ရန်ကုန်မြို့က Virus အခြေအနေ ထုတ်ပြန်ချက်

အခုတလော virus က တော်တော်ဆိုးဆိုးဝါးဝါး ရန်ကုန်မှာ ဖြစ်နေတယ်…
ဖြစ်တာအများဆုံးကတော့ Flashy ပဲ…
နောက်ပြီး Flashy version အသစ်…
ပြီးရင် MS32DLL.vbs ပါ…

Flashy virus ဝင်တဲ့စက်ကတော့ အဓိက folder option ပျောက်သွားတတ်ပါတယ်..
MS32DLL.vbs စက်ကတော့ C:/ D:/ ကိုတော့ double click လုပ်ပြီးဝင်လို့မရပါဘူး…

ကျွန်တော်တို့ ရန်ကုန်က လူတော်တော်များများက AVG ကိုသုံးတာတွေ့ရတယ်…
အခုဖြစ်နေတဲ့ဟာတွေက ကျွန်တော်တို့တွေကတာ virus လို့ခေါ်တာ…
တကယ်တန်း Antivirus software တွေက virus လို့မသိကြဘူး…
ဘာဖြစ်လို့လည်းဆိုရင် အဲဒါတွေက worm ဖြစ်နေလို့ပါ…
နောက်ပြီး တစ်ခါတစ်လေ spyware တွေဖြစ်နေတတ်ပါတယ်…

ကျွန်တော်ပြောချင်တာကတော့ AVG Anti-virus တစ်ခုတည်း မသုံးပဲနဲ့
AVG Antispyware ပါ တွဲသုံးပေးဖို့လိုလာပါတယ်…
Flashy ကို AVG Antispyware က သိပေမယ့်…
AVG Antivirus ကတော့မသိပါဘူး…
MS32DLL.vbs ကိုတော့ ကျွန်တော် မစမ်းကြည့်ရသေးဘူး…
Vista မှာက AVG Antispyware install လုပ်လို့မရသေးပါဘူး…
အဲဒါကြောင့် ကျွန်တော် မစမ်းရသေးပါဘူး…
Flashy ကိုသိတယ်ဆိုတာကတော့ သေချာသလောက်ပါပဲ….
ကျွန်တော် မိတ်ဆွေတော်တော်များများစက်မှာ anitspyware သုံးပြီးစစ်လိုက်ရင် ပေါ်လာတယ်လို့ဆိုပါတယ်…
Flashy အတွက် ကတော့ Flashy ကို fix လုပ်ပေးတဲ့ removel tool လေးရှိပါတယ်…
အများအားဖြင့် MS32DLL.vbs ကတော့ manual ပဲလုပ်ရပါတယ်…

Virus တွေဝင်တဲ့ အဓိကအရင်းအမြစ်ကတော့ ကျွန်တော်တို့တွေ flash disk တွေနဲ့ ဓာတ်ပုံဆိုင်မှာသွားကူးတာကစတာပါ…
ဓာတ်ပုံဆိုင်တွေမှာက flash disk တွေ အများကြီး သုံးဖူးပါတယ်…
တစ်ယောက်ယောက် disk က ပါလာရင် အဲဒီစက်ကိုကူးသွားပါတယ်…
antispyware တွေကိုတော့ ဓာတ်ပုံဆိုင်တွေက မထည့်ထားတတ်ကြပါဘူး…
ထည့်ဖို့လိုမှန်းလည်း မသိကြပါဘူး….

ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကတော့ flash disk အသစ်ကြီးကနေကူးတယ်လို့ဆိုပါတယ်…
ကျွန်တော် သေသေချာချာ မေးကြည့်တော့ ဝယ်တဲ့ဆိုင်မှာ တစ်ခေါက်ပဲ ထိုးခဲ့ရသေးတယ်တဲ့…
ဒါဆို သေချာပါတယ်… ဝယ်တဲ့ဆိုင်တွေမှာလည်း virus တွေပျံ့နေလို့ပါ…

နောက်ထပ်ကူးတဲ့နည်းကတော့ သူငယ်ချင်းစက်မှာ ကိုယ့် flash disk ကိုထိုးလိုက်တယ်…
ဒါမှ မဟုတ် ကိုယ့်စက်မှာ သူငယ်ချင်း disk ကို ထိုးလိုက်တယ်…
အဲဒီလို အခြေအနေမျိုးမှာလည်း ကူးနိုင်ပါတယ်…
virus တော်တော်များများဟာ ရှိသမျှ disk တွေအကုန်လုံးမှာ အချိန်ပြည့် write နေတာပါ…
disk အသစ်ပေါ်လာရင် disk အသစ်ပေါ်ကိုထပ် write ပါတယ်…
ဒါကြောင့် flash disk ကနေ ပျံ့နှံ့မှုအများဆုံးဖြစ်နေပါတယ်…

လူတော်တော်များများကတော့ virus ဝင်နေပြီဆိုရင် format ချလိုက်တတ်တယ်..
ဒါမှ မဟုတ် ဆိုင်ပို့လိုက်တယ်.. ဆိုင်အများစုကလည်း virus တွေဝင်နေတယ်ဆိုရင် format ချလိုက်တာပဲ…
format ချပြီးတဲ့ အချိန်မှာ virus က ရှင်းသွားပေမယ့်…
ကိုယ့် flash disk ကို ပြန်စိုက်လိုက်တဲ့ အချိန်မှာတော့ virus ကပြန်ရောက်လာပါတယ်..
format ချတာ အလကားဖြစ်သွားပါတယ်…

ဒါကြောင့် ကျွန်တော် သတိပေးချင်တာကတော့ မိမိစက်ထဲမှာ antivirus ရော antispyware ကိုပါ ထည့်ထားစေချင်ပါတယ်…
နောက်ပြီး တတ်နိုင်ရင် အမြဲ update လုပ်ပေးသင့်ပါတယ်…
AVG ကတော့ ၁ ပတ် ၁ခါ update file ထွက်ပါတယ်…
သူ့ website မှာ download ချလို့ရပါတယ်….

တကယ်လို့ registery ဝင်လို့မရတော့ဘူး…
safe mode ကနေလည်း admin account ဝင်လို့မရတော့ဘူးဆိုရင်…
ဝင်လို့ရတဲ့ account ကနေ admin user account အသစ်ဆောက်လိုက်ပါ..
အဲဒီ user အသစ်ကတော့ registery ထဲဝင်လို့ရမှာပါ…
ပြီးရင်တော့ account အဟောင်းကို ဖျက်လိုက်ပါ….
မဖျက်ခင်တော့ account အဟောင်း document ထဲက လိုအပ်တာလေးတွေကို ဒီဘက်ထဲပြန်ထည့်ပေးဖို့လိုပါလိမ့်မယ်..
နောက်မို့ဆိုရင် account ဖျက်တာနဲ့ တခါတည်းဖျက်လိုက်ရင် ပါသွားနိုင်ပါတယ်..

မိမိစက်ကို မိမိကိုယ်တိုင် ကာကွယ်တာအဓိကရောက်ဆုံးပါတယ်..
ဖြစ်တဲ့အချိန်မှ သတ်တာထက် မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပေါ့ဗျာ…

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.