Making DEB package

ကျွန်တော်တို့တွေ အခု .deb package တစ်ခုဖန်တီးကြည့်ပါမယ်။ သိပ်မခက်ပါဘူး အရမ်းကို လွယ်ပါတယ်။ အခုတည်ဆောက်မှာကတော့ Wininnwa font package ပါ။

ကဲ… ကျွန်တော်တို့တွေ desktop မှာ Wininnwa ဆိုတဲ့ Folder အရင်ဆောက်ပါမယ်။
ပြီးရင် ကျွန်တော်တို့တွေ font ထည့်ရမယ်။

ပုံမှန်အားဖြင့် font တွေကို
/usr/share/fonts/truetype/
အောက်မှာ ထည့်ကြတယ်။ Truetype font တွေအတွက်ပေါ့။
အခု အဲဒီအတိုင်း peကျွန်တော်တို့တွေ တည်ဆောက်ရမယ်။

ဒီတော့ desktop ပေါ်က Wininnwa ဆိုတဲ့ folder ထဲမှာ
usr ဆိုတဲ့ folder ဆောက်။ ပြီးရင် share ဆိုတာ ကို usr အောက်မှာ ထပ်ဆောက်ရပါမယ်။ ပြီးရင်တော့ fonts။ ပြီးရင် truetype ဆိုတာကို အဆင့်ဆင့်ဆောက်သွားမယ်။

ဒါဆိုရင်တော့
Wininnwa/usr/share/fonts/truetype
ဆိုပြီးရှိနေမယ်။

ကောင်းပြီ။ ကျွန်တော်တို့တွေ အဲဒီအထဲကို wininnwa font တွေအားလုံး ဖြည့်လိုက်မယ်။
အောက်မှာ ကျွန်တော် ပုံကြမ်းလေးပြထားတယ်။ ကျွန်တော် လုပ်ထားတာကတော့ /home/saturngod/project/ အောက်မှာ wininnwa ဆိုပြီး လုပ်ထားတာပါ။

ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ နောက်ဆုံးအဆင့်လုပ်ရမယ်။
Wininnwa ဆိုတဲ့ folder ကိုပြန်သွားလိုက်။
အဲဒီမှာ DEBIAN ဆိုပြီး folder တစ်ခုဆောက်။
ပြီးရင် DEBIAN folder ထဲဝင်။
right click နှိပ်။ Create Document > Empty File ကိုနှိပ်။ control လို့နာမည်ပေး။
အဲဒီအထဲမှာဆိုရင်တော့

Package: winnwa-font
Version: 1
Section: Base System
Priority: optional
Architecture: all
Essential: no
Depends:
Pre-Depends:
Recommends:
Suggests:
Installed-Size:1536
Maintainer: Saturngod (saturngod@gmail.com)
Conflicts:
Replaces: winnwa-font
Provides:
Description: This Package for Winnwa Font for Ubuntu

လို့ထည့်လိုက်ပါ။

package : package နာမည်ထည့်ရန်ဖြစ်သည်။
version : version နံပတ်ဖြစ်သည်။
Section : အမျိုးအစားဖြစ်သည်။
Depends : အခု package ကိုသွင်းဖို့ လိုအပ်တဲ့ package စာရင်းဖြစ်သည်။
Installed-Size : Install သွင်းလျှင် ယူသွားမယ့် ပမာဏ KB ဖြစ်သည်။
Replaces : အစားထိုးသွားမယ့် package name ဖြစ်သည်။
Description : ကိုယ်ဖော်ပြချင်တဲ့ အကြောင်းအရာ ရေးရန်ဖြစ်သည်။

ပြီးရင်တော့ Terminal ကိုသွားပါ။ Wininnwa folder ရှိတဲ့အထိ ရောက်အောင်သွားပါ။ Wininnwa folder ကို Desktop ပေါ်မှာ ဆိုရင်တော့

$cd ~/Desktop/Winnwa
ပေါ့
ပြီးရင်

$dpkg -b ~/Desktop/Winnwa/ winnwa-font.deb

လို့ terminal မှာရိုက်လိုက်ပြီး enter ခေါက်လိုက်ပါ။ အနီနဲ့ ပြထားတာကတော့ ကိုယ် package လုပ်ထားတဲ့ လမ်းကြောင်းပေါ့။ အစိမ်းနဲ့ကတော့ ကိုယ်လုပ်ချင်တဲ့ package နာမည်ပေါ့။

dpkg-deb: building package `winnwa-font’ in `winnwa-font.deb’.

