ အပိုင်းနဲ့wordpress theme, plugin တွေရေးထားတာတွေကို ပြလိုက်တာပါ။ နောက်ပြီး မသွားခင် jquery နဲ့ blog engine တစ်ခုကို ၁ ရက်ထဲနဲ့ ရေးလိုက်တယ်။ ပြီးတော့ jquery သုံးထားတယ်။ နောက်ပြီး MVC သုံးထားတယ်။ အဓိကတော့ သူတို့တောင်းဆိုတဲ့ အချက်တွေ အကုန်ကိုယ့်မှာ ရှိကြောင်း ပြသလိုက်တာပါ။ သူတို့ ဘာတွေ တတ်ဖို့ လိုလဲဆိုတာကို အလုပ်လျှောက်ချိန်မှာ အကုန်ရေးထားတယ်။ အဲဒီအချက် အကုန်လုံးနဲ့ မကိုက်တာတောင် ၉၀% လောက် ကိုက်ကြောင်း ပြသဖို့လိုတယ်။ ပြီးရင်တော့ လက်တွေ့ လုပ်ရတာပဲ။ အဲဒါကတော့ ကိုယ့် experience ရှိရင် အဆင်ပြေပါတယ်။ ဘယ်သူမှလည်း ခက်ခက်ခဲခဲ မလုပ်ခိုင်းဘူး။ လွယ်လွယ်ကူကူလေးတွေပဲ လုပ်ခိုင်းတာပါ။ အင်တာနက်သုံးလို့ရတယ်ဆိုတော့ အရမ်းအဆင်ပြေတယ်။ အင်တာဗျူးက ၂ နာရီ လက်တွေ့က ၂ နာရီ စုစုပေါင်း ၄ နာရီလောက်တော့ ပေးရပါတယ်။

သူတို့သဘောကျရင်တော့ ချက်ခြင်းပဲ အလုပ်အတွက် ဆွေးနွေးပါလိမ့်မယ်။ တကယ်လို့ အရမ်းသဘောမကျဘူးဆိုရင်တော့ ပြန်ဆက်သွယ်မယ်လို့ ပြောပါလိမ့်မယ်။ ကိုယ့်အရည်အချင်းက ပြည့်ဝတယ်ဆိုရင် ကိုယ့်လိုလူကို သူတို့ ရှာမတွေ့ဘူးဆိုရင်တော့ ကိုယ့်ကို ဆက်သွယ်မှာ သေချာပါတယ်။

အလုပ်က ကိုယ့်ကို ရှာဖွေခြင်း

ခုနက ပြောခဲ့တဲ့ pitchyourtalent မှာ တင်ထားခဲ့မယ်ဆိုရင် အလုပ်က သင့်ကို လာရှာပါလိမ့်မယ်။ ကျွန်တော့် အလှည့်တုန်းက ၅ ခုလောက်က ဖုန်းဆက်ပြီးတော့လည်း ဆက်သွယ်တာရှိတယ်။ mail နဲ့ဆက်သွယ်တာလည်းရှိတယ်။ blog မှာ comment ဝင်ပေးပြီးတော့ ဆက်သွယ်တာတွေလည်းရှိပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ အလုပ်က ရပြီးသားဖြစ်သွားလို့ အကုန်လုံးကို အလုပ်ရပြီ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။ အချို့ အလုပ်တွေဆို ကိုယ့်ဆီ ဖုန်းဆက်ပြီး တကယ်ရသွားပြီလား။ ပြောင်းဖို့ အစီအစဉ်ရှိလား။ ဘာနဲ့ လုပ်နေတာလဲ။ စတာတွေကိုပါ မေးတာတွေ ရှိပါတယ်။ တစ်ခုတော့ သိသွားတယ်။ အလုပ်ရပြီဆိုတာနဲ့ ကိုယ် ဖွင့်ထားတဲ့ pitchyourtalent ကို ပြန်ပိတ်ဖို့လိုတယ်။ နောက်ပြီး အခြား အလုပ်ရှာဖွေရေး site တွေမှာလည်း သွားပြီး ပိတ်ဖို့လိုပါတယ်။

5 Comments

  1. kom says:

    လာလာဖတ်တယ်။

  2. hana says:

    nice !
    thanks for sharing.

  3. Ice_Cream says:

    အားကျပါတယ်။ တနေ့သွားဖို့ရည်ရွယ်ထားတာမို့ .. အကို့လိုမတော်တောင် ဘာတွေလေ့လာကြိုးစားရမယ်ဆိုတာလေး Guide line ပေးပါလား။ ဥပမာ ဘာသင်တန်းတတ်ရမယ်ဆိုတာပါ။

    1. saturngod says:

      ကိုယ့်အားကိုယ်ကိုးပါ။ သင်တန်းကို အားကိုးမယ်လို့ ဘယ်တော့ မှ မစဉ်းစားနဲ့။ ကိုယ့်အားကိုယ်ကိုးပြီး လေ့လာပါ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.