To Developers From Developer (Part 1)

ကျွန်တော် ရန်ကုန် ပြန်ရောက်တုန်းက ဖန်တီးရာမှာ developer meetup လေးလုပ်ခဲ့ဖြစ်ပါတယ် ။အဲဒီတုန်းက ပြောခဲ့တဲ့ “To Developers From Developer” အကြောင်းလေးကို မှတ်မိသလောက် ပြန်ပြီး ရေးသားထားခြင်း ဖြစ်ပါတယ်။

ပွဲ မတိုင်ခင် ၁ ပတ်အလိုလောက်မှ ကျွန်တော်တို့ရုံးက developer conference ရှိတာနဲ့ ကျွန်တော် ပြောမယ့် ခေါင်းစဉ် အတွက် အတော်လေးကို အသုံးဝင်သွားတယ်။ ကျွန်တော် ပြောသည့် အကြောင်းအရာ အတော်များများက ရုံးက developer conference ကနေ ပြန်ပြီးတော့ ကောက်နှုတ်ထားတာပါ။ Developer conference မှာ Group CEO နဲ့ ကျွန်တော်တို့ စင်္ကာပူရုံးက Deupty Director တို့ ပြောတဲ့ အကြောင်းအရာတွေက developer တိုင်းအတွက် အသုံးဝင်လို့လည်း developer meetup မှာ ပြန်မျှဝေဖြစ်ခဲ့ပါတယ်။

Essential Skill For Developer

Developer တစ်ယောက်ဖြစ်လာပြီဆိုရင် မဖြစ်မနေ လိုအပ်တဲ့ ကျွမ်းကျင်တတ်မြောက်မှုလေးတွေ ရှိထားဖို့ လိုပါတယ်။

Language

အရင်ဆုံး programming ကို စလုပ်မယ်ဆိုရင် အဓိက ကတော့ ဘာသာစကားပါ။ ဘယ်ဘာသာစကားကို သိဖို့ လိုအပ်လဲ။ ဘယ်ဘာသာစကားက programming အတွက် မဖြစ်မနေ လိုအပ်လဲ။ ကျွန်တော့် ရွေးချယ်မှုကတော့ English စာပါ။ Programming ဘာသာစကားတွေ ထက် အင်္ဂလိပ်စာစာ အရေးပါပါတယ်။ ဘာလို့ English စာဟာ အရေးပါလှ သလဲ ဆိုတော့ နောက်ပိုင်း coding တွေ ရေးတဲ့ အခါမှာ မသိတာတွေကို google ကရှာတယ်။ stackoverflow မှာ မေးတယ်။ ဒါမှမဟုတ် stackoverflow မှာ ဖြေထားတဲ့ အဖြေတွေကနေ ကူးချတယ်။ ဒါမှမဟုတ် video tutorial တွေ ကြည့်တယ်။ tutorial တွေ ဖတ်တယ်။ စာအုပ်တွေ ဖတ်တယ်။ အကုန်လုံးက English စာတွေကြီးပါပဲ။ မြန်မာစာနဲ့ ရေးထားတဲ့ စာအုပ်က လက်ချိုးရေလို့ ရသလို နောက်ဆုံးပေါ် up to date တွေ မဟုတ်ပါဘူး။ ဥပမာ ဆိုပါဆို့ ကျွန်တော် react native အကြောင်းလေ့လာချင်တယ်။ မြန်မာလို ရနိုင်မလား ဆိုတဲ့ မေးခွန်းက မေးနေစရာ မလိုပဲ သိနေတဲ့ အဖြေပါ။ ကျွန်တော်တို့တွေ English စာ တတ်မှသာ နောက်ဆုံးပေါ် နည်းပညာတွေ လေ့လာနိုင်မယ်။

အဲလိုပဲ stack overflow က code ကူးချပေမယ့် English စာတတ်မှသာ ဘယ်အဖြေက ပိုကောင်းလဲ။ ဘာကို ဆိုလိုတာလဲ စသည် ဖြင့် သဘောပေါက်နိုင်လိမ့်မယ်။ stackoverflow မှာလည်း မြန်မာလို မေးလို့ မရပါဘူး။ English လို မေးမှသာ ရလိမ့်မယ်။ ဒါကြောင့် programming ကို လေ့လာမယ်လို့ ဆုံးဖြတ်ထားရင် English စာကို မဖြစ်မနေ တတ်ထားဖို့ လိုပါတယ်။

