Infobox MZwiki ရတော့မည်

တနေကုန်လုံး မူးနောက်သွားတာပဲ။ MZwiki မှာ မူရင်း wikipedia လို infobox လေးရဖို့ ဖတ်လိုက်ရတဲ့စာတွေ မနည်းဘူးပဲ။ အဓိကတော့ မူရင်း code ကို နားလည်အောင် မနည်းဖတ်ရတယ်။ မူရင်း code ကြီးက တကယ့်ကို structure ကျလွန်းတယ်။ နောက်ပြီး တော်ရုံတန်ရုံကူးလို့မရအောင် လုပ်ထားတယ်။ မနည်းနားလည်အောင် ဖတ်ရတယ်။ သူ့အတိုင်း တိုက်ရိုက်ကူးရင်မရဘူးဗျ။ Mediawiki မှာသုံးတဲ့ parser တွေကို သေသေချာချာ ဖတ်ရတယ်။ နောက်ပြီး စမ်းပြီးလုပ်ရတယ်။ အခုတော့ တော်တော် အဆင်ချောလာပြီ။ မူရင်းလောက်မတူရင်တောင် မူရင်းလောက်နီးပါး ကောင်းအောင် ပြုပြင်ဖြည့်စွက်ထားတယ်။ ကိုယ်ပိုင် template တွေ သေသေချာချာ ဆွဲရတယ်။ code တွေကို လိုက်ဖတ်လေလေ မူရင်းလုပ်ထားတဲ့လူတွေကို သဘောကျလေလေပဲ။ တကယ်ကောင်းတဲ့ structure ဗျာ။ ကျွန်တော်တို့ အရင်ကလို ဖြစ်သလို table တွေနဲ့ထည့်တာ view source နဲ့ကြည့်ရတာ မျက်စိနှောက်တယ်။ အခုတော့ ရှင်းသွားပြီ။ မူရင်းလိုဖြစ်အောင် အတတ်နိုင်ဆုံးလုပ်နေပါတယ်။ MZwiki မှာ စမ်းထားတာကို Bill Gate အကြောင်း ဘာမှမပြည့်မစုံရေးထားတဲ့ နေရာမှာ သွားကြည့်လို့ရတယ်။ သေချာပါတယ်။ အခြားလုပ်နေဆဲ မြန်မာ wiki တွေအတွက် ကောင်းကောင်းကူးယူသုံးစွဲလို့ အဆင်ပြေမှာပါ။ အခု မြန်မာ wiki တွေက ကျွန်တော် အရင်က ချပြခဲ့တဲ့ table structure အတိုင်းသွားနေကြပါတယ်။ အခုတော့ နောက်ထပ် တဆစ်ချိုးပြောင်းနိုင်တော့မှာပါ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.