OnRoadMap

ရုံးအတွက် Project Management tool အတွက် တော်တော်များများသုံးဖြစ်ခဲ့တယ်။ ရုံးမှာ လူများလာသည့် အခါမှာ အချို့ Tool တွေက အဆင်မပြေတာလေးတွေ ရှိလာတာနဲ့ ၃ နှစ်အတွင်း တစ်ခု ပြီး တစ်ခုပြောင်းသုံးခဲ့တာ အခု OnRoadMap ကို သုံးဖြစ်နေတယ်။

OnRoadMap ကို အဓိက သုံးဖြစ်သည့် အချက်ကတော့ ဘယ်သူတွေ ဘာလုပ်နေလဲ ဆိုတာကို တစ်နေရာတည်းမှာ ကြည့်လို့ရတာပဲ။ Basecamp က အဆင်ပြေပေမယ့် ပြသနာက ဘယ်သူတွေ အားနေတယ် ဘယ်သူတွေ ဘာတွေ လုပ်နေလဲဆိုတာ တစ်နေရာတည်းမှာ ကြည့်မရဘူး။ ဒီနေ့ ဘာတွေလုပ်ထားလဲဆိုတာကို သိဖို့ history ကို ပြန်ကြည့်နေရတယ်။ OnRoadMap မှာ အဆင်ပြေတယ်။

နောက်တချက်က Project ကို Section ခွဲပြီး tasks တွေကို မှတ်ထားလို့ရတယ်။ Backlog ထဲမှာ ထည့်ထားလို့ရတယ်။

အရေးကြီးဆုံးကတော့ စျေးနှုန်းပဲ။ Project Management SASS တွေက Per User နဲ့ ယူကြတယ်။ Trello က Premium ဆိုရင် Per User နဲ့ပေးရတယ်။ Monday.com , Asana , Hive, Jira စတာတွေ အကုန်လုံးကလည်း per user ဖြစ်သည့်အတွက် လူများလေလေ အဆင်မပြေလေလေပဲ။ Basecamp ကို စသုံးဖြစ်တာကလဲ Unlimited User အတွက် စျေးနှုန်း တစ်ခုတည်းပဲ။ ဒါကြောင့် Active Collab ကနေ basecamp ကို ပြောင်းသုံးဖြစ်တာ။ Basecamp မှာ အဓိက ပြဿနာက ဘယ်သူတွေ ဘာသုံးနေလဲ ကြည့်မရတာ နောက်ပြီးတော့ feature တော်တော်များများက ကျွန်တော်တို့ Team က မသုံးဖြစ်တာကြောင့် basecamp လိုမျိုး flast plan ဖြစ်သည့် onroadmap ကိုပြောင်းဖြစ်တာ။ ၁ လကို $49 ဆိုတာက လူ အယောက် ၂၀ ကျော်ရှိသည့် team အနေနဲ့ အဆင်ပြေတယ်။ လူများလေလေ သုံးရတာ တန်လေလေပဲ။ Guest ဘာ invite လုပ်လို့ရတာကြောင့် client တွေကပါ ဘာတွေလုပ်နေလဲ ဆိုတာကို ဝင်စစ်ချင်ရင် စစ်လို့ရအောင် လုပ်ပေးထားလို့ရပါတယ်။

OnRoadMap မှာ ပြဿနာက label ပဲ။ Label တွေ အများကြီးပေးလို့ မရဘူး။ နောက်ပြီး tasks list တွေ အရမ်းများလာရင် နည်းနည်းနှေးတယ်။ Backlog ထဲမှာ tasks list တွေ ကျန်သေးလား ကိုယ့်သာသာကိုယ် ပြန်ပြန်စစ်နေရတယ်။ Backlog မှာ tasks ဘယ်လောက်ရှိတယ်ဆိုသည့် summary လေး ကြည့်လို့ရရင်တော့ ပိုကောင်းမယ်။ နောက်တချက်က integration မပါဘူး။ Gitlab နဲ့ integration လုပ်လို့ရရင် ပိုကောင်းမယ်။ တခြား service တွေ နဲ့ integrartion လုပ်လို့ရရင်တော့ ပိုပြီး အဆင်ပြေလာလိမ့်မယ်။ နောက်ပြီး mobile app ကော desktop app ပါမရှိသည့် အတွက် mobile နဲ့ သုံးရတာ လုံးဝကို အဆင်မပြေဘူး။

အခုလက်ရှိ team အတွက်က OnRoadMap က အဆင်ပြေဆုံးပါပဲ။ စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ Trail ၁ လ ရပါလိမ့်မယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.