Ornagai 2.5.4

Ornagai ကို iOS 9 အတွက် ပြန်ပြင်ပြီးတော့ ထုတ်လိုက်ပါပြီ။ Version အသစ်မှာ ပါလာတဲ့ feature တွေကတော့

  • Spotlight Search (iOS 9)
  • Multitask Supporting (iOS 9 )
  • Myanmar Unicode Search in App

ဖြုတ်လိုက်တဲ့ Feature တွေကတော့

  • iOS 7 supporting
  • Google Text To Speech API
  • Search Result Count

Spotlight Search

Spotlight Search အတွက် update လုပ်ပြီးတာနဲ့ ဦးစွာ ပထမ app ကို ဖွင့်ဖို့ လိုအပ်ပါတယ်။ App ကို ဖွင့်လိုက်တာနဲ့ index မလုပ်ရသေးတဲ့ အတွက် Updating Search Index… ဆိုပြီး တက်လာတာကို တွေ့ရပါလိမ့်မယ်။ ပြီးအောင် ခဏစောင့် ဖို့ လိုပါတယ်။ Search Index ပြီးသွားမှသာ SpotLight Search မှာ ရှာဖွေနိုင်မှာပါ။

spotlight

Multitask Supporting

Multitasking Suppot လုပ်တဲ့ iPad Device တွေအတွက် စာဖတ်ရင်းနဲ့ ဖြစ်ဖြစ် Website ကြည့်ရင်းနဲ့ ဖြစ်ဖြစ် Dictionary ကို လွယ်လင့် တကူ အသုံးပြုနိုင်ပါပြီ။

multitasking

Myanmar Unicode Search in App

Unicode ကို Search result ပြတဲ့ အခါမှာ အသုံးပြုထားသလို Search လုပ်တဲ့ အခါမှာလည်း အသုံးပြုထားပါတယ်။ Zawgyi ကနေ Unicode , Unicode ကနေ Zawgyi ပြောင်းဖို့ အတွက် Rabbit Converter ကို အသုံးပြုထားပါတယ်။ Font ကတော့ Myanmar Census ကို အသုံးပြုထားပါတယ်။

Unicode ကို Search result မှာ Spotlight Search မှာ Support လုပ်ဖို့ ကြိုးစားပေမယ့် crash ဖြစ်ဖြစ် သွားတာကြောင့် အခုတော့ Spotlight မှာ Zawgyi ကိုပဲ Support လုပ်ထားပါတယ်။ နောက် version တွေမှာ spotlight မှာပါ မြန်မာ ကနေ အင်္ဂလိပ် အတွက် unicode ကို ပါ အသုံးပြုနိုင်အောင် ပြန်ပြင်ကြည့်ပါအုံးမယ်။

Remove iOS 7 supporting

iOS 9 ထွက်လာပြီးဖြစ်တဲ့အတွက်ကြောင့် iOS 9 မှာပါတဲ့ အချို့ feature တွေလည်း အဆင်ပြေအောင် နောင် အတွက်လည်း လွယ်လင့် တကူ update လုပ်နိုင်အောင် iOS 8 ကနေ ပြီး စပြီး support လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် iOS 7 supporting ကို ဖြုတ်ချလိုက်ပါတယ်။

Remove Google Text To Speech API (For English)

English စာတွေကို အသံထွက်ပြ ဖို့အတွက် အရင်က Google ရဲ့ TTS ကို အသုံးပြုထားပါတယ်။ Speaker icon လေးကို နှိပ်လိုက်ရင် English အသံထွက်ပြတဲ့ feature ပါ။ အခုနောက်ပိုင်း iOS မှာ ပါလာတဲ့ TTS က အတော်လေးကို ကောင်းမွန်လာပြီ ဖြစ်တဲ့ အတွက် Google TTS ကို ဖြုတ်လိုက်ပါတယ်။ Google TTS ကို အသုံးပြုဖို့အတွက် Internet လိုတာကြောင့် Internet မလိုပဲ အဆင်ပြေမယ့် iOS မှာ ပါတဲ့ TTS Engine ကို ပဲ ပြောင်းပြီး အသုံးပြုထားပါတယ်။

Remove Search Result Count

Search result ကို ပုံမှန် ထိပ်ဆုံး ၁၀ ခု လောက်ကို ပဲ ကြည့်ကြပါတယ်။ ဒါကြောင့် မလိုအပ်တာနဲ့ ဖြုတ်ချလိုက်ပါတယ်။ အခုတော့ စုစုပေါင်း result 50 ကို ပဲ ပြထားပေးပါတယ်။

iOS မှာ Ornagai ကို အသုံးပြုသူသည့် သူတွေအားလုံး version အသစ်ကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ လိုအပ်တာရှိရင် ဒီ post မှာ comment ရေးထားခဲ့နိုင်သလို Support Forum မှာလည်း သွားရောက်ရေးသားနိုင်ပါတယ်။


Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Up Next:

တာတေစနေသား

တာတေစနေသား