Posterous

ရန်ကုန်ကလူတွေတော့ Posterous ကို သုံးလို့ရမရ မသိဘူး။ Posterous က blogspot လိုမျိုး blog site တစ်ခုပါပဲ။ blog တွေကို လွယ်လွယ်ကူကူ ဖန်တီးလို့ရသလို လှပတဲ့ Theme တွေလည်း တော်တော်များပါတယ်။ Tumblr လိုမျိုး posterous Blog တွေကိုလည်း subscribe ( Follow ) လုပ်လို့လည်း ရပါတယ်။

Why posterous

Tumblr ဟာ blogpost ကို လွယ်လွယ်ကူကူနဲ့ တင်လို့ရပါတယ်။ နောက်ပြီးတော့ audio နဲ့ video တွေတင်ရတာ အရမ်းလွယ်ပါတယ်။ Posterous မှာ အကြိုက်ဆုံးအပိုင်းကတော့ blog ရေးသာထက် bookmarklet ပဲ။ ကိုယ်ကြိုက်တဲ့ website တွေကို လွယ်လွယ်ကူကူ bookmark လုပ်လို့ရအောင် ဖန်တီးပေးတာပါ။ ဥပမာ ကြည့်ချင်ရင်တော့ http://saturngod.pulsememe.com မှာ ကြည့်နိုင်ပါတယ်။ နောက်ပြီးတော့ email နဲ့ လွယ်လွယ် post တင်လို့ရပါတယ်။ iPhone အတွက် app ရှိပေမယ့် ipad အတွက်တော့ မရှိသေးပါ။

Feature

Blog က တစ်ခုထက် ပိုပြီး လုပ်လို့ရသလို domain နဲ့လည်း ရေးသားလို့ရပါတယ်။ ကိုယ့်မှာ ကိုယ်ပိုင် domain ရှိရင်လည်း posterous နဲ့ ချိတ်ပြီး သုံးလို့ရပါတယ်။ Autopost function ကလည်း တော်တော် အသုံးဝင်ပါတယ်။ post တစ်ခုတင်လိုက်တိုင်း facebook က profile မှာကော page မှာကော share လို့ရအောင် ဖန်တီးနိုင်သလို twitter မှာလည်း share နိုင်ပါတယ်။ ဒါကြောင့် post အသစ်တစ်ခုတင်တိုင်း ကိုယ် share ချင်တဲ့ sites တော်တော်များများကို share နိုင်ပါတယ်။ နောက်ပြီးတော့ Import ပိုင်းကလည်း တော်တော်အသုံးဝင်ပါတယ်။ အခြား blog တွေကနေ posterous ကို လွယ်လွယ်ကူကူပြောင်းလို့ရအောင်လည်း ဖန်တီးပေးထားတဲ့ အတွက် အဆင်ပြေတယ်လို့ ဆိုရမယ်။

iPad က Pulse News Reader  ကို ဝယ်ဖြစ်သွားတာကလည်း posterous နဲ့ ပေါင်းထားပြီး ကိုယ့်အတွက် pulsememe bookmark site လေးတစ်ခု ဖန်တီးပေးထားတာကြောင့်လည်း ပါပါတယ်။

8 Comments

  1. ကျေးဇူးပါ.. အဆင်ပြေပါတယ် ..အဆင်မပြေတာက subdomin နဲ့ တင်လို့မရဘူး..

  2. အစ်ကို့ဒီ Theme လေး လိုချင်ထှာ အစ်ကို့ဆိုက် Theme လေး မဝတ်တော့ရင်စွန့်နော်

    1. saturngod says:

      my own theme :P

  3. m0rRIs says:

    ဘန်းကျော်ကဘန်းပါသည် :P

  4. zinmyo says:

    မြန်မာက ဘန်းထားတယ်အကို… အဲဒီလိုမျိုး ဘန်းကျော်က မဘန်းတာတွေရှိရင်ပေးပါလား…
    လွယ်လည်းလွယ် အပေါ့စား ကိုယ့် ခံစားချက်လေးတွေ ဘယ်သူမှမပြောပဲ ကို့ ဘလော့ခ်လေးမှာ ရေးချင်ရာရေးလို့ရအောင်လို့ပါ…

    1. saturngod says:

      =( posterous is super easy for blog. Why ban in Myanmar ? >.<

  5. txar says:

    အစ်ကိုလို web site လုပ်ချင်တာ
    အစ်ကို site က ဘယ်လိုလုပ်ထားတာလဲ

    1. saturngod says:

      အခု site ကတော့ wordpress နဲ့ လုပ်ထားတာပါ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.