Bada OS

Samsung ကလည်း Bada OS ကို စတင်လိုက်ပြီ။ သူ့ ဖုန်းတွေအတွက်ပေါ့။ နောက်ပြီး SDK လည်း ထုတ်ပေးထားတယ်။ Developer တွေအနေနဲ့ app တွေရေးလို့ရတယ်။ market place လည်း လုပ်ပေးထားမယ်ပြောတယ်။ developer challenge လည်း လုပ်မယ်ပြောတယ်။ ဆုက တော့ $ 3 သိန်းပါတဲ့ဗျာ။ အကြိုက်ဆုံးကတော့ Flash UI ဆိုတာပဲ။ Flash ကို fully အလုပ်လုပ်တယ်။ bada ကလည်း cloud ကိုပဲဦးတည်ထားသလိုပဲ။ ထုံးစံအတိုင်း facebook , twitter တွေ ရတယ်ပေါ့ဗျာ။ အခြား OS တွေ ထက် ထူးထူးခြားခြား ဖြစ်လာတာ တော့ မတွေ့မိဘူး။ ထူးခြားတာဆိုလို့ Flash လောက်ပဲရှိတယ်။ Game ကလည်း iPhone မှာရနေတာပဲလေ။ cloud ကလည်း android ကြီးရှိနေတာပဲ။ Android ရှိရဲ့သားနဲ့ ဘာလို့ OS ထုတ်လည်းတော့ မစဉ်းစားတတ်အောင်ပဲ။ နောက်ပြီး သူ့ presentation က လှပေမယ့် ပြောတဲ့ သူက မကောင်းဘူးဗျ။ Steve ကြီးနဲက ယှဉ်လိုက်ရင် တခြားဆီပဲ။ presentation လုပ်ထားတာလည်း ညံ့တယ်။ Animation တွေ စွတ်ထည့်ထားတာပဲရှိတယ်။ Statics တွေ တစ်ခုမှ မပါဘူး။ နောက်ပြီး စကားပြောတာ အားမပါဘူး။ စကားကိုလည်း ထိန်းပြောနေတော့ သူပြောတာတွေက မထိရောက်တော့ဘူး။ OS က ကောင်းချင်ကောင်းမှာပါ။ ဒါပေမယ့် presentation ကတော့ သိပ် သဘောမကျမိဘူး။ ပြောနေတဲ့သူ ကိုယ်တိုင်က သူ့ product ကို အောင်မြင်မယ်လို့ ယုံကြည်ချက် အပြည့်နဲ့ ပြောနေတာမဟုတ်တော့ ကြည့်ရတာ တော်တော်ခက်သား။ Microsoft တို့ Apple တို့ presentation တွေ ဆို ရေလည်မိုက်တယ်။

http://video.saturngod.net/other-source/bada-os

2 Comments

  1. kom says:

    ဆမ်ဆောင်း omnia 2 ကို မြန်မာဖောင့်ဘယ်လိုထည့်ရမလဲ လွယ်အောင်ရေးပေးပါ။ အဆင်ပြေခဲ့ရင်. မအားလဲရပါတယ်။

    1. saturngod says:

      ကျွန်တော့်ကို အဲဒီ ဖုန်း ၁ လ လောက် ငှားပါလား.. :D Omnia 2 က ဘာ OS သုံးထားမှန်းတောင် မသိဘူး.. :P

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.