Wow…. web will be change

အခု jquery က 1.4.1 ထွက်လာပါပြီ။ HTML က 5 ။ နောက်ပြီး CSS က 3 ဖြစ်သွားပြီ။ ကျွန်တော်တို့တွေအနေနဲ့  knowledge ကို ထပ်ပြီး upgrade လုပ်ဖို့ လိုလာပြန်ပြီ။ Google ကလည်း HTML 5 ပြောင်းဖို့ တာဆူနေပြီ။ Youtube ကိုလည်း HTML 5 support (only for chrome) ကိုလည်း ရနေပြီ။

HTML 5

HTML 5 မှာ အသစ်တွေ တော်တော်များများ ပါလာတယ်။ သဘောအကျဆုံးက video ပဲ။ နောက်ပြီးတော့ geolocation ကိုလည်း သဘောကျတယ်။ Canvas ကိုတော့ အရင်ကတည်းက သိပ်စိတ်မဝင်စားတော့ မထူးလှဘူး။ ကိုယ်တိုင်က အဲလို အသေးစိတ် လိုက်ရေးရမှာကို အရမ်းမုန်းတာ။ နောက်ပြီး darg & drop ။ အခုထက်ထိတော့ jquery ပဲ သဘောကျတယ်။ HTML  5 မှာ drag & drop event ပါလာပြီ။ online, offline detection။ တခြားဟာတွေလည်း ရသေးတယ်နဲ့တူတယ်။ demo ကြည့်ချင်ရင်တော့ http://html5demos.com/ မှာ ကြည့်လို့ရတယ်။

CSS 3

CSS 3 ကတော့ ဘာတွေ အသစ်ထပ်ပါလဲတော့ သိပ်မသိဘူး။ လက်ရှိ သဘောကျပြီး သုံးဖြစ်နေတာကတော့ rotate , text-shadow , နောက်ပြီးတော့ image overlay တွေပဲ။ နောက်ပြီး selector အသစ်တွေ ထပ်ပါလာတယ်။ jquery နဲ့ တော်တော်ဆင်သွားတယ်။ ဒါကြောင့် CSS ကို သိရင်တော့ jquery ကို လွယ်လွယ်လေ့လာလို့ရမှာပါ။ jquery ကလည်း 1.4 ပြောင်းသွားပြီ။

ကျွန်တော်တို့ rotate ကြောင့် gallery တွေမှာ တော်တော်အဆင်ပြေသွားတယ်။ နောက်ပြီး date တွေ နေရာမှာပေါ့။ date တွေကို အရင်က တည့်တည့်ကြီးပဲ အကုန်ရေးနေရတယ်။ အခုဆိုရင် http://snook.ca/archives/html_and_css/css-text-rotation အဲလို ရေးလို့ရသွားပြီ။ ဘယ်လောက်မိုက်လဲ။

နောက်ပြီးတော့ shadow။ ကျွန်တော်ကတော့ တေ်ာတော်သဘောကျတယ်။ ပုံမှန်အားဖြင့် စာလုံးတွေက ပါးပါးကြီးဖြစ်နေတာ။ အခုဆိုရင် အရိပ်လေးနဲ့ဆိုတော့ ဖောင်းကြွလိုမျိုးဖြစ်နေတယ်။ ဥပမာ www.wordpress.org မှာ menu တွေ သုံးထားသလိုပေါ့။ ကျွန်တော်တော့ မသုံးသေးဘူး။ ဒါပေမယ့် text-shadow လိုမျိုး boxshadow လည်းရှိသေးတယ်။

overlay layer မှာ သဘောကျတာက awesome button example ပဲ။ ရေလည် သဘောကျတယ်။ http://www.zurb.com/article/266/super-awesome-buttons-with-css3-and-rgba မှာ ကြည့်လို့ရတယ်။ rgba ဆိုပြီး သုံးထားတာကိုပေါ့။ rgb ကိုတော့ သိမှာပါ။ a ကတော့ alpha ပေါ့။

Jquery 1.4

ဘာတွေကောင်းသွားလဲတော့ သေချာမသိဘူး။ ထွက်တာက သိပ်မကြာသေးတော့ မအားတာနဲ့ အခုထက်ထိကို ကောင်းကောင်းမဖတ်ရသေးဘူး။ 14 Days of jQuery တုန်းကပဲ နည်းနည်းဖတ်ဖူးလိုက်တယ်။ ဘာပဲပြောပြော jQuery ကတော့ ကျွန်တော့်အတွက် မရှိမဖြစ်ပဲ။ native js တောင် သိပ်မရေးဖြစ်တော့ပဲ jQuery နဲ့ပဲ အဓိကရေးတာများတယ်။ အချိန်ပေးပြီးတော့ ဖတ်ရအုံးမယ်။

iPad

အခုထက်ထိတော့ မထွက်သေးဘူး။ သူ့အတွက် ကြည့်လို့ကောင်းမယ့် web design တွေတော့ ပြောင်းရေးရလိမ့်မယ်။သူကလည်း web လောက ကိုပြောင်းလဲနိုင်တယ်။ ဂျာနယ်တွေ သတင်း site တွေ newsletter လိုမျိုး ဖန်တီးလာနိုင်မယ်ထင်တယ်။ iPhone တုန်းကလည်း iPhone အတွက် ပြောင်းပြီး ရေးလိုက်ရသေးတယ်။ iPhone ကို 2008 လောက်မှာ ထုတ်တယ်ထင်တယ်။ 2009 လောက်မှာ site တွေက iPhone support website တွေ ပါလာတယ်။ အခုတော့ ထပ်ပြီး iPad support အတွက် ရေးရမလိုတောင် ဖြစ်လာပြီ။ ဒါပေမယ့် စောသေးပါတယ်။ iPad က အခု လက်ရှိ website တွေကြည့်ရတာ အဆင်ပြေနေရင်လည်း တစ်မျိုးပေါ့။ ဘာပဲပြောပြော iPad ကို ဝယ်ဖို့ စောင့်ရတာ စိတ်မရှည်မိတာ အမှန်ပဲ။

ကျွန်တော်တို့တွေလည်း ပြောင်းလဲမှုတွေနောက်မှာ လိုက်ပြီး ပြောင်းလဲနေရမှာပဲ။ HTML 5 ပြောင်းလိုက်တာက IE 6 ကို တာ့တာ လို့ပြောလိုက်တာပဲ။ IE 7 , 8 တွေကလည်း အကုန်အဆင်ပြေလှတယ်မဟုတ်ဘူး။ IE 9 ကို HTML 5 support ထွက်လာဖို့တော့ လိုနေပြီ။

4 Comments

  1. ဟုတ်ကဲ့ ဖတ်သွားပါတယ်..v..:)

  2. kom says:

    နဲနဲနားလည်တယ်။

  3. MrDBA says:

    ခင်ဗျားဆီကနေဘဲ ဘာလေ့လာရမလဲ လိုက်ဖတ်ကြည့်တော့မယ်ဗျာ ..

    1. saturngod says:

      LOL!!! တိုတိုတို့က ၃၇ မင်းပိုင်ရုံမကလို့ ၃၈ မင်းဖြစ်တဲ့ ဒေါ့နတ်ကြီးကိုတောင် ဂုတ်ဂွစီးထားပြီးတော့.. :D

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.