Sar FAQ

Sar iOS App နဲ့ ပတ်သက်ပြီးတော့ Feedback လေးတွေ ရထားပါတယ်။

၁။ iPhone မှာ Keyboard က အဆင်မပြေဘူး။

လက်ရှိ iPhone keyboard လို ရိုက်လို့ရအောင် ပြင်ဆင်နေပါတယ်။

၂။ ဘာလို့ free မဟုတ်တာလဲ ။ ဘာလို့ 1.99 ပေးရတာလဲ ။

Free မဟုတ်တာကတော့ Free မဖြစ်ထိုက်လို့ပါ။ ကျွန်တော် ၂ လ လောက် အိပ်ရေးပျက်ခံပြီး ရေးထားရတာကြောင့်ပါ။ နောက်ပြီး product တစ်ခုမှာ တန်ဖိုးရှိသင့်တယ် ထင်တာကြောင့်ပါ။ တကယ်လို့ မတန်ဘူးထင်လို့ crack version သုံးမယ်ဆိုလည်း ကျွန်တော် စိတ်မဆိုးပါဘူး။

1.99 ပေးရခြင်းအကြောင်းကတော့ Universal App ဖြစ်တာကြောင့်ပါ။ iPhone, iPad သီးသန့် ခွဲမယ့် အစား 1.99 နဲ့ Universal App ရောင်းဖြစ်တာပါ။

အခါအားလျော်စွာ 0.99 ကို discount ချပါမယ်။ နောက်ပြီး Blog ပေါ်မှာလည်း Give away ပေးဖို့ အစီ အစဉ် ရှိပါတယ်။

၃။ Landscape မှာ Hardware keyboard နဲ့ စာရိုက်မရဘူး။

အဲဒီ ပြဿနာကို ရှင်းပြီးတော့ app stoer ပေါ်မှာ တင်ထားတာ ၁ ပတ်ကျော်နေပါပြီ။ အခုထက်ထိတော့ waiting for review ဖြစ်နေပါသေးတယ်။

၄။ UI မလှဘူး။

ဟုတ်။ ကျွန်တော် စာရိုက်ဖို့ အဓိက အာရုံစိုက်နိုင်တဲ့ UI design ကို ဖန်တီးထားပေးတာပါ။ font နည်းနည်းသေးသွားပါတယ်။ font နည်းနည်းလေး ထပ်ကြီးဖို့ အစီအစဉ် ရှိပါတယ်။

၅။ font size ပြောင်းမရဘူး။

ဟုတ်ပါတယ်။ ဒီကိစ္စကိုတော့ ထည့်သင့် မသင့် စဉ်းစားနေတုန်းပါ။ ကျွန်တော့် အနေနဲ့ function တွေ အများကြီး ရှုပ်ထွေးနေမှာထက် feature နည်းနည်းနဲ့ စာရိုက်တာကို အာရုံ စုနိုင်မယ့် app တစ်ခုကို ဖန်တီးချင်တာကြောင့် မလိုအပ်ဘူး ထင်တဲ့ feature တွေကို မထည့်ထားပါဘူး။ တကယ်လို့ တောင်းဆိုတာ အရမ်းများလာရင်တော့ font size ပြောင်းတဲ့ feature ကို ထည့်သွင်းပေးသွားပါမယ်။

၆။ Hardware keyboard ဆိုတာ sar တစ်ခုမှာပဲ ရိုက်လို့ရတာလား။

Hardware keyboard ကို support လုပ်တယ်လို့ ပြောတာဟာ Sar application မှာပဲ အလုပ်လုပ်တာပါ။ တချို့လူတွေက OS level မှာ support လုပ်တယ်လို့ ထင်နေကြပါတယ်။ အဲဒီ ထင်မိပြီး ဝယ်တဲ့သူတွေ သုံးရတာ အဆင်မပြေတဲ့သူတွေ အနေနဲ့ ပိုက်ဆံကို Refund ပြန်ထုတ်ဖို့အတွက် How to Get Refund From App Store မှာ ဖတ်နိုင်ပါတယ်။

၇။ Unicode Keyboard ?

ကျွန်တော့ အနေနဲ့ Unicode Keyboard နဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံ ကြွယ်ကြွယ်ဝဝ မရှိသေးပါဘူး။ လက်ရှိ bugs တွေ todo list တွေ ပြီးမှ စပြီးတော့ unicode keyboard ကိစ္စ လုပ်ပါမယ်။ Todo list ကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။

ဝယ်ယူ အားပေးသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် Sar App ကို ဒီ ထက်ပိုကောင်းအောင် ကြိုးစားပေးပါမယ်။ လိုအပ်တာများကို https://comquas.desk.com/ မှာ သွားရောက်မေးမြန်းနိုင်ပါတယ်။

2 Comments

  1. thiha htoon says:

    အကိုရေ

    landscape မှာ hardware keyboard နဲစာရိုက်လို့ရတယ်။ englishပဲရတယ်။မြန်မာလို့ပြောင်းလို့မရဘူး။ဘာလို့လဲတော့မသိဘူးဗျာ။

    keyboard ကနေshift+~ ကိုနိပ်တာပဲမရဘူး။ ကျွန်တော်သုံးတာ zagg folio keyboard ပါ။ new ipadမှာပါ။ကျေးဇူးပါ။

    1. saturngod says:

      did you update the app ? I already fixed this bugs.

      Thanks

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.