Zawgyi still can use in iOS 10

iOS 10 Beta ကို iPad မှာ သွင်းထားပြီး အခုတလော အလုပ်များနေတာနဲ့ update မလုပ်ဖြစ်ဘူး။ မနေ့ကမှ iOS 10 Beta 5 ကို update လုပ်ဖြစ်တယ်။ Update လုပ်လိုက်တဲ့ ထူးခြားတာက Unicode က အချို့ စာလုံးတွေ မှန်လာတာကို တွေ့ရတယ်။ ဥပမာ။ နှင့် ၊ သည့် ၊ တွေ့ | နေ့ စတာတွေက rendering လုပ်တာတွေ လွဲနေတယ်။ အဲဒါတွေ မှန်သွားပေမယ့် အရင်တုန်းက မှန်နေသည့် လင်္ကာ ၊ အင်္ဂလိပ် စတာတွေက လွဲကုန်တယ်။ ယောက်ျား စာလုံးကတော့ အခုထက်ထိ ပေါင်းလို့ မရသေးဘူး။

စာလုံး Keyboard ကို ပြန်စမ်းကြည့်မယ်ဆိုပြီးတော့ Font သွင်းကြည့်လိုက်တော့ အကုန်လုံးက iOS 9 ဇော်ဂျီ ဖြစ်သွားတာကိုတွေ့ရတယ်။ Beta 4 ကတည်းက ရပြီ လို့ ဆိုပေမယ့် ကျွန်တော်ကတော့ မနေ့ကမှ သိရတယ်။ iOS 10 Beta 4 မှာ စာလုံး keyboard က position တွေ လွဲကုန်တာကို တွေ့ရတော့ ပြန်ပြင်ဖို့တော့ လိုမယ်။ Septemeber လ မရောက်ခင်မှာ အမှီပြင်ဖို့ တော့ ကြိုးစားနေပါတယ်။

unicode
unicode

iOS 10 မှာ ဘာ profile မှ မသွင်းထားရင် Unicode ကို Default မလုပ်လုပ်ပေးပါတယ်။ တကယ်လို့ Zawgyi profile သွင်းလိုက်ရင်တော့ ဇော်ဂျီ font ဖြစ်သွားတဲ့ အတွက် ဇော်ဂျီသမားကော Unicode သမား အတွက်ပါ အဆင်ပြေပါတယ်။

zawgyi
zawgyi

Unicode ပါလာပေမယ့် အချို့စာလုံးတွေလွဲနေတာအတွက် iOS 10 beta အသုံးပြုသူတွေ အနေနဲ့ ဝိုင်းပြီး report လုပ်ကြမယ်ဆိုရင် Apple က ပြင်ပေးမယ်လို့ မျှော်လင့်ပါတယ်။

နောက်ပြီးတော့ Apple TV OS 3 beta version မှာလည်း မြန်မာ Unicode ပါဝင်လာပါပြီ။ Apple က အဓိက MyanmarSangamMN ကို မြန်မာ unicode အတွက် အသုံးပြုမှာ ဖြစ်သည့်အတွက်ကြောင့် ကျွန်တော်တို့တွေဟာ Report လုပ်ပေးပြီးတော့ Apple က သာ ပြင်ပေးခဲ့ရင် Mac OS , iOS , tvOS , watch OS စတာတွေမှာ မြန်မာ unicode ကို ကောင်းမွန်စွာ နဲ့ မြင်ရလာဖို့ ရှိပါတယ်။

1 Comment

  1. Phyo Lwin says:

    မနက်ကပဲ iOS10 ကို update လုပ်လိုက်တယ်။ပြီးတော့ zawgyi profile သွင်းကြည့်လိုက်တော့ ဇော်ဂျီရနေသေးတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.