Six Years Old

ဒီလ ၁၁ ရက်နေ့ ဆိုရင် blog ရေးတာ ၆ နှစ် ရှိပြီ။ စရေးကာစကတော့ ကျောင်းက အကြောင်းလေးတွေ ရေးချင်တာ နောက်ပြီးတော့ အဲဒီ အချိန်တုန်းက blogspot ဆိုတာကြီးက ခေတ်စားတဲ့ အချိန်ဆိုတော့ ဘာလဲ သိရအောင် စမ်းရေးနဲ့ စရေးဖြစ်သွားတာပဲ။ အဲဒီ ကတည်းက စရေးလိုက်တာ အခုဆို ၆ နှစ်တောင် ရှိသွားပြီ။ Blogspot ကို မြန်မာနိုင်ငံ က ပိတ်လိုက်တော့ ကိုယ်ပိုင် host ပြောင်းရတယ်။ အဲဒီတော့ saturngod.net ဆိုတဲ့ domain နဲ့ wordpress ကို host လုပ်ပြီး ရေးဖြစ်တယ်။ ဒီကြားထဲမှာ Drupal ကို ပြောင်းပြီးတော့ ရေးဖြစ်ခဲ့သေးတယ်။ သို့ပေမယ့်…More

CSS 3 media queries

ဒီအပတ် အားရင် Design အသစ် ပြန်ရေးမယ်လို့ စဉ်းစားထားတယ်။ ဘာကြောင့်လဲဆိုတော့ CSS3 media queries ကို သဘောကျသွားလို့။ လက်ရှိ blog design က 960gs နဲ့ ရေးထားတော့ css3 media queries နဲ့ သုံးရင် သုံးလို့ ရပေမယ့် လုံးမဝ မလှပ မသေသပ်ဘူးဖြစ်နေတယ်။ WPTouch ကို မသုံးဘူးလားဆိုတော့ မသုံးချင်တော့ဘူး။ WPTouch လိုမျိုး force လုပ်ပြီးတော့ မတူညီတဲ့ Design ၂ မျိုးနဲ့ မပြချင်တော့ဘူး။ mobile site လည်း ဒီပုံစံပဲ မူရင်း site လည်း ဒီပုံမျိုးပဲ ပြချင်တယ်။ အရင်ကတည်းက အဲလိုမျိုး ဖန်တီးချင်ပေမယ့် theme…More

Posterous

ရန်ကုန်ကလူတွေတော့ Posterous ကို သုံးလို့ရမရ မသိဘူး။ Posterous က blogspot လိုမျိုး blog site တစ်ခုပါပဲ။ blog တွေကို လွယ်လွယ်ကူကူ ဖန်တီးလို့ရသလို လှပတဲ့ Theme တွေလည်း တော်တော်များပါတယ်။ Tumblr လိုမျိုး posterous Blog တွေကိုလည်း subscribe ( Follow ) လုပ်လို့လည်း ရပါတယ်။ Why posterous Tumblr ဟာ blogpost ကို လွယ်လွယ်ကူကူနဲ့ တင်လို့ရပါတယ်။ နောက်ပြီးတော့ audio နဲ့ video တွေတင်ရတာ အရမ်းလွယ်ပါတယ်။ Posterous မှာ အကြိုက်ဆုံးအပိုင်းကတော့ blog ရေးသာထက် bookmarklet ပဲ။ ကိုယ်ကြိုက်တဲ့ website တွေကို လွယ်လွယ်ကူကူ bookmark လုပ်လို့ရအောင် ဖန်တီးပေးတာပါ။ ဥပမာ ကြည့်ချင်ရင်တော့ http://saturngod.pulsememe.com မှာ…More

Why blog ?