အဲဒီ message ပေါ်လာပြီဆိုရင်တတော့ ~/Destkop/Winna/winnwa-font.deb ဆိုတာ ရလာပါလိမ့်မယ်။

ပြီးရင် winnwa-font.deb ကို double click လုပ်ပြီး install လုပ်ရုံပါပဲဗျာ။

12 Comments

  1. box02 says:

    ကျေးဇူးတင်ပါတယ် ကိုစေတန်။

  2. soelinthet says:

    ကျေးဇူးပဲအကိုရယ် DEB တော့လုပ်တတ်သွားပီး နောက်တစ်ခုက အကို ZAWGYI KEYBOARD DEB လုပ်နည်းသိချင်တယ်အကို

  3. soelinthet says:

    http://code.google.com/p/keyboard-layout/downloads/list ဒီမှာကျွန်တော်ရေးထားတဲ့ deb ပါအကို တစ်ချက်လောက် check ပေးပါလား မှန်လားမှားလား တိုက်ရိုက်ဒေါင်းဖို့က http://code.google.com/p/keyboard-layout/downloads/detail?name=Mon-keyboard.deb&can=2&q=

    DEB မလုပ်ခင်က ဒီလိုလုပ်ထားတယ်http://sites.google.com/site/soelinthet/home/Mon.tar.gz?attredirects=0&d=1 အကိုရေးထားတဲ့ zawgyi keyboard.deb ကိုလိုက်လုပ်ပီးလုပ်ထားတာပါ မှန်လားမှားလား တစ်ချက်လောင်စစ်ပေးစေချင်တယ်အကို။ ကျေးဇူးပဲ။ ကျွန်တော်ထင်တာက နဲနဲမှားနေတယ် အကို name-keyboard ထည့်တဲ့နေရာမှာပါ Thank saturngod

  4. soelinthet says:

    error ဖြစ်နေတယ် အကို ဘယ်လိုဖြစ်တာလဲ zawgyi-keyboard.deb installed လုပ်ရင် terminal မှာက (reading database … 150110 files and directiories currently insalled.) Unpacking mon-keyboad (from … /Desktop/Mon/Mon-keyboard.deb) … dpkg: error processing /home/imna/Desktop/zawgyi/zawgyi-keyboard.deb) (–install) : trying to overwrite ” /usr/share/fonts/truetype/zawgyi.ttf” , which is also in package zawgyi-font 0:1 dpkg-deb: subprocess paste killed by signal (Broken pipe) processing triggers for fontcongig … Errors were encountered while processing: /home/imna/Desktop/zawgyi/zawgyi-keyboard.deb

    1. saturngod says:

      ကျွန်တော် စစ်ကြည့်ပေးပါ့မယ်.. အခုတလော မအားဘူးဖြစ်နေလို့…ပါ..

  5. စောင့်နေလျက်ပါအကိုရယ် လုပ်ချင်နေပီးနော်

    1. saturngod says:

      deb ထက်စာရင် python ကို သုံးပါလားဗျ။ deb error က font ရှိပြီးသား ဖြစ်နေလို့။ သွင်းချင်ရင် $sudo dpkg -i –force-overwrite နဲ့ သွင်းမှ ရလိမ့်မယ်။ deb ထက်စာရင် လက်ရှိ ကိုဘောက်ရေးထားတဲ့ python ကို သုံးတာ ပိုအဆင်ပြေတယ်။ mm file နဲ့ font file လေး ထည့်ပေးလိုက်ရုံပဲ။ python နဲ့ရေးထားတာဆိုတော့ script ကို ပြင်ချင် ပြင်ရတာလည်းလွယ်ပါတယ်။

      http://code.google.com/p/zawgyi-keyboard/

  6. soelinthet says:

    ဟုတ်တယ်အကို install လုပ်တာအားလုံး အိုကေတယ် အဆင်ပြေတယ် ကိုဘောက်လုပ်ထားတာက ပြန်ပြင်မယ်ဆိုတာကြီးကို ကြည့်ပီး ရင်လေးနေတယ် ဘယ်လိုစပြင်ရမှာလဲဆိုတာကိုမသိဘူး နောက်ပီး python script ကိုပြန်လေ့လာမယ်ဆိုတော့လည်း အချိန်အပိုင်းအခြာတစ်ခုပေးရမယ်ဆိုတော့ ဒီထက်အဆင်ပြေမယ့်ဟာတွေရှိရင် ညွန်ပေးပါဦးနော်။

  7. GNJ says:

    Dear sir i fail to create.

    dpkg-deb: error: failed to open package info file `/home/gnj/Desktop/Taifont/tai-font.deb/DEBIAN/control’ for reading: No such file or directory

    Why and how to fix that?

  8. GNJ says:

    Dear sir i fail to create.

    dpkg-deb: error: failed to open package info file `/home/gnj/Desktop/Taifont/tai-font.deb/DEBIAN/control’ for reading: No such file or directory

    Why and how to fix that?

    1. saturngod says:

      did you create control file in DEBIAN/control ?

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.