Why I am not using baker framework ?

NSMag ကို စပြီး ဖန်တီးဖို့အတွက် လိုအပ်တာတွေကို ရှာဖွေပြီး research လုပ်တုန်းက Baker ကိုလည်း တွေ့ဖြစ်တယ်။ စာအုပ်တစ်အုပ်အတွက် မဆိုးဘူးဆိုပေမယ့် ကျွန်တော်လိုချင်တဲ့ feature တွေ မဖန်တီးပေးနိုင်ဘူး။ သူက opensource ဖြစ်တဲ့အတွက် ကိုယ်လိုသလို ပြန်ပြင်ခွင့်ရှိတယ်။ သို့ပေမယ့် သူ့ code တွေကို နားလည်အောင် လုပ်ရအုံးမယ်။ ကျွန်တော် server side နဲ့ ပေါင်းပြီး အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် သူ့ code က အဲဒီ အချိန်မှာ newsstand အတွက် မပြည့်စုံသေးဘူး။ Download ချတာ ပါပေမယ့် free subscription ပဲရမယ်။ ကျွန်တော် အဲဒီ အချိန်က free subscription လား paid လား မဆုံးဖြတ်ရသေးဘူး။ တကယ်လို့ Paid subscription လုပ်ချင်တယ်။ ဒါမှမဟုတ် issue တစ်ခုခြင်းဆီကို ရောင်းချင်တယ်ဆိုရင် အသုံးပြုလို့ မရတော့ဘူး။ နောက် မကြိုက်တဲ့ အချက်က backer view ပဲ။ သူ့ရဲ့ view က swipe လုပ်ပြီး ဖတ်ရတယ်။ ကျွန်တော် လေ့လာတဲ့ အချိန်တုန်းက landscape mode ကို support မလုပ်ပါဘူး။ Portrait mode ကိုပဲ အသုံးပြုလို့ရတယ်။ ဒါကြောင့် ကျွန်တော် မကြိုက်ဘူး။ အသုံးပြုသူ နှစ်သက်ရာ အမြန် ရွေးချယ်ဖို့ ရာခက်ခဲတယ်။ ကျွန်တော့်မှာ Issue ၅ ခု လောက် ရှိပြီ။ အဲဒီ issue တစ်ခုကို ဖတ်နေရင်း နောက် issue တစ်ခုက ခေါင်းစဉ် တစ်ခုကို ဖတ်ချင်တယ်ဆိုရင် ရှေ့မျက်နှာ် ပြန်သွား။ issue ကို နိပ်။ ပြီးတော့ touch ကို ထပ်နှိပ်ပြီး ကိုယ်ဖတ်ချင်တာကို ရွေး။ တနည်းပြောရင် မလိုအပ်ပဲ အဆင့်များတယ်။ NSMag မှာ right swip လုပ်ပြီး click ၂ ချက် လောက် ဆိုရင် ပြီးသွားပြီ။


Baker ဟာ Magazine အားလုံးအတွက် Design လုပ်ထားတာ။ Newsstand magazine သာမက ebooks တွေ အတွက်ပါ design လုပ်ထားတယ်။ နောက်ပြီး publisher အားလုံးအတွက် အဆင်ပြေမယ့် ဘုံ design ကို လုပ်ထားတယ်။ ကျွန်တော် လိုချင်တဲ့ အရိုးအရှင်းဆုံး နဲ့ စာဖတ်ရတာ အလွယ်အကူဆုံး ပုံစံကို design လုပ်ထားတာမဟုတ်ဘူး။ တနည်းပြောရင် traditional magazine ပုံစံ လို့ ဆိုရမယ်။ Digital Magazine ပုံစံ မဟုတ်ဘူး။ Digital Magazine မှာ စာဖတ်ဖို့ အဓိကလား ဒါမှမဟုတ် Interactive ပေးချင်တာလား။ ဒါ့အပြင် video ထည့်ချင်တာလား။ NSMag ရဲ့ Focus ကတော့ စာဖတ်ဖို့ အဓိကပါပဲ။ Baker ဟာ HTML5 သုံးထားတဲ့အတွက် website က ပုံစံတွေ အကုန်ဖန်တီးလို့ရပါတယ်။ သို့ပေမယ့် Home Screen ပုံစံကတော့ အခြား ပုံမှန် magazine issue ပုံစံတွေပဲ ရှိနေတယ်။ ကျွန်တော် NSMag မှာ လုပ်ချင်တာရဲ့ ၃ ပုံ ၁ ပုံပဲ ပြီးသေးတယ်။ နောက်ထပ် feature အသစ်တွေထပ်ထည့်ဖို့ ရှိသေးတယ်။ ကျွန်တော် ဖန်တီးချင်တဲ့ Digital Magazine ဟာ စာဖတ်ရာမှာ ရိုးရှင်းပြီး လွယ်ကူဖို့။ နောက်ပြီး မလိုအပ်ပဲ ပုံတွေ အများကြီး မသုံးပဲ လိုအပ်တာတွေကို ဖော်ပြပေးဖို့။ ဒါ့အပြင် စာရေးသူ အကြောင်းကိုပါ တိုတိုနဲ့ လိုရင်း သိအောင် ဖန်တီးပေးဖို့ စတာတွေ ကို ထည့်သွင်းစဉ်းစားထားတယ်။ ကျွန်တော် ကိုယ်တိုင် စာဖတ်သူ တစ်ယောက် ဖြစ်နေတဲ့အတွက် ငါ ဘယ်လို စာဖတ်ချင်လဲ ဆိုတာကို သေချာ လေ့လာဖြစ်တယ်။ The Magazine ပုံစံက , Roon.io ပုံစံ စာဖတ်ရာမှာ အလွယ်အကူဆုံး နဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံစံ လို့ ဆိုနိုင်တယ်။ ကျွန်တော် NSMag ရဲ့ Design နဲ့ system ကို Roon.io နဲ့ The Magainze ကနေ အများကြီး မှီငြမ်းလေ့လာပြီး ရေးထားတယ်ဆိုလည်း မမှားပါဘူး။ Baker မှာ စာရေးသူ တစ်ယောက် အကြောင်းကို interactive ဖြစ်အောင် ဖန်တီးပေးလို့မရဘူး။ issue တစ်ခုမှာ ပါဝင်ပေမယ့် author ရဲ့ information က static ဖြစ်နေတယ်။ NSMag မှာ author ရဲ့ information က static မဟုတ်ပဲ အချက်အလက်တွေ အားလုံးကို backend က ရယူပြီး offline သိမ်းထားပေးတယ်။ တကယ်လို့ author က twitter account မရှိသေးပေမယ့် နောက်ပိုင်း twitter account ဖန်တီးပြီးတဲ့ အခါမှာ NSMag က author information မှာပါ တခါတည်း update ဖြစ်သွားအောင် ဖန်တီးပေးထားတယ်။ Magazine သာမဟုတ်ပဲ သာမာန် စာအုပ်တစ်အုပ်သာဆိုရင်တော့ Baker ကို အသုံးပြုမိမှာ သေချာပါတယ်။ Baker ဟာ ebook အတွက် design လုပ်ထားပြီး သူစတုန်းက newsstand မရှိသေးဘူး။ ဒါကြောင့် newsstand ကို နောက်မှ ထပ်ဖြည့်ထားတဲ့အတွက် ကျွန်တော့် အမြင်မှာတော့ Magazine focus လို့ မခံစားရဘူး။ သူထက် Type Engine ကို ပိုပြီး သဘောကျပေမယ့် အဲဒီတုန်းက Private Beta ပဲရှိသေးတယ်။ ဒါ့အပြင် Pricing ကိုလည်း မသိရသေးဘူး။