မနေ့တုန်း အစည်းအဝေးမှာ blog content တွေအကြောင်း ပြောတယ်။ company တစ်ခုရဲ့ blog content က အရေးပါသလို ငွေပေါင်းမြောက်မြားစွာ ရအောင်လည်း ဖန်တီးပေးနိုင်တယ်ဆိုတာလည်း သိလိုက်ရတယ်။ CMS နဲ့ blog က မတူပါဘူး။ ဆင်မယောင်နဲ့ ကွဲပြားပါတယ်။ CMS ဖြစ်တဲ့ joomla တို့ drupal တို့ နဲ့ blog engine ဖြစ်တဲ့ wordpress တို့နဲ့ ပုံစံ သွင်ပြင်ကွာပါတယ်။ အတော်များများက CMS နဲ့ blog မကွဲပြားကြဘူး။More

Add Opensearch in blog

opensearch ဆိုတာကတော့ firefox မှာ အပေါ်ညာဘက်မှာ ပါတဲ့ searchbox လေးကို ပြောတာပါ။ အခု ကျွန်တော့် blog ကို တစ်ခါတည်း လာစရာမလိုပဲ ရှာလို့ရအောင် opensearch ထည့်ထားတယ်။ အဲဒီ ညာဘက် ထောင့်လေး လင်းနေတာကို တွေ့မယ်။ လုပ်ရတာလွယ်လွယ်လေးပါ။ အရင်ဆုံး notepad အရင်ဖွင့်ဖို့လိုတယ်။ opensearch.xml နဲ့သိမ်းလိုက်ပါ။ ပြီးရင်More

Habari ကိုမသုံးသင့်သေး

ဒီရက်ပိုင်း habari ကို စမ်းသုံးဖြစ်တယ်။ ဆိုးတော့မဆိုးဘူးဗျ။ ဒါပေမယ့် ကျွန်တော်တို့တွေ အနေနဲ့ မသုံးသင့်သေးဘူး။ wordpress ကနေပြောင်းမယ်ဆို ပိုဆိုးပေါ့။ သူက wordpress နဲ့တော်တော်ဆင်တယ်။ ဒါပေမယ့်category မပါဘူး။ နောက်ပြီး sidebar widget မပါဘူး။ sidebar ထည့်ရတာ တော်တော်ရှုပ်တယ်။ နောက်ပိုင်းတော့ အဆင်ပြေလာမှာပါ။ အခုတော့ သိပ်အဆင်မပြေသေးဘူး။ အကုန်လုံးကို AJAX နဲ့ သုံးထားတယ်။ 0.6 alpha မှာ menu က ပိုကောင်းလာတယ်။ GUI ပိုင်း idea က ပိုတိုးတက်လာတယ်။ ဒါပေမယ့် theme ပိုင်းမှာ sidebar ကို ကိုယ်တိုင်ထည့်ရတာ ဆိုးတယ်။ HTML နဲ့ php အခြေခံရှိမှ sidebar…More

Second anniversary Saturngod Blog

နိုင်ဝင်ဘာလ ၈ ရက် ၂၀၀၆ ခုနှစ်တွင် ကွန်ပျူတာတက္ကသိုလ် ဟူသော post နဲ့ စတင်ခဲ့သော saturngod blog သည် ၂ နှစ် တိုင်တိုင်ပြည့်ခဲ့ပါပြီ။ ပထမဆုံး အကြိမ် တည်ထောင်ခြင်း saturngod.blogspot.com ဖြစ် blog ကိုစတင်ရေးသားခဲ့သည်။ နည်းပညာနဲ့ UCSY အကြောင်းအဓိက ထားရေးသားခဲ့သည်။ အောက်တိုဘာ ၂၅ ရက် ၂၀၀၇ တွင် blogspot တွေ မြန်မာနိုင်ငံစတင်ပိတ်ပင်ပြီး saturngod.blogspot.com ပျောက်ပျယ်ခဲ့ရသည်။ ဒုတိယအကြိမ် တည်ထောင်ခြင်း အောက်တိုဘာလ 27ရက်နေ့ ၂၀၀၇ တွင် saturngod.myseryzillion.org အဖြစ် wordpress ကို အသုံးပြုကာ တည်ဆောက်ခဲ့သည်။ ထို့နောက် mz hosting အပြောင်အလဲကြောင့် ဒုတိယအကြိမ် ပျက်သုန်းရပြန်ပြီ။…More