Updated MYSTERY ZILLION Design

MZ ကို မနေ့က vanilla 2.2 ကို update လုပ်လိုက်တယ်။ လက်ရှိ vanilla version က ဟောင်းနေတာနဲ့ github မှာ ရှိတဲ့ master branch က stable version ကို download ချပြီး သွင်းလိုက်တယ်။ သွင်းလိုက်တော့ အရင် design အဟောင်းက ပုံစံနဲ့ မကိုက်တော့ဘူး။ ဒါနဲ့ Vote တွေ QnA တွေ ပြန်ဖြုတ်ပြီး forum လေး လိုပဲ သီးသန့် ပြန်ထားထားတယ်။

အရင်တုန်းက email ပို့လိုက်ရင် gmail မှာ မရောက်လာဘူး ဖြစ်နေတယ်။ php mail ကနေ ပို့လိုက်ရင် gmail က မရဘူးဆိုတာ မသိလိုက်ဘူး။ ဒီနေ့မှ အကုန် ပြန်စမ်းပြီးတော့ php mail အစား mailgun ကို ပြောင်းသုံးထားတယ်။ တကယ်လို့ register လုပ်မရရင် ဒီ post မှာပဲ comment ထားခဲ့ပြီး မေးလို့ရပါတယ်။ Register  လုပ်လို့ရပြီး တခြား ပြဿနာတွေကိုတော့ MZ မှာ မေးမြန်းနိုင်ပါတယ်။

MZ မှာတော့ iOS Development နဲ့ ပတ်သက်ပြီး မေးခွန်းတွေကို ကျွန်တော် ဖြေပေးနေပါတယ်။ PHP , Node.js, Objective-C နဲ့ ပတ်သက်ပြီး မေးချင်တာတွေ ရှိရင် MZ မှာ မေးနိုင်ပါတယ်။  Database နဲ့ ပတ်သက်ပြီး ကို CalmHill ဖြေပေးပါလိမ့်မယ်။ ကို CalmHill ရဲ့ Post အဟောင်း တွေထဲက database နဲ့ ဆိုင်တာတွေ အခုအချိန်မှာ ပြန်ဖတ်ကြည့်တော့လည်း တော်တော် အကျိုးရှိပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.