Baker ဟာ သာမာန် သမာရိုးကျ magazine တွေအတွက်တော့ အတော်လေးကို သက်သာပါတယ်။ Baker ကို အခြေခံထားပြီး Newsstand အတွက် ဖန်တီးထားတဲ့ MagRocket ကိုလည်း စမ်းဖြစ်တယ်။ တော်တော်လေး ကောင်းတယ်။ သဘောကျတယ်။ သို့ပေမယ့် ကျွန်တော်လိုချင်တဲ့ feature တွေအတွက် customize ပြန်လုပ်ရအုံးမယ့် အတူတူ NSMag ကို အစအဆုံး ဖန်တီးခဲ့တယ်။ နောက်ပြီး Baker ကော Magrocket က android ကို support မလုပ်ပေးဘူး။ ကျွန်တော့် အနေနဲ့ iOS က ပုံစံ တမျိုး android က ပုံစံ တမျိုး အသုံးပြုသူကို မပေးချင်ဘူး။ အခုအချိန်မှာတော့ NSMag က iOS newsstand အတွက်ပဲ ရသေးတယ်။ Android အတွက်ကတော့ လေ့လာနေဆဲပါ။ NSMag ရဲ့ content တွေကို HTML သုံးထားပြီး download ချတဲ့ အခါမှာ size အသေးဆုံးနဲ့ download ချတာ အမြန်ဆုံး ဖြစ်အောင် ကြိုးစားထားတယ်။ မြန်မာနိုင်ငံက လူတွေ connection မကောင်းလို့ download ချလို့ မရဘူး မဖြစ်ရအောင် ကြိုးစားထားပေမယ့် Aug issue size ကတော့ နည်းနည်း ကြီးနိုင်ပါတယ်။ App icon design article တစ်ခု ပါဝင်တာကြောင့် ပုံတွေ အများကြီး အသုံးပြုထားရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ issue ထက် size လေး နည်းနည်းကြီးနေပါလိမ့်မယ်။

Backend ကို Node.js သုံးပြီး ရေးထားတယ်။ NSMag က mobile developer focus ဖြစ်တဲ့အတွက် mobile apps ပဲ ရှိပါလိမ့်မယ်။ user တွေဟာ web မှာ ဖတ်ချင်ပေမယ့် ကျွန်တော် web ပေါ်မှာ publish လုပ်ဖို့ စိတ်ကူး မရှိသေးပါဘူး။ ကျွန်တော့်ရဲ့ အဓိက target က mobile အသုံးပြုသူပါ။ လက်ရှိ NSMag ဟာ အသုံးပြုသူပေါင်း 295 ယောက်ရှိသွားပါပြီ။ အတော်လေးကို နည်းတဲ့ ပမာဏ ပါ။ သို့ပေမယ့် မြန်မာ ဖြစ်ပြီး Mobile Development ကို စိတ်ဝင်စားတဲ့အပြင် iOS device ရှိတဲ့ သူပေါင်း ၂၉၅ ယောက် ရှိတယ်ဆိုတာ ကျွန်တော် သိလိုက်ရပါပြီ။ NSMag တစ်ခုလုံး ပြီးသွားပြီး App Store ပေါ်ရောက်သွားတဲ့ အခါမှာ ကျွန်တော် Baker မသုံးတာ မှန်တယ်။ Magrocket မသုံးတာ မှန်တယ်ဆိုတဲ့ ယုံကြည်ချက်ကတော့ အခုထက်ထိ ရှိနေဆဲပဲ။ အစအဆုံး ကျွန်တော်ကိုယ်တိုင် ဖန်တီးထားတဲ့အတွက် အသစ်ပြင်ဆင်တာကော bug fix လုပ်တာ အားလုံးကို ကျွန်တော်ကိုယ်တိုင် လုပ်နိုင်ပါတယ်။ Mobile Devleoper focus ဖြစ်တဲ့အတွက် စလေ့လာကာစ သူတွေ အတွက်ကော developer တွေအတွက်ကော အဆင်ပြေမယ့် mobile magazine တစ်ခုဖြစ်အောင် ကြိုးစားနေပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.