Nothing

Programming ကို ဗိုလ်တထောင် ကောလိပ်မှာ diploma တက်ရင်း VB 6 နဲ့ စသင်ခဲ့ရတယ်။ အဲတုန်းက programming ကို ချက်ချင်း မသင်သေးပဲ pseudo ကို တော်တော်လေး သင်လိုက်ရတယ်။ အဲဒီတုန်းက computer နဲ့ မရေးရပဲ ဘာလို့ လက်နဲ့ချ ရေး ကိုယ်တိုင် စစ်နေရလည်း နားမလည်ဘူး။ flow chart တွေလည်း တော်တော်လေးဆွဲရတယ်။ ပုစ္ဆာ တစ်ပုဒ်ကို ဖြေရတိုင်း pseudo နဲ့ flow chart နှစ်ခုပေါင်းပြီး ဖြေရတယ်။ စာရှင်းပြလည်း pseudo နဲ့ တစ်ခါ flow chart နဲ့ တစ်ခါ ရှင်းပြတဲ့ အတွက် programming သဘောတရားကို လွယ်လွယ်ကူကူ နားလည်ခဲ့တယ်။ အဲဒီတုန်းက လူနည်းတာလည်း ပါမယ်။ နောက်ပိုင်းတော့ VB 6 သင်တယ်။ ကျွန်တော်တို့ အခြေခံပိုင်းမှာ OOP concept တွေ မသင်ခဲ့ရဘူး။ OOP တွေ မသင်ခဲ့တာတောင် ကျောင်းပြီးတော့ ကျောင်းသား အယောက် ၂၀ လောက်ပဲ ကျန်တော့တယ်။ တော်တော်များများက ဆက်မတက်ပဲ ထွက်သွားကြတာများတယ်။ OOP ကို သေသေချာချာ မသိခဲ့တဲ့ အတွက် Java ကို မကြိုက်ခဲ့ဘူး။ နောက်ပိုင်း .NET မှာ OOP ကို ပြောင်းတော့ စပြီး ဒုက္ခရောက်တာပဲ။ အဲဒီ အချိန်မှာ PHP ကို သိခွင့်ရပြီး PHP ကို သာလေ့လာခဲ့တဲ့ အတွက် OOP နဲ့ ထပ်ပြီး ဝေးသွားတယ်။ အဲဒီတုန်းက PHP 4 ပဲ ရှိသေးတယ်။ PHP 5 တော့ ထွက်ပေမယ့် စာအုပ်တွေ မရှိသေးဘူး။ PHP 4 မှာ OOP က အဲဒီလောက်ထိ strong မဖြစ်ဘူး။ လေ့လာရတာလည်း လွယ်တယ်။ OOP မတတ်လည်း ဖြစ်တယ်လို့ အထင်ရောက်ခဲ့တာ အမှန်ပဲ။ နောက်ပိုင်းမှာ CodeIgniter ကို သုံးရင်းနဲ့ OOP အသုံးကျလာတာကို တွေ့လာတယ်။ ကိုယ်ပိုင် Ava framework လေး ရေးကြည့်ရင်းနဲ့ OOP မတတ်ရင် မဖြစ်ပါလား ဆိုတာ သိလာပြီး OOP အကြောင်းကို နည်းနည်းပါးပါး ဖတ်ဖြစ်တယ်။ တကယ်တန်း Apply လုပ်ဖို့က PHP မှာ အဲလောက် အားမသန်ခဲ့ဘူး။ နောက်ပိုင်း Objective-C ကို လေ့လာတော့ မဖြစ်မနေ OOP ကို သုံးရတော့တယ်။

