It Doesn’t Have to Be Crazy at Work

Remote , ReWork , Getting Real စသည့် စာအုပ်တွေကို ဖတ်ထားတော့ basecamp က နောက်ထပ် ထုတ်သည့် It Doesn’t Have to Be Crazy at Work ကိုလည်း မထွက်ခင် ကတည်းက pre order လုပ်ထားဖြစ်တယ်။ စာမျက်နှာ ၂၄၀ ပဲရှိပြီး အပိုင်း လေးတွေ နဲ့ ဆိုတော့ ဖတ်ရတာ ပေါ့ပေါ့ပါးပါး ရှိတယ်။ မြန်မြန်ဆန်ဆန် နဲ့ ပဲဖတ်လို့ ပြီးသွားတယ်။

Basecamp က CEO ဟာ ၁၉ နှစ်တာ ကာလ အတွင်း သူကြုံခဲ့ရသည့် ပြဿနာတွေကို အခြေခံပြီးတော့ ဖြေရှင်း နည်းလေးတွေ ကို အဓိက ရေးသားထားပါတယ်။ သို့ပေမယ့် Basecamp က product company တစ်ခု ဖြစ်သည့် အတွက်ကြောင့် service company နဲ့ ပုံစံ မတူဘူး။ အကုန်လုံးကိုတော့ ကျင့်သုံးလို့ မရပေမယ့် အချို့ အချက် တော်တော်များများ ကို သဘောကျတယ်။

လက်ရှိ ရုံးမှာလည်း basecamp သုံးနေတော့ သူတို့ရဲ့ design ပေါ်မှာ မြင်သည့် အမြင် product မှာ မြင်သည့် အမြင်တွေ ကို သဘောကျမိတယ်။ သို့ပေမယ့် အချို့ အပိုင်းတွေက basecamp company ကို ကြော်ငြာနေတယ်လို့ လည်း ခံစားမိတယ်။

စာအုပ်ထဲမှာ ပါသည့် အချို့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Stress is passed from organization to employee, from employee to employee, and then from employee to customer.

A company is like software. It has to be usable, it has to be useful. And it probably also has bugs, places where the company crashes because of bad organizational design or cultural oversights.

“Your goals don’t care how you feel.”

The best companies aren’t families. They’re supporters of families. Allies of families.

startup စာအုပ်တွေ ဖတ်နေကြသူတွေ startup စလုပ်သည့် သူတွေ အတွက်တော့ ဖတ်လို့ ကောင်းသည့် စာအုပ် တစ်အုပ်ပါ။ ReWork လိုမျိုး စာအုပ်ကောင်း တစ်အုပ် ကို ဖတ်ချင်သည့် သူတွေ အနေနဲ့လည်း ဖတ်သင့်ပါတယ်။

2 Comments

  1. Oak Kar says:

    basecamp alternative ဘာရှိဦးမလဲဗျ၊ opensource ထဲက

    1. saturngod says:

      https://www.openproject.org ကတော့ မဆိုးလှပါဘူး

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.