Work Smart Not Work Hard

work smart

Developer ဖြစ်လာပြီဆိုရင် work smart ဖြစ်ဖို့ လိုတယ်။ ပြဿနာ တစ်ခုကို ဘယ်လို အမြန်ဆုံး ဖြေရှင်းမလဲ ၊ ဘယ်လို ဖြေရှင်းရင် အကောင်းဆုံး ဖြစ်မလဲ ဆိုတာတွေကို ဆုံးဖြတ်နိုင်ဖို့ လိုလာတယ်။ ဥပမာ။။ ၁ ကနေ ၁၀,၀၀၀ အထိ ရိုက်ထုတ်ပြပါ ဆိုရင် print အကြောင်း ၁၀,၀၀၀ ရိုက်တာထက် looping ပတ်လိုက်ရင် ပိုပြီး အဆင်ပြေတယ်ဆိုတာကို သိဖို့ လိုတယ်။ Work Smart ဖြစ်ဖို့ အတွက် Work Hard ဖြစ်တဲ့ သူတွေ ထက် စပြီး code ရေးတာ အနည်းငယ်နှေးကောင်းနှေးမယ်။ သို့ပေမယ့် ပြဿနာကို ထိထိ ရောက်ရောက် ဖြေရှင်းနိုင်တယ်။

9gag မှာ ဖတ်လိုက်ရတဲ့ ဟာသ တစ်ပုဒ်ကို သတိရမိတယ်။ ကျွန်တော်တို့ လက်ထဲမှာ ရှိတဲ့ ရေကို အေးအေးလေး သောက်ချင်လို့ ယပ်တောင် နဲ့ အချိန် သန်းနဲ့ချီပြီး ယပ်ခပ်နေလို့ ရေခဲရေ မရလာဘူး။ ရေခဲတုံးလေး ထည့်ပြီး သောက်လိုက်ရင် ချက်ခြင်း ရေခဲရေ ရပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့တွေ အလုပ်ကို ကြိုးစားလုပ်နေပေမယ့် အကျိုးမဖြစ်တာတွေ ရှိပါတယ်။ ရေခဲရေသောက်ချင်လို့ ရေကို ယပ်တောင်နဲ့ အပင်ပန်းခံပြီး ခပ်နေသလိုပါပဲ။

Work smart ဖြစ်ဖို့ကတော့ developer တစ်ယောက် အနေနဲ့ Experience နှင့် Pain ကနေ ရရှိလာတာပါ။ ဥပမာဗျာ ကျွန်တော် Rabbit converter မရေးခင်တုန်းက ပါရပိုက် converter ကို ယူသုံးရပါတယ်။ သူက javascript နဲ့ ရေးထားပေမယ့် ကျွန်တော်က PHP မှာ သုံးချင်တယ်။ အဲဒီ အတွက် PHP အတွက် သီးသန့် ရေးရတယ်။ နောက်ပြီး Java မှာ သုံးချင်တယ်။ Java အတွက် ထပ်ရေးရပြန်ကော။ ထပ်ပြီး Objective-C မှာ လိုလာပြန်ကော။ အဲဒီ အတွက် ထပ်ရေးရပြန်ကော။ နောက်ပြီး rule အသစ်လေးတွေ ထပ်ဖြည့်တယ်။ အကုန်လုံးမှာ လိုက်ဖြည့်ရတယ်။ အတော့်ကို ပင်ပန်းပါတယ်။ အဲဒီ Pain က Rabbit ကို ရေးတဲ့ အခါမှာ အသုံးဝင်လာတယ်။ rule နဲ့ language template ကို သီးသန့်ခွဲထုတ်ပြီးတော့ ဘယ် language နဲ့ မဆို အသုံးပြုနိုင်အောင် ဖန်တီးနိုင်ခဲ့တယ်။ အခြား developers တွေလည်း ဝင်ရောက် ပြုပြင်ပေးကြတယ်။ သူတို့တွေ rule ကို ပြင်ဖို့ လွယ်အောင်လည်း ကျွန်တော် ဖန်တီးပေးထားပါတယ်။ တနည်းပြောရင် တစ်ခါတစ်လေ ကျွန်တော်တို့တွေ အလုပ်ကိုတော့ ကြိုးစားလုပ်နေပေမယ့် မထိရောက်ဘူး ထင်လာရင်တော့ ပြန်စဉ်းစားဖို့ လိုလာပြီ။ ငါ work smart မဖြစ်လို့လား ဆိုတဲ့ မေးခွန်း ကိုယ့်ကိုယ် ပြန်မေးဖို့လိုပါတယ်။

we are busy
we are busy

ကျွန်တော်တို့ အလုပ်တွေ အရမ်းများလာတဲ့ အခါမှာလည်း Work Smart ဖြစ်ဖို့ မေ့မေ့သွားတတ်ကြတယ်။ ကျွန်တော်တို့တွေဟာ ပြောင်းလဲနေတာတွေကို လေ့လာဖို့ မေ့သွားတယ်။ အလုပ်တွေ အရမ်းများနေပေမယ့် ပြဿနာပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ ဘယ်လို ဖြေရှင်းရင် ကောင်းမလဲဆိုတာကို သေသေချာချာ လေ့လာပြီးတော့ ဆုံးဖြတ်နိုင်ဖို့ လိုပါတယ်။

Be Relevant, Stay Relevant

ကျွန်တော် ခုနက ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့ဟာ ဒီ field ထဲမှာ နေရင် ဒီ field ထဲကို ပြောင်းလဲနေမှုကို အဆင်အမြဲ ထိစပ်တွေ့နေဖို့လိုပါတယ်။ ကျွန်တော်တို့ Developer တွေရဲ့ လောကဟာ ၁ နှစ်နဲ့ ၁ နှစ်ပြောင်းလဲ မှုကို အရမ်းကို မြန်လွန်းတယ်။ ကျွန်တော်တို့တွေဟာ up to date မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့တွေဟာ ဒိုင်နိုဆော တွေဖြစ်ပြီး နောက်ဆုံး ပျောက်ကွယ်သွားရလိမ့်မယ်။ ဒါကြောင့် Developer တစ်ယောက် အနေနဲ့ ရှင်သန်ချင်ရင်တော့ လေ့လာဖို့ ကို မကြောက်ပါနဲ့

Enjoy the moment

Developer တစ်ယောက်ဖြစ်လာပြီဆိုရင်တော့ ကိုယ့်ဘာသာကိုယ် ဂုဏ်ယူလိုက်ပါ။ ကျွန်တော်တို့ဟာ နေ့စဉ် ပြဿနာပေါင်း မြောက်များစွာဖြေရှင်းနေရပြီး တနေ့တနေ့ bugs တွေနဲ့ နပန်းလုံးနေရပါတယ်။ တစ်ခါတစ်လေ အကုန်လုံး မှန်ပြီထင်ပြီး compile လုပ်မှ compiler အဆင့်မှာ error တက်လာတာ run time အဆင့်မှာ error တက်လာတာတွေလည်း ရှိခဲ့ပါတယ်။ Product တစ်ခုကို ပြီးမြောက်အောင် launch လုပ်နိုင်ခဲ့တယ်အချိန်တွေ ဖြေရှင်းလို့မရခဲ့ bugs တွေကို ဖြေရှင်းလို့ ပြီးသွားတဲ့ အချိန်တွေမှာ အားပါးတရ ပျော်လိုက်ပါ။ ကျွန်တော်တို့မှာ ပျော်ဖို့ အချိန်တွေ နည်းလှပါတယ်။

နောက်ပြီး software တိုင်းမှာ bugs ရှိတယ်ဆိုတာကို လက်ခံလိုက်ပါ။ ဒါဟာ အမှန်တရားပါပဲ။ ကိုယ်လုပ်တဲ့ project မှာ bugs တွေ ခဏခဏ ရှိနေတာ မဟုတ်ပါဘူး။ software တိုင်းမှာ bugs တွေ ရှိပါတယ်။ bugs ရှိလို့ စိတ်ညစ်စရာ မဟုတ်ပေမယ့် ဖြေရှင်းဖို့ နည်းလမ်းကို စဉ်းစားဖို့ပဲ လိုပါတယ်။

ကျွန်တော်တို့ဟာ အချိန်မရွေး သေဆုံး သွားနိုင်ပါတယ်။ ဒါကြောင့် ပျော်ရွင်စွာ နဲ့ ဘဝ ကို ဖြတ်သန်းနိုင်ပါစေ။

မနက်ဖြန်မှ နောက်တစ်ပိုင်းကို ဆက်ရေးသားပေးပါမယ်။

1 Comment

  1. Aung Myo Myint says:

    Thank you . This help me a lot. :)

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.