Yangon Map Offline (OSM , Android)

ရန်ကုန်မြို့အတွက် offlien မြေပုံကို Android အတွက် ဒီမှာ downlaod ချနိုင်ပါတယ်။

yangon

Why Offline

ပြီးခဲ့ နှစ်က ရန်ကုန်ပြန်တုန်းက ကားမောင်းတော့ လမ်းတွေ မသိတာနဲ့ ကားရပ်ပြီး Google Map ကို ပြန်ကြည့်ရတယ်။ Connection က မကောင်းတော့ offline map လေး ရှိရင် အဆင်ပြေမှာပဲ ဆိုပြီး စဉ်းစားမိခဲ့တယ်။ ဒါနဲ့ ဒီတစ်ခေါက် ခဏ ပြန်တော့ မြေပုံ App တွေ ရှာကြည့်တော့ iOS မှာ ဆိုရင်

ကို တွေ့ပါတယ်။ အခြား Map တွေ တွေ့ပေမယ့် ရန်ကုန် မြေပုံအတွက် အဆင်ပြေဆုံးက အဲဒီ App ၂ ခုပါပဲ။

ဒါနဲ့ မပြန်ခင်မှာ OSM မှာ အိမ်နား ပတ်ဝန်းကျင် က လမ်းနာမည်တွေ ထည့်တယ်။ လမ်းတွေ ကို ထပ်ဖြည့်တယ်။ နေ့တိုင်းနီးပါး OSM မှာ ရန်ကုန် map ကို ပြင်ဖြစ်တယ်။

သို့ပေမယ့် ရန်ကုန်ရောက်တော့ offline map data က update မဖြစ်ဘူး။ Maps.me , Galileo တို့ ရဲ့ update data ကို စောင့် ရမယ်။ Galileo က ကိုယ်ပိုင် offline map ထည့်လို့ ရပေမယ့် နေ့စဉ် update အတွက် အဆင်မပြေဘူး။

ဒါနဲ့ပဲ နေ့စဉ် update လုပ်လို့ ရအောင် ကိုယ်ပိုင် offlien map လေး စမ်းကြည့်ဖြစ်တယ်။

OSM Map Data

လက်ရှိမှာတော့ Concept အဆင့် alpha သာသာ အဆင့်သာ ရှိပါတယ်။ Search တွေ routing တွေ မပါပါဘူး။ နေ့စဉ် data ကိုတော့ မြန်မာစံတော်ချိန် ၈ နာရီ ခွဲမှာ update လုပ်ပါတယ်။

Map ပေါ်မှာ မှားနေတာတွေ မရှိသေးတဲ့လမ်းတွေ ဒါမှမဟုတ် နာမည် မပေးရတဲ့ လမ်းတွေကို ကူညီပေးချင်တယ်ဆိုရင်တော့ OpenStreetMap မှာ ကူညီ ပေးနိုင်ပါတယ်။ သင်ဒီနေ့ပြင်လိုက်တဲ့ Data ဟာ နောက်နေ့မှာ Yangon Map app ကနေ offline အသုံးပြုလို့ရအောင် download ဆွဲလို့ ရပါပြီ။

Why OSM

Google က map editor ကနေ တခြားသူတွေ ပေါက်ကရ ပြင်တာများလို့ map editor ကို ပိတ်ထားလိုက်တာကြောင့် ကျွန်တော်တို့တွေ google မှာ ရန်ကုန်အတွက် data တွေ update လုပ်လို့ မရတော့ပါဘူး။

သို့ပေမယ့် OSM မှာ update လုပ်လို့ ရပါတယ်။ OSM မှာ update လုပ်ခြင်းအားဖြင့် တခြား Offline map app တွေ အတွက်လည်း အဆင်ပြေနိုင်သလို နောက်တချိန်မှာ Apple ကလည်း OSM ကနေ သူ့ apple map အတွက် data တွေ update လုပ်နိုင်ပါတယ်။ လက်ရှိ iOS မှာ ပါတဲ့ map က တချို့ data တွေ က OSM က နေ ရယူထားတယ်လို့ ပြောထားပါတယ်။

နောက်တချက်က OSM က map data တွေကို offline ရယူနိုင်သလို MapBox က OSM ကို အသုံးပြုထားပါတယ်။

MapBox

လက်ရှိ FourSquare, Evernote, Pinterest, Github စတာတွေက MapBox ကို အသုံးပြုထားပါတယ်။ MapBox ကို အသုံးပြုထားတယ်ဆိုတာ OSM ကို အသုံးပြုထားတာနဲ့ အတူတူပါပဲ။

Vector Map

Yangon Map မှာ အသုံးပြုထားတာက Vector Data ဖြစ်တဲ့ အတွက်ကြောင့် 600 KB ပတ်ဝန်းကျင်ပဲ ရှိတဲ့ အတွက် ရန်ကုန် က လူတွေ အတွက် download ချဖို့ အဆင်ပြေပါတယ်။ MapViewer အတွက် MapsForge ကို အသုံးပြုထားပါတယ်။ MapsForge က OpenGL မသုံးထားပဲ Skia ကို အသုံးပြုထားပါတယ်။ ဒါကြောင့် Google Map လိုမျိုး မမြန်တာတော့ အမှန်ပါ။

အကယ်၍ Vector မသုံးပဲ Tile Map (PNG) ကို အသုံးပြုမယ်ဆိုရင် Zoom level ပေါ်မှာ မူတည်ပြီး size က အနည်းဆုံး 200 MB ကနေ 1 GB လောက် ထိ ရှိနိုင်ပါတယ်။ Title တွေ နဲ့ အစက ဖန်တီးဖို့ လုပ်ပေမယ့် Image Size က များတာကြောင့် ရန်ကုန်က လူတွေ download ချဖို့ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် Vector ကို အသုံးပြုထားပါတယ်။ လွယ်လင့်တကူ download ချလို့ ရပြီး internet data ဖိုးလည်း သက်သာအောင်ပါ။

iOS ?

iOS အတွက်ကတော့ မစမ်းရသေးပါဘူး။ ရန်ကုန်မှာ Android အသုံးများတယ်။ နောက်ပြီး Taxi သမား တော်တော်များများကလည်း Android ပဲ အသုံးပြုတယ်။ ဒါကြောင့် Offline အတွက် Android ကိုပဲ အဓိကထားပြီး လေ့လာဖြစ်ခဲ့တယ်။ Android မှာ လူသုံးများလာရင်တော့ iOS အတွက်ပါ ထုတ်ပေးနိုင်အောင် ကြိုးစားပါတယ်။

တခြားလိုအပ်တာတွေ ဝေဖန်အကြံပြုချင်တာများကို ဒီ Post က comment မှာ ဖြစ်ဖြစ် Play Store မှာ ဖြစ်ဖြစ် ဝင်ရောက်ရေးသားနိုင်ပါတယ်။

7 Comments

  1. And you need a better logo!

    1. saturngod says:

      YES :) This one is look like draft one :D

  2. MYAT THU ZAR says:

    i want to get Yangon vector map for PC. can you help me. please reply

    1. saturngod says:

      Sorry , I don’t have it both PC and vector map for yangon :( You can search OSM for windows. Check http://wiki.openstreetmap.org/wiki/Software/Desktop

  3. littleiceage says:

    i want to get yangon vector map for PC

  4. Steve says:

    i being using motion x qite a long time with ios.

    1. saturngod says:

      Sorry :( I still cannot touch for iOS dev for Yangon Map Offline

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.