Smalltalk about Java (saturngod & Lupyogyi)

ဒီနေ့ Java အကြောင်းလေးနဲ့ ပတ်သက်ပြီး လူပျိုကြီးနဲ့ ပြောမိဆိုမိတာလေးတွေကို ပြန်တင်ပြလိုက်ပါတယ်။

saturngod : java မှာ hello world အတွက် စာတွေ အများကြီးရေးရတယ်.. (system.out bla bla bla) Python မှာဆိုရင် print (“hello world”) နဲ့တင်ပြီးတယ်.. php မှာဆို echo “hello world”; ဆိုပြီး တိုတိုလေး… java က ဘာလို့ ရှည်နေတာလဲမသိဘူး..

လူပျိုကြီး : ကြည့်ရတာ ဒီရက်ပိုင်း ဂျာဗားနဲ့များ ရန်ဖြစ်ထားသလား ဂျာဗားမကြိုက်ရင် စူပါ သို့မဟုတ် မီကို ပဲသောက်ဗျာ။

saturngod : မကောင်းတာကို မကောင်းဘူးပြောမှာပေါ့ဗျ.. ဟိဟိ… မရေးတတ်လို့ မကောင်းပြောတာမဟုတ်ဘူးနော်.. သင်ဘူးလို့ မကြိုက်တာ.. မသင်ဘူးရင် ကြိုက်ချင်ကြိုက်အုံးမှာ.. ;) အခုတလော nested cafe ပဲ သောက်တာ.. nested condition တွေ အသုံးများနေလို့..

လူပျိုကြီး : သို့ပေမယ့်လည်း သူ့ကိုသုံးရင် အဆင်ပြေတဲ့ နေရာတွေကလည်း ရှိနေလေတော့ မသုံးလို့လည်း မရပြန်ဘူး။ Scriping တွေက နေရာတစ်ကာ သုံးလို့ ရတာမဟုတ်တော့ ဂျာဗားနေရာ ဂျာဗား Script သုံးသင့်တဲ့နေရာ Script ကြည့်သုံးရတာပဲ မဟုတ်လား။ ခင်ဗျားက ဂျာဗားမကြိုက်တာ ကျွန်တော်က ဘယ်ဟာမှမကြိုက်ဘူး အကုန်လုံး မတတ်သာလို့သုံးနေရတာ

saturngod : အွန်… python က script ဟုတ်လို့လားဗျ… PHP က script ဆိုတာလက်ခံတယ်.. ruby ကလည်း script မဟုတ်ဘူး.. python ကော ruby ကော java ထက်သာတယ်.. platform အားလုံးမှာလည်း run လို့ရတယ်.. မရဘူး လာမငြင်းနဲ့ java ဆို ကော်ဖီတောင်မသောက်ဘူး..

လူပျိုကြီး : အမ်.. အဲဒါတွေကို script မဟုတ်ဘူးလို့ ပြောတာ ဒီတစ်ခါပဲ ကြားဖူးတယ်။ http://www.softpanorama.org/Articles/a_slightly_skeptical_view_on_scripting_languages.shtml မှာတစ်ချက် ဖတ်ကြည့်ပါ။

saturngod : ဟုတ်လို့လား.. ဖတ်ကြည့်လိုက်အုံးမယ်.. သိပ်တော့ မကျေနပ်ဘူးဗျ.. စာပြန်ဖတ်ကြည့်လိုက်အုံးမယ်.. ဟုတ်မဟုတ်ကို.. ဒါနဲ့ Python is a general-purpose high-level programming language. Python is often used as a scripting language. လို့ wiki မှာပြောထားတယ်ဗျ။

လူပျိုကြီး : ခက်တော့နေပြီ အတင်းကိုပဲ Script မဟုတ်ကြောင်း သက်သေပြနေတော့တာပဲ။ Architecture ကိုပြင်လို့မရဘူးဗျ အခုနောက်ပိုင်းမှာထွက်တဲ့ Interpreted language တွေကို Script အဖြစ် အမျိုးအစား သတ်မှတ်တယ်ဗျ။ Platform ဆိုတာက ကွန်ပျူတာ တစ်ခုထဲ မဟုတ်ဘူးလေ Java သုံးတဲ့နေရာတွေက ကွန်ပျူတာမှာထက် အပြင်ဘက်မှာပိုတယ် Ubiquitous မှာတော့ Java ကိုမတိုးနိုင်ဘူး Mobile Application/Game တွေရဲ့ အများစုက Java နဲ့ရေးထားရတာ။ Scriping Languages တွေ Mobile ပေါ်မှာ သုံးလို့ရအောင် လုပ်လို့ရတယ် သို့ပေမယ့် အရင်ဟာတွေကို ယှဉ်ဖို့ဆိုတာက အဝေးကြီးမှာ ကျန်သေးတယ်ဗျ။

saturngod : အော်… အဲဒါတော့ သိဘူးဗျ… Interpreted Language ကို script အဖြစ် သတ်မှတ်တယ်ဆိုတာကိုတော့ တကယ်မသိ…  java က mobile software ရေးလို့ရတယ်ဆိုပြီး အလကား ကြီးကျယ်နေတာကို ကြည့်မရတာ… တခြားပိုင်းတွေမှာ python ကို မယှဉ်နိုင်ပါဘူး..

လူပျိုကြီး : ကျုပ်လည်း ကြည့်မရပါဘူး သို့သော်လည်း မသုံးမဖြစ်နေရာတွေ ကြုံမှသုံးရတယ်။

saturngod : ဟုတ်ပါတယ်.. java ကိုတော့ mobile မှာ မဖြစ်မနေ သုံးရတယ်.. .net က windows mobile အတွက်ပဲ အဆင်ပြေတာ… နောက်ပိုင်း iphone တွေအတွက် SDK က သီးသန့်ဖြစ်လာတော့ java mobile ဘယ်လောက်ထိ ဆက်လက်တည်ရှိမလဲဆိုတာကိုတော့ စိတ်ဝင်စားစရာပဲ… google android ကလည်း SDK ကထွက်မယ်ဆိုတော့ java ME က ဘယ်လောက်ထိ ဆက်လက် အောင်မြင်မလဲတော့ မသိဘူး..

လူပျိုကြီး : နောက်ပိုင်းတော့ mobile မှာ Java ရဲ့ Share တွေလျော့ဖို့ ဖြစ်လာနေပါပြီ ဒါလည်းကောင်းပါတယ် Java mobile လည်းရေးမှ မရေးတတ်ပဲကိုး ။ ပြောဖို့မေ့နေတာ ဟိုတစ်ရက်ကပဲ ဂျာဗားရဲ့ ခြေလှမ်းသစ်ကို တွေ့လိုက်သေးတယ် သူလည်း .net framework လိုပဲ jvm မှာ တစ်ခြားဟာတွေကို ပေးသုံးဖို့ ကြံစည်နေပြီ http://www.computerworld.com/s/article/9135576/Java_yields_to_other_languages_on_the_Java_Virtual_Machine ဒါကြောင့် ရှေ့ဘာဖြစ်မယ် သိပ်မှန်းမရပြန်ဘူး။

saturngod : အင်း… သူလည်း ခြေလှမ်းသစ်စသင့်နေပြီ… oracle က ဝယ်ပြီး ဘာမှ မထူးသေးဘူး… အပြောင်းအလဲ တစ်ခုလောက်တော့ လုပ်သင့်နေပြီ.. အစတုန်းကပြောတော့ java OS အထိ လုပ်မလိုလိုနဲ့ အခုတော့ ငြိမ်ချက်သားကောင်းနေပြန်ကော.. JUM ဆိုရင်တော့ .NET နဲ့ အပြိုင်ဖြစ်လာနိုင်တယ်… java က mobile လောက ကို ဘယ်လောက်အထိ ထိန်းချုပ်နိုင်မှာလဲ… အခုက mobile လောကမှာ touch တွေပြောင်းကုန်ပြီ…

saturngod : ကဲဗျာ… နောက်နေ့မှ ဆက်လက်ပြီး အဲဒီ အကြောင်းလေး ဆက်ဆွေးနွေးတာပေါ့ဗျာ။ ကျွန်တော်လည်း စာဖတ်စရာလေးတွေ ရှိသေးလို့။

လူပျိုကြီး : လုပ်ပါလုပ်ပါ ကျွန်တော်လည်း စာဆက်ရေးဦးမယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading