New version of Mahabote iOS and Android App

မဟာဘုတ် iOS version နဲ့ Android version ကို အသစ်တင်ထားပါတယ်။ Version အသစ်မှာ အကြွင်း နေ့ဖွား အလိုက် ဆရာ မောက် ဟောထားတာတွေ ကို ထည့်ထားပေးပါတယ်။

iOS version ကို အားရပေမယ့် Android version ကို အားမရဘူး။ သုံးပြီး အဆင်မပြေတာတွေ ရှိရင် ပြောပါ။ တကယ်လို့ တွက်ထားတာ မှားနေတာ ရှိရင်လည်း မှတ်ချက် ပေးခဲ့ပါ။ ဆရာ ဒလမင်းခေါင် ရဲ့ စာအုပ်ထဲက ဆရာ မောက် ရဲ့ အဟော က အနီစပ် ဆုံးဖြစ်တာမို့ ဆရာမောက် ရဲ့ အဟောကို ယူထားပါတယ်။ အကြွင်း ၇ ခု ၊ နေ့ ဖွား ၇ ခု ။ ပေါင်း ၄၉ ခု အဟော ထည့်သွင်းထားပါတယ်။

Download From App Store

Download From Play Store

စာကြွင်း ။။ ဆရာ မောက် အဟော ၄၉ ခု တွင် အတော်များများသည် အိမ်ထောင်ရေး ကံမကောင်းဟု ပါပါသည်။

2 Comments

  1. cool emerald says:

    လေးစားပါတယ် ခင်ဗျာ။ app လေးကို သဘောကျတယ်။ ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း အဲဒါမျိုးတွေ စိတ်ဝင်စားတယ်။ အစက မဟာဘုတ် ၇ မျိုးပဲလို့ သိထားတာ။ အကြွင်းပါ ထည့်စဉ်းစားပြီး ၄၉ မျိုး ထပ်ခွဲလို့ရမှန်း အခုမှသိတာ။ သုံးရတာ လွယ်ကူ အဆင်ပြေပါတယ်။ မြန်မာ နှစ်ကူးပြီးမှ မွေးမမွေး ဖြည့်ရတာတော့ တစ်ခါတလေ ဘာဖြည့်ရမလည်းလို့ စိတ်ရှုပ်သွားတာ မျိုး ဖြစ်တယ်။ အင်္ဂလိပ် ရက်စွဲကနေ မြန်မာ နှစ်ကူးပြီးမှ မွေးမမွေး တစ်ခါထည်း မြန်မာနှစ်ကို တွက်ပေး နိုင်ရင် ပိုကောင်းမယ်လို့ အကြံပြုချင်ပါတယ်။ y က year ၊ m က month ၊ d က day ဆိုရင် အောက်က ကုဒ် သုံး ကြောင်းကို သုံးပြီး မြန်မာနှစ် my ကိုတွက်လို့ ရမယ် ထင်ပါတယ်။

    a=Math.floor((14-m)/12); y+=4800-a; m+=(12*a)-3;
    jdn=d+Math.floor((153*m+2)/5)+(365*y)+Math.floor(y/4)-Math.floor(y/100)+Math.floor(y/400)-32045;
    my=Math.floor((jdn-0.5-1954168.0506)/365.2587565);

    အသေးစိတ်ကိုတော့ http://cool-emerald.com/?p=1209 မှာ ရေးဖူးပါတယ်။ တစ်ခါ Android အတွက် မြန်မာ ပြက္ခဒိန် app တွေ ရှိပေမယ့် ၊ iOS အတွက် မတွေ့လို့ iOS အတွက် မြန်မာပြက္ခဒိန် ရေးပါဦးလား လို့ တိုက်တွန်းချင်ပါတယ်။

    1. saturngod says:

      wow.. thank you

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.