နှိုင်းယှဉ်ချက်
-
Drupal 6.2 က တော့ တော်တော်လေးကို ကောင်းမွန်လာတာကိုတွေ့ရပါတယ်… အထူးသဖြင့် sidebar တွေကို AJAX အသုံးပြုလာတာ တွေ့ရပါတယ်။ Drag & Drop ပေါ့။ တော်တော်လေး လွယ်ကူသွားတယ်။ အရင်ကဆိုရင် တစ်ခုလုပ်လိုက် တစ်ခါ loading ဆွဲလိုက်နဲ့ တော်တော်လေးကို စိတ်ကုန်ဖို့ကောင်းတယ်။ နောက်ပြီး security ပိုင်းမြင့်တင်ထားတယ်လို့ပြောထားပါတယ်။ အဲဒါတော့ ဟုတ်ကောင်းဟုတ်လိမ့်မယ်။ အရင် version က ကျွန်တော့် blog မှာ spam တွေ ဝင်လာတာ မနည်းဘူး။ ဒါကြောင့် comment ကို approve လုပ်ပြီးပဲ လက်ခံခိုင်းထားတာ။ အခုတော့ အစမို့လားမသိဘူး။ spam တွေမဝင်သေးဘူး။ နောက်ပြီး AJAX တွေ တော်တော်များများသုံးထားတာကိုတွေ့တယ်။ summary…
-
Firefox 2 ထွက်ပြီး မကြာခင်မှာပဲ IE 7 ထွက်လာခဲ့ပါတယ်။ ကျွန်တော်က security ပိုင်းနဲ့ပတ်သက်ရင်တော့ သေသေချာချာမသိပါဘူး။ ဒါပေမယ့် user တစ်ယောက်အနေနဲ့ တင်ပြသွားပါမယ်။ Firefox 2 ကို အရင်က ကျွန်တော်သုံးဖြစ်တယ်။ ဘာကြောင့်လည်းဆို သူက GUI Design ကတော်တော်လှတယ်ဗျ။ ဘာကြောင့်လည်းဆို ကြိုက်တဲ့ theme ကိုပြောင်းလို့ရတယ်။ နောက်ပြီး tab တွေနဲ့လည်း အများကြီးဖွင့်ထားလို့ရတယ်။ တခြား plug in အသစ်တွေလည်း download ချပြီးထည့်လို့ရသေးတယ်။ ဒါကြောင့် တော်တော်ကြာသုံးဖြစ်တယ်။ နောက်ပြီး web page တွေကို download ချတဲ့ပုံက IE ထက်စာရင် ပိုကောင်းတယ်ဗျ။ ကျွန်တော်လိုချင်တဲ့ JavaScript တွေကို IE ကနဲ့ယူတာမရပဲ…