Experience from NSMag

NSMag ကို ရေးလိုက်တာ အတွေ့အကြုံတော်တော်လေးကို ရသွားတယ်။ ပထမဆုံး အတွေ့အကြုံကတော့ newsstand ပဲ။ အမှန်တိုင်းပြောရရင် သူများရေးထားတဲ့ newsstand tutorial တွေ ဘယ်လောက်ဖတ်ဖတ်။ code တွေ ဘယ်လောက် ဖတ်ဖတ် လက်တွေ့လုပ်လိုက်တာလောက် နားမလည်တာ အမှန်ပဲ။ Newsstand app က တကယ်တန်းတော့ ထင်သလောက် ရေးရတာ မခက်ပါဘူး။ newsstand app မလုပ်ခင် viggiosoft က tutorial ကို ဖတ်ထားတယ်။ သူပေးထားတဲ့ code ကို ထပ်ခါထပ်ခါ လေ့လာကြည့်တယ်။ တကယ်တန်းရေးတော့ တော်တော်လေးကို အသုံးဝင်တယ်။ Newsstand အတွက် Apple က တော်တော်များများက အရန်သင့် အဆင်ပြေဖန်တီးပေးထားတဲ့အတွက် User အတွက် မသိသာပေမယ့် Developer တွေအတွက်ကတော့ work load တွေ အများကြီး သက်သာသွားစေတာ အမှန်ပဲ။

နောက်ပြီး Node.js နဲ့ Express JS ကို ပိုသိသွားတယ်။ ပုံမှန် PHP နဲ့ ရေးရင် ဒီထက် ပိုမြန်လိမ့်မယ်။ သို့ပေမယ့် Express JS သုံးကြည့်ရင်းနဲ့ PHP ကို ပြန်မသုံးချင်လောက်အောင် ဖြစ်သွားတယ်။ Jade Template ကိုလည်း တော်တော်လေး သဘောကျပြီး HTML ရေးရတာ ပိုမြန်သွားတယ်။ Thinking အပိုင်းကိုလည်း Model တွေ သီးသန့် ခွဲပြီး စဉ်းစားတတ်လာတယ်။

Node.js ဟာ production မှာ ပြဿနာ ဖြစ်တတ်ပေမယ့် git ကို အသုံးပြုပြီး deploy လုပ်လိုက်တော့ တော်တော်လေးကို အဆင်ပြေသွားတယ်။ Mongodb ကို node.js နဲ့ ကောင်းကောင်း အသုံးချတတ်သွားတယ်။ async ဖြစ်တဲ့အတွက် စဉ်းစားတဲ့ အပိုင်းက တော်တော်လေးကို ပြောင်းလဲသွားတယ်။ iOS မှာ Block တွေနဲ့ ရေးလာနေကျဖြစ်တဲ့အတွက်ကြောင့် async ကတော့ ပြဿနာကြီးကြီး မားမား မဖြစ်ဘူး။

တကယ်တန်း project တစ်ခုကို အစအဆုံး မလုပ်ဖူးရင် ဒီ project နဲ့ ပတ်သက်တဲ့ experience က မရနိုင်ဘူး။ စာဖတ်ထားတာဟာ တကယ်လုပ်တဲ့ နေရာမှာ အထောက်အကူ ပြုရုံပဲရှိတယ်။ experience မဟုတ်ဘူး။ စာတွေနဲ့ လက်တွေ့ ပေါင်းတဲ့ အခါမှာ ထင်ထားတာ ထက်ပိုမြန်တယ်။ newsstand နဲ့ ပတ်သက်တာတွေကို ၁ လ လောက် ဖတ်လိုက်ရတယ်။ လက်တွေ့ App ရေးတော့ ၁ လ ကျော်ကျော်လောက် ကြာတယ်။ App Store ပေါ်တင်တော့ keyword မှာ android စာလုံးပါနေလို့ reject ဖြစ်တယ်။ ဒါကြောင့် ပြန်ဖျက်ပြီး တင်ရတာကြောင့် ၂ ပတ်ကျော်ကြာသွားတယ်။

NSMag ကြောင့် IAPHelper ကို update လုပ်ဖြစ်တယ်။ APNS_Test ကို ရေးဖြစ်သွားတယ်။ AFNetworking ကို ကောင်းကောင်း အသုံးချတတ်သွားတယ်။ iOS App အတွက် ပြင်စရာလေးတွေ ရှိသေးတယ်။

UI/UX ပိုင်းမှာ တော်တော်လေးကို စဉ်းစားဖြစ်သွားတယ်။ Flat UI အပြင် အခြား App တော်တော်များများရဲ့ UI/UX တွေကို အချိန်တော်တော် ပေးပြီး လေ့လာဖြစ်တယ်။ အခု design က The Magazine ပုံစံ နဲ့ တော်တော်လေး ဆင်တာကတော့ အမှန်ပါ။ UI/UX ကို သူ့ထက်ကောင်းအောင်လည်း အခု အချိန်မှာ မစဉ်းစားမိတာ အမှန်ပါ။ တဖြည်းဖြည်း update လုပ်ရင်းနဲ့ ကွဲပြားလာလိမ့်မယ်လို့ မျှော်လင့်မိတယ်။

August Issue စီစဉ်ပြီးရင် App ကို update လုပ်ရမယ်။ Bug fixing နဲ့ အခြား feature အသစ်လေး တစ်ခု လောက်ထည့်ဖို့ စဉ်းစားနေတယ်။ အခု စာရေးနေချိန်မှာ Devices ပေါင်း ၁၅၈ ခုမှာ NSMag သွင်းပြီးသွားပါပြီ။ ဖတ်ကြတဲ့ သူတွေ ကော download ချတဲ့ သူတွေကော ကျေးဇူးတင်ပါတယ်။ Aug Issue မှာ ဒီထက်ကောင်းအောင် ဖန်တီးနေပါတယ်။ NSMag App ကတော့ ကျွန်တော့် အတွက် အတွေ့အကြုံတွေ အများကြီးရလိုက်တာတော့ သေချာပါတယ်။

3 Comments

  1. App-dev-mm says:

    Mobile Development Magazine can “ONLY” read or subscribe from iPhone ,iPad owner.?

    1. saturngod says:

      yes. Only for iOS.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.