Drupal 6.2 က တော့ တော်တော်လေးကို ကောင်းမွန်လာတာကိုတွေ့ရပါတယ်… အထူးသဖြင့် sidebar တွေကို AJAX အသုံးပြုလာတာ တွေ့ရပါတယ်။ Drag & Drop ပေါ့။ တော်တော်လေး လွယ်ကူသွားတယ်။ အရင်ကဆိုရင် တစ်ခုလုပ်လိုက် တစ်ခါ loading ဆွဲလိုက်နဲ့ တော်တော်လေးကို စိတ်ကုန်ဖို့ကောင်းတယ်။ နောက်ပြီး security ပိုင်းမြင့်တင်ထားတယ်လို့ပြောထားပါတယ်။ အဲဒါတော့ ဟုတ်ကောင်းဟုတ်လိမ့်မယ်။ အရင် version က ကျွန်တော့် blog မှာ spam တွေ ဝင်လာတာ မနည်းဘူး။ ဒါကြောင့် comment ကို approve လုပ်ပြီးပဲ လက်ခံခိုင်းထားတာ။ အခုတော့ အစမို့လားမသိဘူး။ spam တွေမဝင်သေးဘူး။ နောက်ပြီး AJAX တွေ တော်တော်များများသုံးထားတာကိုတွေ့တယ်။ summary ကိုလည်း အရင်ကလို code ထည့်စရာမလိုပဲ သီးသန့်အနေနဲ့ Split summary at cursor ပါလာတာကိုတွေ့၇တယ်။

မကောင်းတဲ့အချက်က Template ရှားပါးခြင်းနဲ့ module ရှားပါးခြင်းပဲ။ ဒါကလည်း ဖြစ်နေရိုး ထုံးစံပါ။ version အပြောင်းအလဲမှာ ဒီလိုဖြစ်တတ်ပါတယ်။ version 7 လည်း မကြာခင်ထွက်တော့မယ်လို့သိပါတယ်။ Drupal က CMS တစ်ခုဆိုပေမယ့် blog နဲ့ပိုတူသလိုပဲ။ ဒါပေမယ့်လည်း CMS မှာလို Site ကောင်းကောင်းတစ်ခုကို လွယ်လွယ်ကူကူဖန်တီးနိုင်တယ်။ Joomla က ကောင်းပေမယ့် သုံးရတာ မျက်စိရှုပ်တယ်။

Drupal 6.2 မှာ အရင်သုံးထားတဲ့ template တွေ အချို့ module တွေ သုံးလို့မရတော့ပါဘူး။ အဲမှာ WordPress ကို သဘောကျတယ်။ WordPress 2.5 မှာ တစ်ခါတည်း online ကနေ plugin တွေ ကို Update လုပ်လို့ရတယ်။ ဒီမှာကတော့ အဲလို မပါဝင်သေးဘူးနဲ့တူတယ်။ ဒါမှမဟုတ် ကျွန်တော် သေသေချာချာ မစမ်းရသေးတာလားမသိဘူး။ ကျွန်တော်ကတော့ template ပြောင်းလိုက် ဘေးက sidebar တွေ ပြန်ဖြည့်လိုက်နဲ့ ရှုပ်နေတာပဲ။

One response to “Drupal 6.2”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading