My.wikipedia.com

အော်… Unicode ဆိုတာနဲ့ ရန်တွေကဖြစ်နေကြပြန်ပြီ.. ကျွန်တော့်အထင်ကတော့ my.wikipedia.org ဆိုတာ ဗဟုသုတအကြောင်းအရာတွေရေးမယ်.. မျှဝေမယ်ပေါ့… အဲဒါကြောင့် အကြောင်းအရာတွေ အများကြီးရှိလာမယ်လို့လည်း မျှော်လင့်ထားတယ်။ အခုတော့…. ခေါင်းစဉ်တွေပဲ.. ဘယ်ဟာက စုံလဲ… ဘယ် အကြောင်းအရာတွေ ပြည့်ပြည့်စုံစုံရှိလဲ… မရှိဘူးဗျ… ခေါင်းစဉ်ပဲရှိပြီး.. အကြောင်းအရာတွေ မရှိ… အနှစ်မရှိပဲ အကာပဲရှိတာနဲ့ တူတယ်ဗျာ… recent changes မှာကြည့်လိုက်လည်း admin request မှာပဲ ပြည့်နေတာပဲ.. ဝင်ရေးတဲ့ အကြောင်းကလည်း မရှိသလောက်ပဲ.. admin တွေကိုယ်တိုင်ကလည်း admin ဖြစ်ရေးနဲ့ admin မပြုတ်ရေးပဲ ဂရုစိုက်နေကြတယ်.. တော်တော်များများကလည်း ဝင်ရေးတာမရှိ.. ခေါင်းစဉ်ပဲရေးပေးတယ်… နောက်ပြီး Talk မှာပဲရေးကြတယ်.. ရန်ဖြစ်ကြတယ်… မူရင်း ရည်ရွယ်ချက်ပျောက်နေတာလား… ဒါမှမဟုတ် စီးပွားရေးလုပ်ဖို့အတွက်ပဲလား… ဘာလုပ်ဖို့လဲ.. မြန်မာအတွက်လား… ကိုယ့်အတွက်လား… စီးပွားရေးအတွက်ပဲ စဉ်းစားနေလို့ ရန်တွေဖြစ်နေတာလား… နောက်ပြီး rendering မရှိတဲ့သူတွေ မသုံးရလား… ဒါဆို ဝမ်းနည်းစရာပဲ.. ကျွန်တော်သုံးတဲ့ ဆိုင်ကတော့ မရဘူး…နောက်ပြီး ဘယ် user တွေကလည်း rendering မရဘူး.. unicode page တွေကြည့်မရဘူး ပြောတာ မကြားရဘူး.. my.wikipedia.org ကို သိတဲ့မြန်မာတွေက ခပ်ရှားရှားပါလား.. သိတာက unicode သမားတွေပဲ.. unicode အတွက်ပဲ ရန်တွေဖြစ်နေတာ… စွယ်စုံကျမ်းကို ဂရုမစိုက်တော့တာလား… ကိုယ့် font ဖြစ်မှ စရေးတော့မှာလား.. စုံလာရင်ကော… ရောင်းစားဖို့ပဲ စဉ်းစားအုံးမှာလား… တကယ် ကောင်းတယ် ပြည့်စုံတယ်ဆိုရင်တော့ လုပ်ပါ.. ကြိုဆိုတယ်… ဒါပေမယ့် စက်တိုင်း လူတိုင်းဖတ်လို့ရအောင်………. rendering မရှိတဲ့စက်တွေ…… စွယ်စုံကျမ်းက လူတိုင်းအတွက်လား………….. admin နေရာလုဖို့လား…………….. ကိုယ်ကျိုးအတွက်လား………. တိုင်းပြည်အတွက်လား………… ဘာအတွက်လဲ………………. လူတိုင်းအတွက်ဆို…………… admin လုနေတဲ့လူတွေကပါ အားပါးတရ ဝင်ရေးကြပါလား………. ကျွန်တော်ကတော့ MZwiki မှာပဲ ရေးတယ်… အကုန်လုံး ငြိမ်းချမ်းသွားပြီ ပြေလည်သွားပြီ… စုစည်းသွားပြီ…. အဲဒီနေ့ဆို ကျွန်တော်လည်း ဝင်ရေးလာမှာပါ…. အခုတော့………..

” အကြာကြီး စုစည်းထားလည်း အချိန်တိုလေးမှာ ကွဲသွားနိုင်တယ်
အချိန်အကြာကြီး ကွဲနေလည်း အချိန်တိုလေးမှာ စုစည်းသွားနိုင်ပါတယ်
နောက်ဆုံးတော့….
ပြီးသွားတော့လည်း ပြီးသွားတာပဲ
အရာအားလုံးဟာ အတင်းအဖျင်း ရယ်မောသံတွေနဲ့အတူ
ပျောက်ကွယ်သွားကြတာပဲ “

5 Comments

  1. Zeyar Kyaw says:

    Hi Saturn,
    Ya, sometime its painful to make a change… If you look back in human history you will understand. How do you think the person can use internet fail to download the standard unicode. :-) . Pls compare standard unicode and Zawgyi, especially not for short term, blog, webpage.. but for a broad range of Natural Language Processing… :-)
    Think from the maker side instead of consumer side… My opinion is , we, Myanmar, all of us are responsible to promote the standard unicode…
    Thanks…

  2. admin says:

    ဘယ် unicode ကို သုံးရမလဲ။ ဘယ် unicode က အမှန်လဲ။ ဘယ်တော့ တိုက်လို့ပြီးမှာလဲ။ ဘယ်တော့ ဒါအမှန်လို့ ပြောလို့ပြီးမှာလဲ။ မြန်မာ ဘယ်နှစ်ယောက်ရဲ့ စက်တွေမှာ rendering ရလဲ။ windows xp ရိုးရိုးကြီးတောင် သုံးနေတဲ့လူတွေရှိတယ်။ rendering သွင်းပုံသွင်းနည်းတွေ တကယ်ကောင်းမွန်တဲ့ convector တွေ ဘယ်တော့ရမှာလဲ။ ဝင်းကနေတောင် unicode ပြောင်းမရတာတော့ မဖြစ်သင့်ဘူး။ မေးခွန်းတွေက tag cloud လို့ဖြစ်သွားလိမ့်မယ်။ ကျွန်တော်ကတော့ ကျွန်တော်ပြောသလိုပါပဲ။

    ” အကြာကြီး စုစည်းထားလည်း အချိန်တိုလေးမှာ ကွဲသွားနိုင်တယ်
    အချိန်အကြာကြီး ကွဲနေလည်း အချိန်တိုလေးမှာ စုစည်းသွားနိုင်ပါတယ်
    နောက်ဆုံးတော့….
    ပြီးသွားတော့လည်း ပြီးသွားတာပဲ
    အရာအားလုံးဟာ အတင်းအဖျင်း ရယ်မောသံတွေနဲ့အတူ
    ပျောက်ကွယ်သွားကြတာပဲ “

    အကုန်လုံးပြီးသွားလို့ ငြိမ်းချမ်းသွားရင် standard တစ်ခုတည်း ဖြစ်လာမှာပါ။ အေးဆေးစွာ စောင့်မျှော်လျက်ပါ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.