အခုနောက်ပိုင်းမှာ Object တွေခွဲပြီး စဉ်းစားတတ်နေပြီ။ iOS ကနေ Android app ကို စမ်းရေးတာ ထင်သလောက် မခက်တော့ဘူး။ ငယ်ငယ်တုန်းက programming language တစ်ခု ကနေ တစ်ခု ပြောင်းရင် အတော်လေးကို လေ့လာရပေမယ့် အခုအချိန်မှာ ထင်သလောက် မခက်တော့ဘူး။ programming language တော်တော်များများက ရေးသားရတဲ့ ပုံစံသာ အနည်းငယ်ကွဲပြားပေမယ့် အခြေခံ စဉ်းစားရတဲ့ အပိုင်းတွေ အတော်လေးကို တူပါတယ်။ Android ကို လေ့လာရင်းနဲ့ Java ကို တော်တော်သဘောကျလာတယ်။ Java က တကယ့်ကို OOP နဲ့ အတော်ရေးလို့ ကောင်းတဲ့ language တစ်ခုပဲ။ တစ်ခါတစ်လေ Ruby ကို လေ့လာဖို့ စဉ်းစားသေးတယ်။ သို့ပေမယ့် Ruby နဲ့ ရေးစရာ project မရှိတဲ့ အတွက် လေ့လာစရာ အကြောင်းလည်း မရှိဘူး။ အရင်တုန်းက command line မှာ run မယ့် script တွေကို python နဲ့ ရေးပေမယ့် နောက်ပိုင်း node.js နဲ့ ပဲ ရေးဖြစ်တော့ python ကို မထိ ဖြစ်တာတောင် တော်တော်ကြာသွားပြီ။ Website ဆိုရင်လည်း express js ကို သုံးပြီး ရေးနေကြဆိုတော့ PHP ကို မထိ ဖြစ်တော့ဘူး။ နောက်ပိုင်း web ကို mobile API အတွက် backend ပိုင်းသာ ရေးဖြစ်ပြီး front end တွေ နဲ့ ဝေးသွားပြီ။ Angular JS , Backbone , Yeoman စတာတွေက သုံးချင်ပေမယ့် သုံးဖို့ ရန် အကြောင်း သိပ်မရှိလှတော့ဘူး။

