WWDC 2018

ဒီနှစ်မှာတော့ ကြီးကြီးမားမား ဘာမှ ကြေငြာသွားတာ မရှိပါဘူး။ platform update အနေနဲ့ iOS 12 , watchOS 5, macOS Majave နှင့် tvOS အသစ် တို့ကို မိတ်ဆက်သွားပါတယ်။ WWDC App မှာ keynote ကို replay ပြန်ကြည့်လို့ ရပါပြီ။ အခြား videos တွေ လည်း ကြည့်နိုင်ပါတယ်။ Developer တွေ အနေနဲ့ Platforms State of Union ကိုလည်း ကြည့်သင့်ပါတယ်။ အဓိက ကြေငြာသွားတာတွေက iOS မရှိသည့် သူတွေ အနေနဲ့ website မှာ ကြည့်နိုင်ပါတယ်။

  • iOS 12 မှာ ARKit 2 ပါလာမယ်။ အသစ်တွေ ထပ်ဖြည့်ထားတယ်။ shared experiences ပါလာမယ်။ 3D Object detection , persistent experiences စတာတွေ ပါလာမယ်။ Shared Experience ကြောင့် AR space ကို အခြား device နဲ့ share လို့ ရလာလိမ့်မယ်။ ဒါကြောင့် AR game တွေ app တွေ အများကြီး ထွက်လာဖို့ ရှိလာနိုင်ပါတယ်။
  • AR အတွက် file form အသစ် မိတ်ဆက်ခဲ့ပါတယ်။ USDZ (Universal Scene Description) ဆိုသည့် file format ပါ။ open format ဖြစ်ပြီး ဒီမှာ Format specification ကို ဖတ်နိုင်ပါတယ်။
  • Siri ကို ထပ်ပြန်ပြင်ထားပါတယ်။ Siri shortcut ဆိုတာ ပါလာတယ်။ နောက်ပြီး built in shortcut app ပါလာပြီးတော့ short cut တွေ ဖန်တီးနိုင်ပါတယ်။ Workflow ကို ဒီအတွက် ဝယ်ခဲ့တယ်လို့ထင်ပါတယ်။ Shortcut app က work flow အတိုင်းပါပဲ။ Shortcut မှာ လုပ်ချင်တာလေးတွေ ဖန်တီးထားပြီးတော့ sir ကနေ shortcut လေး ပြောလိုက်ရုံပါပဲ။
  • Facetime ကို group call ရသွားပါပြီ။ ၃၂ ယောက် ထိ ပြောလို့ရပါတယ်။
  • Messages မှာ Animoji အသစ်တွေ ပါလာပါတယ်။ လျှာ ထုတ်ပြလို့လည်း ရသွားပါပြီ။ ကိုယ်ရဲ့ ပုံစံကို ဖန်တီးလို့ ရသည့် Memoji အသစ် ပါလာပါတယ်။
  • Machine Learning အတွက် Create ML ကို ထုတ်ပေးလိုက်ပါတယ်။ Model ကို playground ကို သုံးပြီး train နိုင်ပါတယ်။
  • Screentime ပါလာပါတယ်။ Device မှာ App သုံးဖို့ အချိန်ကို ကန့်သတ်နိုင်တယ်။ ကလေးတွေ ကိုလည်း အချိန်နဲ့ပဲပေးသုံးနိုင်လာပါပြီ။
  • iOS 12 မှာ Notification ကို လွယ်ကူစွာ manage လုပ်နိုင်ပါတယ်။
  • iBook အသစ်ပြောင်းသွားတယ်။ Apple Books ဖြစ်သွားပါပြီ။ Design တွေ အစ ပြောင်းသွားပါပြီ။
  • macOS နဲ့ iOS ကို ပေါင်းမှာလား ? No ပါ။
  • Apple က UIKit ကို macOS မှာ ထည့်ဖို့နှစ်အတော်ကြာ ကြိုးစားခဲ့ပါတယ်။ Devleoper တွေ အနေနဲ့ iOS app ကနေ macOS app ကို port လုပ်လို့ ရပါတော့မယ်။ 2019 မှာ ထွက်လာမယ်လို့ မျှော်လင့်ထားပါတယ်။
  • Mac OS မှာ Dark Mode ပါလာပါတယ်။
  • Desktop မှာ files တွေ အရမ်းများနေတာတွေ အတွက် Group လုပ်ပေးတာ ပါလာပါတယ်။
  • iOS 12 အကြောင်းကို Apple website မှာ ကြည့်နိုင်ပါပြီ။
  • Mac OS အသစ်အကြောင်းကိုလည်း Apple website မှာ ကြည့်နိုင်ပါပြီ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.