Knowledgebase

  • စာကျက်လို့မရမဲ့အတူတူဆိုပြီး ဒါလေးကို ရေးလိုက်တာ…Spam Mail ဆိုတာကတော့ ကိုယ့်ဆီကို ကိုယ့်အတွက် အသုံးမဝင်တဲ့စာတွေ…ကြောငြာတွေရောက်လာတာလို့ဆိုလို့ရတယ်…လူတွေက Spam Mail တွေဘာကြောင့် ပို့ရတာလဲဆို အဓိကက ကြော်ငြာအတွက်…နောက်ပြီး အပျော်သဘောပေါ့…ဒီထက်ဆိုးလာရင် Spam Mail ကို တစ်စောင်ပဲမပို့ပဲ အစောင်ပေါင်းမြောက်များစွာကိုပို့တတ်ပါသေးတယ်… Spam Mail ပို့မယ်..ဘယ်လိုပို့မလဲ…ကိုယ့် Email Address နဲ့ပို့မလား…ပို့ရင်တော့ ကိုယ်သေမှာပဲ…ကိုယ့်ဆီပြန်ပို့ရင် ပြသနာ…ကိုယ့်ဆီလည်း ပြန်မပို့ချင်ဘူး…ကိုယ်ပို့တယ်ဆိုတာလည်း မသိချင်ဘူး…ဒါဆိုဘယ်လိုလုပ်မလဲ…. မပူပါနဲ့…SMTP Email Server တွေရဲ့ အားနည်းချက်နဲ့ လုပ်တာပေါ့…SMTP ဆိုတာ mailပို့ဖို့ အတွက်သုံးတဲ့ Server ပါ…Mail ပို့ဖို့က ဘာလိုလဲဆို ဘယ်သူ့ဆီပို့မှာလဲ…Subject ကဘာလဲ…Message ကဘာလဲ..ဒါပဲလိုတာ…ဘယ်သူကပို့လိုက်တာလဲဆိုတာက optional ပါ…Mail မရောက်ဘူးဆိုတာ ပြန်လာဖို့ပဲသုံးတာ…အဲတော့ ဒါကိုအသုံးချလို့ရမယ်…ဘယ်လိုအသုံးချမလဲ…မပူပါနဲ့…VB6 နဲ့ရေးထားတဲ့ Program လေးရှိပါတယ်…opensoure ပါ….VB6…

  • အဲဒီအကြောင်းကို Internet Journal မှာဖတ်မိလိုက်တော့ ဒီ Topic လေးကို ရေးမိလိုက်တာ…အဲဒီက အကြောင်းလေးတွေကို reference လုပ်ထားပါတယ်..ကျွန်တော်တို့မှာ E-mail ကိုစွဲလမ်းနေတယ်လို့ထင်တယ်…ကျွန်တော်တို့မှာ E-mail ကို တစ်နေ့ကို တစ်ခါထက်မက စစ်နေပါတယ်…အမှန်တိုင်းပြောမယ်ဆိုရင် ကျွန်တော်လည်း E-mail ကို တစ်နေ့ကို ၃ ခေါက်လောက်စစ်ဖြစ်တယ်…ဒါတောင် အနည်းဆုံးပါ…တစ်ခါတစ်လေ ဘယ်နှစ်ခေါက်မှန်းတောင် မသိတော့ပါဘူး..ဘာဖြစ်လို့လည်းဆို သူငယ်ချင်းတွေဆီက စာလာလာတတ်လို့ပါ…တစ်ခါတစ်လေ Inbox ထဲမှာ စာတစ်စောင်မှ မရှိရင် ဘယ်လိုမှန်းမသိဘူး…နည်းနည်းဟာတာတာဖြစ်သွားတယ်…ဘာဖြစ်လို့မှန်းမသိဘူး….အဲ Inbox ထဲမှာ စာတွေက ၃ စောင်လောက်ဆိုရင်ပျော်သွားရော…အဲဒီလို ပျော်သွားခြင်းက ကျွန်တော်တို့ကို စွဲလမ်းခြင်းရောပါဖြစ်စေတာပဲ…ကျွန်တော်တို့ ခရီးသွားတယ်ဆိုရင်တောင် E-mail စစ်လို့ရနိုင်မယ့် နေရာလေးကို ရှာတတ်ကြပါတယ်…ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ဟာ စာတွေမျှော်နေတတ်ပါတယ်…အဲဒီလို စွဲလမ်းမှုဟာ မဖြစ်သင့်ဘူးလို့ကျွန်တော်ထင်ပါတယ်…တနည်းအားဖြင့် ဒါဟာ စိတ်ရောဂါ တစ်မျိုးလို့ထင်တယ်…ဒါကြောင့် ကျွန်တော်…

  • ကျွန်တော်တို့ Youtube video တွေ Download ချလို့ရပါတယ်..http://javimoya.com/blog/youtube_en.php ကနေပြီးတော့ download ချလိုက်ပါ…အဲဒီwebsite မှာ youtube video ရဲ့ ကိုယ်ကြည့်ချင်တဲ့ Address ကို ထည့်လိုက်ရုံပါပဲ…ပြီးရင်သင့်ကို Link တစ်ခုပေးပါမယ်…အဲဒီ Link ကို Download Manager တစ်ခုခုကနေ ချလိုက်ရုံပါပဲ…သူကတော့ getvideo ဆိုပြီး extension မရှိပဲ save လုပ်ပါလိမ့်မယ်..အဲဒါကြောင့် download ချတဲ့ အခါမှာ အနောက်မှာ .flv ဆိုတာလေးထည့်ပေးလိုက်ပါ..getvideo.flv ဆိုပြီးတော့ပေါ့….flv ကို MPEG ပြောင်းဖို့ကတော့ Total Video Converter ကနေပြောင်းလိုက်ပါ… Youtube ကို ပုဂံက ပိတ်ထားပါတယ်.. သူ့လိုမျိုး Metacafe ရှိပါတယ်.. www.metacafe.com ပါ…http://javimoya.com/blog/youtube_en.php မှာ…

  • ကျွန်တော့်ကို တော်တော်များများမေးတယ်ဗျ…. Virus ရေးတတ်လားတဲ့… ကျွန်တော်ကတော့ ပြောတာပေါ့…ရေးတတ်တာပေါ့… ဘယ်လိုရေးလဲ လို့ထပ်မေးပြန်ရော… Window ရဲ့ အားသာချက်တွေက Window ရဲ့ အားနည်းချက်တွေပဲလေ… သူ့မှာပေးထားတဲ့ Feature တွေကနေ တဆင့် virus ကို အလုပ်လုပ်သွားရတယ်.. တနည်းအားဖြင့်ပြောရင်ဗျာ… Virus ဆိုတာ windows ရဲ့ အားနည်းချက်ကို အသုံးချသွားတာပဲ… Windows က လုပ်ခွင့်ပေးလို့လုပ်လိုက်တာ… အဲဒါကြောင့် ကြိုက်တဲ့ Programming နဲ့ရေးရတယ်… Windows အကြောင်းနားလည်ရင်ပြီးရော…အဲလို ပြောလိုက်တော့.. သူတို့တွေလည်း မသိတော့ဘူး…ရှုပ်သွားရော… ကျွန်တော်လည်း ဘယ်လိုရှင်းပြရှင်းပြ Logic ပဲရှင်းပြနိုင်တယ်… source code လိုက်ရှင်းပြဖို့ အခွင့်မသာခဲ့ဘူးဗျ… အခု ကျွန်တော် virus ကောင်းကောင်းလေးတစ်ခုရဲ့ source code နဲ့…

  • MySQL ဟာ Free Database Software တစ်ခုပါ… MySQL ဟာ Free Version တင်မက Enterprise version ပါရှိပါတယ်… အဲဒီဟာကို တော့ ဝယ်ယူရပါတယ်… Free Version ဆိုပေမယ့် မဆိုးဘူးဗျ… Microsoft SQL Sever က မြန်မာနိုင်ငံမှာ ဈေးပေါပေါနဲ့ဝယ်လို့ရတာကို…ဒီတော့ MySQL လို အလကားရတဲ့ဟာကို လူတွေက မသိတော့ဘူး… MySQL က Window မှာရော Linux မှာပါ အသုံးပြုနိုင်တယ်…. PHP အတွက်တော့ အကောင်းဆုံးပဲ… MySQL ကို programming Language တော်တော်များများနဲ့ အသုံးပြုနိုင်အောင် Driver များလည်းရှိတယ်.. ရနိုင်တဲ့ driver တွေကတော့These drivers are…

  • Your Freedom ကိုသုံးမယ် ဆိုရင် Account တစ်ခုတော့ လိုတယ်ဗျ…အခုလတ်တလော မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြသနာက port HTTPS နဲ့သုံးတော့ မရဘူးဖြစ်နေတာပေါ့….HTTP ကိုသုံးပါ…ဒါဆိုရင် ရပါတယ်….နောက်ပြီး Address ကို အမြဲပုံသေမထားနဲ့…ပုံသေဆိုရင် connection ကနှေးသွားရော…၁ လ ၁ကြိမ်လောက်ပြောင်းပေး….ဘာကြောင့်လဲဆို freedom server ကိုကပြောင်းနေတော့…ကိုယ်ပါလိုက်ပြောင်းရတာပေါ့….. ဘယ်လိုပြောင်းရမလဲဆိုရင်…..Freedom ကိုဖွင့်…Configure ကိုဝင်…အောက်မှာ User Wizard ဆိုတာပါတယ်… Next တွေလုပ်သွား….Server ရှာနေတဲ့အချိန် ခဏလောက်စောင့်လိုက်…ပြီးရင် sever တွေက ရွေးတဲ့အခါမှာ HTTP တစ်ခုတည်း support လုပ်တဲ့ဟာပါရင် ရွေးလိုက်…မပါရင် HTTP support လုပ်တာကိုရွေးလိုက်….ပြီးရင် Protocol ကို HTTP ပြောင်းလိုက်…Save And Exit လုပ်….ပြီးရင် Start…

  • IIS ဆိုတာ Internet Information Services ကိုပြောတာပါ။ သူက ဘာတွေလုပ်ပေးသလဲဆိုင် web programming တွေနဲ့ browser တွေကြားမှာ ကြားခံဆောင်ရွက်ပေးပါတယ်။ PHP နဲ့ရေးထားတဲ့ code ကို IIS ကနေတဆင့် browser မှာ HTML ပုံစံပေါ်အောင် တဆင့်ခံပြုလုပ်ပေးတာပါ။ ASP , ASP.NET တို့ code တွေကိုလည်း HTML code ထွက်လာအောင် ကြားခံဆောင်ရွက်ပေးတာပါ။ IIS လိုမျိုး ဟာတွေကတော့ Apache ပဲဖြစ်ပါတယ်။ IIS က windows တွေမှာပဲ အသုံးပြုနိုင်ပြီးတော့ Apache ကတော့ Linux ရော Windows မှာပါသုံးနိုင်ပါတယ်။ နှစ်ခုလုံးက free ရဲ့တဲ့ဟာတွေဖြစ်ပြီး IIS…

  • Unicode ဆိုတာ တကယ်တန်းတော့ international အတွက်ပါ။ ဘာလဲဆိုရင် မင်း English စာဆိုရင် မင်းရိုက်လိုက်တဲ့ စာတွေကို computer ကစာအနေနဲ့သိမ်းထားတာ မဟုတ်ဘူး။ code နံပါတ်နဲ့သိမ်းလိုက်တာ။ A ဆိုရင် 65 ဆိုပြီး သိမ်းပြီး a ဆိုရင်တော့် 91 ဆိုပြီးသိမ်းပါတယ်။ English စာအတွက်က ASCII code ဆိုပြီးရှိပေမယ့် နိုင်ငံတကာအတွက်ဆိုရင် ASCII code ကမလုံလောက်တော့ဘူး။ ဘာဖြစ်လို့လည်းဆို ASCII code က စာလုံးရေ 255 လုံးပဲသိမ်းနိုင်တယ်။ ဒါကြောင့်မို့ နိုင်ငံတကာ အတွက် Unicode ဆိုတာ ပေါ်လာတာ။ Unicode ကစာလုံးရေ အများကြီးဆန့်တယ်။ ကျွန်တော် သေသေချာချာ မမှတ်မိတော့လို့ပါ။ အဲဒီလိုပဲ မြန်မာစာ…