၁၀ တန်းပြီးတော့ ဗိုလ်တထောင် ကောလိပ်ကနေ စပြီး programming ကို စလေ့လာတာ ၁၀ နှစ်တောင် ရှိတော့မယ်လို့ ဆိုရမယ်။ နောက်ပိုင်းမှာ သင်တန်းတွေ သိပ်မတက်ဖြစ်တော့ဘူး။ သင်တန်းကို SSI နဲ့ M3WI မှာ တတ်ဖူးတယ်။ SSI ကတော့ အခုမရှိတော့ဘူး။ SSI မှာ အဓိက တတ်ခဲ့တာက Linux အခြေခံ , perl script နဲ့ UML အပိုင်းပဲ။ M3WI နဲ့ ASP.NET တတ်ခဲ့တယ်။ အဓိက certificate လိုချင်လို့ အဲဒီတုန်းက တတ်ခဲ့တာ။ ASP.NET ကို သဘောမကျတော့ မလုပ်ဖြစ်ခဲ့ဘူး။ ငယ်ငယ်တုန်းက သဘောကျတာတွေ သဘောမကျတာတွေ အတော်လေးကို ခွဲခွဲခြားခြား လုပ်တာကို အခုအချိန်မှာ ပြန်တွေ့မိတယ်။ PHP ကို သဘောကျလို့ ဆိုပြီး self study လုပ်ခဲ့တယ်။ အဲဒီတုန်းက gmail lite version လေးကို မြန်မာလို မြင်ရအောင် ဖန်တီးချင်တာကြောင့် php ကို လေ့လာဖြစ်ခဲ့တယ်။ mmglite ဖန်တီးမယ် ဆိုပြီး PHP ကို စလေ့လာဖြစ်ခဲ့တာ ဆိုရမယ်။ အဲတုန်းက PHP သင်တဲ့ သင်တန်း မရှိသေးဘူး။ အကုန်လုံးက web ဆိုရင် ASP.NET ကို သာ အဓိက ထားတဲ့ အချိန်။ ဒါကြောင့် စာအုပ် ဆိုင်မှာ PHP 4 visual quick pro စာအုပ် copy ကို ဝယ်ခဲ့တယ်။ နောက်ပိုင်း အဲဒီ စာအုပ်တောင် ဘယ်ရောက်သွာမှန်း မသိတော့ဘူး။ တစ်ယောက်ပြီး တစ်ယောက်ငှားရင်း ငှားရင်းနဲ့ ဘယ်သူ့ ဆီက ပြန်မရတာလဲ မသိတော့ဘူး။ အဲဒီစာအုပ်နဲ့ PHP ကို သေသေချာချာ လေ့လာဖြစ်ခဲ့တယ်။ သူငယ်ချင်းတွေကိုလည်း အဲဒီ စာအုပ်ကို recommand လုပ်ပြီး ငှားပေးခဲ့တယ်။ PHP က တကယ့်ကို လေ့လာရတာ အတော့်ကို လွယ်တယ်။ pseudo တွေ flow chart တွေကို အခြေခံ မျိုးစေ့ အနေနဲ့ ရခဲ့တာ အတော့်ကို ကံကောင်းသွားတယ် ဆိုရမယ်။ self learning လုပ်ရတာ ပိုအဆင်ပြေပြီး အဲဒီ နောက်ပိုင်း BC ကနေ စာအုပ်တွေ ငှားပြီး တောက်လျောက် PHP ကို လေ့လာခဲ့တယ်။ တကယ်တန်း ကျောင်းပြီးတော့ Apply လုပ်ဖို့ နေရာ သိပ်မရှိလှဘူး။ free lance project တွေ ရှိပေမယ့် စင်္ကာပူ ရောက်မှ လေ့လာခဲ့တဲ့ jquery , php တွေကို အမှန်အကန် အသုံးချဖြစ်ခဲ့တယ်။ PHP နဲ့ပဲ ornagai ကို ရေးခဲ့တယ်။ CodeIgniter framework သုံးပြီးတော့။ အဲတုန်းက ရေးခဲ့တဲ့ website က နောက်ပိုင်း data သာ update လုပ်ပြီး code တွေကို update မလုပ်ဖြစ်တော့ဘူး။ သို့ပေမယ့် ယနေ့တိုင် ornagai website ကို ကျွန်တော် အသုံးပြုနေဆဲပဲ။ self study နဲ့ပဲ objective-c ကို လေ့လာခဲ့တယ်။ နောက်ပိုင်း android အတွက် java ကိုလည်း ဒီ အတိုင်းပဲ လေ့လာဖြစ်ခဲ့တယ်။ self study အတွက် အဓိက တွန်းအားက ငါ ဒီ project လေး ပြီးအောင် လုပ်မယ်ဆိုတာလေးက အစပဲ။ self study လုပ်ဖို့ အတွက် ပြည့်စုံတဲ့ resource တွေ လိုအပ်တယ်။ အခုအချိန်မှာ မြန်မာ forum တွေ တော်တော်များများ ရှိနေပြီဆိုတော့ language တစ်ခုကို လေ့လာရာမှာ အခက်အခဲ ရှိရင် လွယ်လင့် တကူမေးလို့ ရတဲ့ အချိန်ဖြစ်နေပြီ။ ကျွန်တော်တို့တုန်းက internet ကို dial-up နဲ့ သုံးပြီးတော့ လိုတာတွေ အကုန် download ချ။ ပြီးရင် offline လေ့လာခဲ့ဖြစ်ခဲ့တယ်။ self study က ထင်သလောက် မခက်ခဲပါဘူး။ language တစ်ခုကို လေ့လာတာထက် ဒီ project ကို ပြီးဖို့အတွက် လေ့လာဖို့ လိုတယ်ဆိုတဲ့ စိတ်ကြောင့် လေ့လာဖြစ်ခဲ့တာ။

အခုအချိန်ထိတော့ လေ့လာစရာတွေ မကုန်နိုင်ဘူး ။ ကုန်သွားမှာလည်း မဟုတ်ဘူး။ နည်းပညာ အသစ်တွေ ပေါ်လာသလို တချိန်က နာမည်ကြီးခဲ့တဲ့ အရာတွေလည်း ပျောက်ကွယ်ကုန်တာရှိတယ်။ အသက်ရှင်နေသ၍တော့ လေ့လာစရာ ရှိတာတွေကို self study လုပ်ရင်း အတွေ့အကြုံကနေ လေ့လာနေရာမှာပဲလေ။

3 Comments

  1. Any Advice to teach Programming bro? O.o

    1. saturngod says:

      It’s base on what level do you teach

  2. setkyarar says:

    hi I am still using it http://www.ornagai.com and I like it :)

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.